spot_img
Friday, April 18, 2025
More
    spot_img
    Homeသတင်းဘုရားသုံးဆူမှာ ပြန်ပေးထပ်ဆွဲပြီ

    ဘုရားသုံးဆူမှာ ပြန်ပေးထပ်ဆွဲပြီ

    -

    မင်းသုတ – ထိုင်း-မြန်မာနယ်စပ်မြို့၊ ဘုရားသုံးဆူမြို့၌ အမည်မသိလက်နက်ကိုင်အုပ်စုတစ်ခုက ရာဘာခြံစောင့်နှစ်ဦးအား ယနေ့ညနေပိုင်းတွင် ပြန်ပေးဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

    လက်နက်ကိုင် ၁၀ ဦးခန့်ပါဝင်သော၄င်းပြန်ပေးအဖွဲ့သည် ဘုရားသုံးဆူမြို့၊ အမှတ်(၃) ရပ်ကွက်နှင့် ထားဝယ်စုအနီးပတ်ဝန်းကျင်ရှိ နိုင်ထွန်းတင်၏ ရာဘာခြံသို့ဝင်ရောက်လာပြီး ခြံစောင့် ကိုသားပုနှင့် ကိုသီဟတို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

    “ပြန်ပေးငွေဘယ်လောက်တောင်းထားတာ ကျနော်တို့မသိရဘူး၊ အဲဒီပြန်ပေးအဖွဲ့ကို ကျနော်တို့တပ်ဖွဲ့တွေ ခြေရာခံလိုက်နေပြီ” ဟု ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီ အရာရှိတစ်ဦးက ပြောသည်။

    ဘုရားသုံးဆူမြို့၊ မွန်ပြည်သစ်ပါတီလှုပ်ရှားရာနယ်မြေနှင့် နီးစပ်သောဧရိယာတွင် ပြန်ပေးအမှုဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံမွန်ပြည်သစ်ပါတီတပ်ဖွဲ့များ အပူတပြင်းလိုက်လံရှာဖွေနေသည်။

    ယခုလ မေလ(၈) ရက်နေ့တွင်လည်း နိုင်ထွန်းဦးစီးသောပြန်ပေးအဖွဲ့ ဘုရားသုံးဆူမြို့၊ ရပ်ကွက်(၂)တွင် အရပ်သား ၄ ဦးအားပြန်ပေးဆွဲပြီး ငွေဘတ် ၅ သိန်းဖြင့်ရွေးချယ်ရန် တောင်းခံခဲ့သည်။

    “အခုတလောနေ့တိုင်းလိုလိုပဲ အဲဒီပြန်ပေးအဖွဲ့က ကျနော်တို့အုပ်ချုပ်ရေးအကြီးအကဲတွေဆီ ဖုန်းဆက်ပြီးငွေတောင်းနေတယ်၊ ဘယ်အချိန်ပြန်ပေးဖြစ်တော့မှာကို စိုးရိမ်နေရတာပါပဲ” ဟု ရပ်ကွက်(၃) အုပ်ချုပ်ရေးမှူး ဦးအေးကိုက ပြောသည်။

    ဘုရားသုံးဆူဒေသနှင့်အနီးတဝိုက်တွင် မြန်မာစစ်တပ်၊ ရဲ၊ ဌာနေပြည်သူ့စစ်အပြင် နယ်ခြားစောင့်တပ်ရင်း ၂ ရင်း၊ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ KNU နှင့် မွန်ပြည်သစ်လှုပ်ရှားရာနယ်မြေဖြစ်သည်။

    ဘုရားသုံးဆူမြို့ပေါ်၌ ယခုနှစ် ဖေဖေါ်ဝါရီလတွင်တစ်ကြိမ်၊ ယခုမေလတွင် နှစ်ကြိမ် ပြန်ပေးဆွဲမှုများဖြစ်ပေါ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    34,000SubscribersSubscribe
    spot_img

    Latest posts