Homeသတင်းကေအဲန်ပီပီနှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေး သဘောတူ

ကေအဲန်ပီပီနှင့် မြန်မာအစိုးရ အပစ်အခတ်ရပ်စဲရေး သဘောတူ

-

ဂျူရီချိုင်း – ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအဲန်ပီပီ)နှင့် အစိုးရအဖွဲ့တို့ မတ်လ(၇)ရက်နေ့နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့၌ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူလက်် မှတ်ရေးထိုး ခဲ့ကြသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအဖွဲ့တွင် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ကေအဲန်ပီပီအတွင်းရေးမှူး (၁) ဦးခူးဦးရယ် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေးအပါအဝင် အချက်သုံးချက်ကို သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး (၂)ဦးအောင်ဆန်းမြင့်က ပြောသည်။

မြန်မာအစိုးရနှင့် ကေအဲန်ပီပီကိုယ်စားလှယ်တို့တွေ့ဆုံဆွေးနွေးပွဲ(Photo-YPI)
“နှစ်ဦးနှစ်ဖက် အချက် ၃ ချက်နှင့် မူအာဖြင့် သဘောတူလက်မှတ်ရေးထိုးခဲ့တယ်၊ ကျန်ရှိသေးတဲ့ အချက်တွေ ပြန်ညှိနှိုင်းဖို့ရှိသေးတယ်” ဟု သူက ပြောသည်။

နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန်၊ ဆက်ဆံရေးစခန်းကို သဘောတူသည့် သင့်တော်ရာ နေရာ၌ ထားရှိရန်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။

ထိုဆွေးနွေးပွဲတွင် ကေအဲန်ပီပီဘက်က အချက် (၂၀)တင်ပြတောင်းဆိုခဲ့ပြီး အစိုးရဘက်က အချို့ အချက်များကို မူအာဖြင့် သဘောတူလက်ခံခဲ့သည်၊

သို့သော်လည်း ကရင်နီပြည်နယ်အတွင်း စစ်ဆင်ရေးများ အားလုံးကို ရပ်ဆိုင်းရန်၊ တပ်ဖွဲ့ တပ်ရင်းနှင့် တပ်စခန်းများ ထပ်မံတိုးချဲ့ခြင်း မပြုလုပ်ရန်၊ လူထုအား ဝန်ထုပ်ဝန်ပိုး ဖြစ်စေသည့် တပ်စခန်းများကို အပစ်အခတ် သဘောတူညီပြီး နောက် ရက်ပေါင်း (၆၀)အတွင်း ပြန်လည်ရုပ်သိမ်းပေးရန်၊ ကရင်နီ ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများနှင့်

စစ်ဘက်ဆိုင်ရာသင်တန်းကျောင်းတည်ဆောက်မှုများကို ရပ်တန့်ထားရန် အချက်များကို ထပ်မံ ညှိနှိုင်းရန်။ အချို့အချက်များမှာ သမ္မတ ဦးသိန်းစိန်ထံ တင်ပြရန် ရှိသေးသည်ဟု အစိုးရ ကိုယ်စားလှယ်ဘက်က ပြောဆိုကြောင်း ဦးအောင်ဆန်းမြင့်က ပြောသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr.Hanten Feld၊ ဗြိတိသျှသံရုံး ဒုတိယ အတွင်းဝန် Mr. Joe Fisher၊နှင့် အမေရိကန်သံရုံး ကောင်စစ်ဝန် Mr.Andrew Webster တို့လည်း တက်ရောက်ကြသည်။

ကေအဲန်ပီပီနှင့် အစိုးရတို့သည် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲပြုလုပ်ရန် ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့့နှင့် ၂၀၁၂ ဖေဖော်ဝါရီလ ၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တို့တွင် ပဏာမ တွေ့ဆုံဆွေးနွေးခဲ့သည်။

ကေအဲန်ပီပီနှင့် အစိုးရတို့သည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်မှာ မတ်လ ၂၁ ရက်နေ့တွင် အချက် ၁၆ ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြသော်လည်း သုံးလအကြာ ၁၉၉၅ ခုနှစ် ဇွန်လ ၂၉ ရက်နေ့က စ၍ ပြန်လည်ပျက်ပြားခဲ့ကြသည်။

ဆက်စပ်သတင်း

1 COMMENT

  1. ကချင်ကအခုလိုအညံ့ခံသင့်တာကြာပြီ..အခုတော့အေးဆေးဖြစ်သွားပြီပေါ့…

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts