ယခုမြန်မာနိုင်ငံအနေအထားကို အကြမ်းဖျင်းကြည့်မည်ဆိုပါက အခြေအနေပြောင်းလဲနေပြီးဟု ဆိုနိုင်ပေသည်။ နိုင်ငံရေးပြောဆိုဆွေးနွေးမှု လွတ်လပ်လာခြင်း၊ ဒေါ်အောင်ဆန်စုကြည်နှင့်အတူ အခြားသောကျောင်းသားခေါင်းဆောင်များ လွတ်မြောက်လာခြင်း၊ မီဒီယာနှင့်စာနယ်ဇင်းကဏ္ဍများတွင် လွတ်လပ်စွာ ရေးသားပိုင်ခွင့်ရှိလာခြင်းများကို တွေ့ရပေသည်။
ထိုသို့သော ဖြစ်ပေါ်တိုးတက်မှုများသည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အထောက်အကူဖြစ် စေမည်။ သို့ရာတွင် ထိုနိုင်ငံရေးလွတ်လပ်မှုများသည် မြန်မာနိုင်ငံအတွင်းပိုင်း မြို့ကြီးပြကြီးဒေသများ တွင်သာ အဓိကဖြစ်ပေါ်နေပြီး၊ တိုင်းရင်းသားဒေသများတွင်ကား၊ ထိုသို့သော လွတ်လပ်မှုအရိပ်အ ယောင်များ မတွေ့ရသေးပေ။
ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတရပ်သည် မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် ဖြစ်ပေါ်အနေသည့်ပုံစံ မျိုးမဟုတ်ပဲ မြို့ကြီးပြကြီးဒေသများနှင့် နှိုင်းယှဉ်မည်ဆိုပါက တိုင်းရင်းသားဒေသအတွင်း ပြောင်းလဲမှု များသည် နှေးကွေးနေပြီး အချို့ဒေသများတွင် အရိပ်အယောင်ပင် မတွေ့ရသေးပေ။
လက်ရှိအစိုးရသည် လက်နက်ကိုင်တိုင်းရင်းသားအခေါင်ဆောင်များနှင့် တွေ့ဆုံကာ အပစ်အခတ်ရပ်စဲ ရေးအတွက် တွေ့ဆုံဆွေးနွေးနေသည်ကို တွေ့ရပေသည်။ တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကောင်းမွန်သောအလားလာ ဖြစ်ပေသည်။ သို့ရာတွင် တိုင်းရင်းသား ဒေသများမှ တိုင်းရင်းသားများအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မိမိတို့၏ သဘောထားဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် မရသေးပေ။
ဗမာလူမျိုးစုများ နေထိုင်ရာမြို့ကြီးပြကြီးဒေသများအတွင်း လွတ်လပ်မှုတချို့ ရှိပြီိဆိုသော်လည်း၊ ကချင်ပြည်နယ်ဒေသအများအပြားတွင်၊ ကချင်ပြည်သူများမှာ စစ်ပြေးဒုက္ခသည်ဘဝနှင့် နေထိုင်နေရ ဆဲ ဖြစ်ပေသည်။ ကချင်ပြည်သူများအတွက်ကား၊ လွတ်လပ်မှုသည် မိမိတို့အတွက် အဓိပ္ပာယ်မရှိပေ။
တိုင်းရင်းသားဒေသအများအပြားတွင် စစ်မီးခိုးမီးငွေ့များ ဝေနေဆဲ ယခုအစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများအကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲအပေါ်၊ တိုင်းရင်းသားများက ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်များ ထားရှိနေပေသည်။ ငြိမ်းချမ်းရေးနှင့်အတူ လတ်လပ်မှုအရံ့ သာကို ခံစားလိုပေသည်။
ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်ကဲ့သို့သော မြို့ကြီးများတွင် မြန်မာဘာသာနှင့် ထုတ်ဝေသည့် သတင်း၊ ဂျာနယ်အများအပြား ထွက်ရှိနေသည်ကို တွေ့ရပေသည်။ ဤကဲ့သို့သော လွတ်လပ်စွာပြော ဆိုရေးသားပိုင်ခွင့်သည် ဒီမိုကရေစီ၏ အခြေခံပင် ဖြစ်ပေသည်။ ဤအခွင့်အရေးကား တိုင်းရင်းသား ဒေသများအတွင်း မထွန်းကားသေးပေ။
ရွေးကောက်ပွဲမှ အနိုင်ရရှိကာ ပါလီမာန်သို့ ရောက်ရှိနေသော တိုင်းရင်းသားအမတ်များအနေအဖြင့် တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေထိန်းသိမ်းရေးအတွက် ပါလီမာန်တွင် တင်ပြထားသော် လည်း လက်ရှိအစိုးရမှ တိုင်းရင်းသားတို့ဘာသာစကား၊ စာပေရှင်သန် ထွန်းကားရေးကို စိတ်ဝင်စားပုံ မရှိပေ။
တိုင်းရင်းသားဒေသအများအပြားတွင် လက်နက်ကိုင်ပဋိပက္ခ ရှိနေသေးသည့်အတွက် ပြည်သူများ အတွက် လုံခြုံမှုမရှိရုံသာမက မည်သည့်နိုင်ငံရေးလှုပ်ရှားမှုကိုမျှ လွတ်လပ်စွာ မဆောင်နိုင်ပေ။ ထို့အ ပြင် တိုင်းရင်းသားပြည်ဗယ်များတွင်လည်းကောင်း၊ ပြင်ထောင်စုလွတ်တော်တွင်လည်းကောင်း၊ အနိုင် ရ “ကြံ့ခိုင်ရေးပါတီ” ကသာ အများစုလွမ်းမိုးနေသည့်အတွက် တိုင်းရင်းသားအမက်တို့၏ တိုင်းရင်း သားအခွင့်အရေး တောင်းဆိုချက်များကား အရာမရောက်ပေ။ “ကြံ့ခိုင်ရေးပါတီ” နဂိုကတည်းက တိုင်းရင်းသားတို့၏ အခွင့်အရေးအား နားလည်သည့်နိုင်ငံရေးပါတီမဟုတ်သည်နှင့်အညီ၊ ယခုလက်ရှိ ဖြစ်ပေါ်နေသည့် ဖြစ်ပေါ်တိုးတက်မှုများသည် တိုင်းရင်းသားတို့အပေါ် အကျိုးအနည်းငယ်သာရှိကြောင်း တင်ပြလိုက်ရပေသည်။