Homeသတင်းအုန်းဖျန်မီး အိမ်ခြေခြောက်ရာကျော် လောင်ကျွမ်းပျက်စီး

အုန်းဖျန်မီး အိမ်ခြေခြောက်ရာကျော် လောင်ကျွမ်းပျက်စီး

-

ရိုင်မရော့ – ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းတွင် လောင်ကျွမ်းခဲ့သည့်မီးကြောင့် စခန်းအတွင်းရှိ အိမ်ခြေခြောက်ရာကျော် ပျက်စီးသွားကြောင်း စခန်းတွင် နေထိုင်သူတို့က ပြောသည်။

ထိုမီးသည် ယနေ့နေ့လည် ၁၂ နာရီဝန်းကျင်တွင် စတင်လောင်ကျွမ်းခဲ့ပြီး ညနေပိုင်း ၃ နာရီခန့်ထိ လောင်ကျွမ်းနေဆဲဟု စခန်းအတွင်းရှိ ရပ်ကွက် ရ တွင် နေထိုင်နေသူတဦးက ပြောသည်။

၄င်းက “ဘာကြောင့်လောင်တာလဲဆိုတာ ခုထိတော့ မသိသေးဘူး၊ တော်တော်ဆိုးဆိုးရွားရွားလောင်းတာ၊ အိမ်ခြေ ၆၀၀ ကျော်မယ်ထင်တယ်၊ လူတွေက တောင်ပေါ်၊ စခန်းအပြင်ဘက်မှာ နေနေကြတယ်”

စခန်းအတွင်းရှိ ရပ်ကွက် (၆) (၇) (၈) (၉) တို့မှ အိမ်ခြေ ၆ ရာဝန်းကျင် လောင်ကျွမ်းသွားကာ စုစုပေါင်းလူဦးရေး ၂၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည်။

“စခန်းက တောင်တွေ ဝိုင်းထားတယ် အလယ်က စလောင်တော့ ကြည့်လိုက်ရင် မီးခိုးတွေ မီးတွေ အရမ်းကြောက်စရာကောင်းတယ်၊ လူတွေကလည်း တောင်ပေါ် ပြေးတက် တချို့ မီးမရောက်သေးတဲ့နေရာမှာဆို ပစ္စည်းတွေ သယ်ကြ ပြေးကြ” ဟု ဒုက္ခသည်စခန်းရှိ မိလဝီချမ်းက ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် လူအသေအပျောက် ရှိ မရှိ မသိရသေးကြောင်းလည်း မိလဝီချမ်းက ပြောသည်။



အုန်းဖျံစခန်းတွင် ရပ်ကွက်ပေါင်း ၁၆ ခုရှိပြီး ဒုက္ခသည်ပေါင်း ဒုက္ခသည်ပေါင်း ၂၀,၀၀၀ (နှစ်သောင်း) ကျော် နေထိုင်လျက်ရှိသည်ဟု ကရင် ဒုက္ခသည်များကော်မတီ-KRC ၏ ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ အစီရင်ခံစာအရ သိရသည်။ 


အုန်းဖျန်ဒုက္ခသည်စခန်းသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တောင်ဘက် ရ၅ ကီလိုမီတာခန့် အကွာတွင်ရှိပြီး၊ ၁၉၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်တလျှောက်တွင် ဒုက္ခသည်စခန်း ရ ခုရှိပြီး လူဦးရေ တစ်သိန်းလေးသောင်းကျော်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts