spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားကူညီရန် သံရုံးတွင်အစည်းအဝေးပြုလုပ်

    ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားကူညီရန် သံရုံးတွင်အစည်းအဝေးပြုလုပ်

    -

    မင်းသုတ – ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်းကိစ္စနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့၊ မြန်မာသံရုံးဧည့်ခန်းမဆောင်၌ အောက်တိုဘာလ (၁၂) ရက်နေ့ ညနေပိုင်းတွင် အစည်းအဝေးတစ်ရပ်ကျင်းပခဲ့သည်ဟု သိရသည်။

    ဘန်ကောက်မြန်မာသံရုံးအစည်းအဝေးတွင် မြန်မာအရာရှိတစ်ဦးရှင်းလင်းပြောကြားနေစဉ် ( Photo- Min Thi Ha)

    အဆိုပါအစည်းအဝေးတွင် မြန်မာအစိုးရအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်သိန်း၊ ရဲမှူးကြီးဝင်းနိုင်ထွန်းနှင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားအရေးလှုပ်ရှားသည့်အသင်းအဖွဲ့များမှ စိတ်ပါဝင်စားသူ (၁၅) ဦးခန့်တက်ရောက်ခဲ့သည်။

    “မြန်မာအစိုးရအရာရှိတွေအပြောအရ ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း ဆိုတာမူလကရှိပြီးသားလို့ နားလည်မိတယ်၊ ဒါပေမယ့် အဲဒီမှာပါဝင်လှုပ်ရှားခဲ့တဲ့သူတွေ အခုမရှိတော့ဘူး၊ အဲဒါကြောင့် တကယ်ပါဝင်လှုပ်ရှားနိုင်တဲ့လူတွေနဲ့ဖွဲ့စည်းပြီး ထိုင်းဥပဒေနဲ့အကျုံးဝင်အောင် အဖွဲ့အစည်းမှတ်ပုံတင်တွေလုပ်သွားမယ်” ဟု ၄င်းအသင်းပြန်လည်ဖွဲ့စည်းရာတွင် အဖွဲ့ဝင်အဖြစ်ပါဝင်သူ မင်းသီဟက ပြောသည်။

    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းဥပဒေနှင့်အညီအလုပ်သမားအခွင့်အရေးရရှိစေရေး၊ ယာယီပတ်စပို့နှင့်ပတ်သက်သောဗဟုသုတများ၊ အလုပ်ရှင်နှင့်အလုပ်သမား ဆက်ဆံရေးအခြေအနေ တိုးတက်ကောင်းမွန်စေရေးအတွက် အကူအညီများပေးသွားမည်ဟု သူကဆက်ပြောသည်။

    ထို့အတူ ၄င်းအစည်းအဝေးသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ Burma Association in Thailand မှ သတင်းပြန်ကြားရေးနှင့် နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ ကိုမျိုးနိုင်က “ဒီထိုင်းဖက်မှာရှိတဲ့ အလုပ်သမားတွေအတွက်ပဲ ကျနော်တို့စဉ်းစားပါတယ်၊ ဘယ်လိုမျိုးလုပ်ရင် တရားဝင်မယ်၊ လုံခြုံမှုဘယ်လိုရမယ်၊ မြန်မာအလုပ်သမားတွေအတွက် လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေရရှိအောင်ပါ” ဟု ပြောသည်။

    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ယာယီပတ်စပို့လုပ်ငန်း အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် မြန်မာအစိုးရအလုပ်သမားဒုဝန်ကြီး ဦးမြင့်သိန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနကိုယ်စားလှယ်အဖွဲ့တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ (၁၁) ရက်နေ့တွင် ဘန်ကောက်မြို့တွင် တွေ့ဆုံခဲ့ကြောင်း သတင်းဌာနများက ရေးသားဖေါ်ပြခဲ့သည်။

    လက်ရှိထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမား (၂) သန်းခန့်အလုပ်လုပ်နေသည်ဟု ခန့်မှန်းထားကြရာတွင် ယာယီပတ်စပို့ လျှောက်ထားပြီးသူ ၉ သိန်းဝန်းကျင်သာရှိသေးကြောင်း မြန်မာအစိုးရဘက်မှပြောကြားခဲ့သည်။

    ထို့အပြင် ထိုင်းမြန်မာနယ်စပ်များတွင်မက ဘန်ကောက်၊ မဟာချိုင်၊ ချင်းမိုင်မြို့အပါအဝင် မြန်မာအလုပ်သမားအများအပြားအလုပ်လုပ်ကိုင်နေကြသည့် မြို့ကြီး ၅ မြို့တွင် ယာယီပတ်စပို့ထုတ်ပေးရေးရုံးများ ထပ်မံတိုးချဲ့လုပ်ကိုင်သွားရန် ထိုင်းအစိုးရထံ မြန်မာကိုယ်စားလှယ်က တောင်းဆိုထားသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts