Homeသတင်းမွန်ပါတီမှ လျှောက်ထားသည့် အငှားဖုန်း ဆက်သွယ်ရေးဌာနမှ ချပေး

မွန်ပါတီမှ လျှောက်ထားသည့် အငှားဖုန်း ဆက်သွယ်ရေးဌာနမှ ချပေး

-

ကျလွန်းထော – မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် နိုင်လှမောင်က ၎င်းမြို့နယ်ရှိ ပါတီဝင်များအတွက် လျှောက်ထားသည့် CDMA အငှားဖုန်းကို မော်လမြိုင်မြို့ ဆက်သွယ်ရေးဌာနမှ ချပေးပြီ ဖြစ်ကြောင်း သိရသည်။

ပါတီဝင်များ ဆက်သွယ်ရေး လွယ်ကူစေရန်အတွက် ဧပြီလကုန်ပိုင်းတွင် လျှောက်ထားခဲ့ပြီး မေလ ၁၆ ရက်နေ့တွင် ဖုန်း (၄၅) လုံး ချပေးခြင်း ဖြစ်သည်။

“အခုဆိုရင် ကျနော်တို့ ပါတီဝင်တွေ လွယ်လွယ်ကူကူနဲ့ ဆက်သွယ်လို့ ရပြီ၊ သတင်းအချက်အလက်တွေလည်း ပို့ရတာ လွယ်သွားတယ်” ဟု မွန်ပါတီမှ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်အမတ် နိုင်အောင်နိုင်ဦးက ပြောသည်။

အငှားဖုန်း တလုံး ရရှိရန်အတွက် ဆက်သွယ်ရေးဌာနသို့ တသိန်း ငါးသောင်းကျပ် ပေးသွင်းခဲ့ရပြီး၊ ဆက်သွယ်သည့် ပမာဏအပေါ် တမိနစ်လျှင် ၅၀ ကျပ် လစဉ် ပေးသွင်းရမည် ဖြစ်သည်။

“အခုဖုန်းရထားတော့ ဆက်သွယ်ရတာ လွယ်သွားတာပေါ့နော်၊ နောက်လမှာ ပိုက်ဆံ သွားသွင်းရမယ်” ဟု အငှားဖုန်း ရရှိထားသည့် ပါတီဝင်တဦးက ပြောသည်။

ဆက်သွယ်ဌာနမှ ချထားပေးသည့် အငှားဖုန်းများကို လျှောက်ထားသူများက တဆင့် ရောင်းချခွင့် မရှိပဲ၊ ဖုန်းအသုံးပြုသူများ လိုက်နာရမည့် စည်းကမ်းကို မလိုက်နာပါက အချိန်မရွေး ပြန်လည် အသိမ်းခံရမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့က မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မွန်ပါတီက လွှတ်တော်ကိုယ်စားလှယ် ၃ နေရာ အနိုင်ရရှိကာ ကြံ့ခိုင်ရေးပါတီက ၁ နေရာ အနိုင်ရရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts