Saturday, March 14, 2026
More
    spot_img
    Homeသတင်းအခြားဒေသထက် စောပြီး နယ်စပ်တွင် ကြိုတင်မဲ ထည့်ပြီ

    အခြားဒေသထက် စောပြီး နယ်စပ်တွင် ကြိုတင်မဲ ထည့်ပြီ

    -

    ခတ္တာနန်း၊  သူရိန် – ကရင်ပြည်နယ် ဘုရာသုံးဆူမြို့နယ်အတွင်းရှိ  မဲရုံမှူးများ၊ မဲကော်မရှင်များ၊ ရွေးကောက်ပွဲကော်မရှင်များနှင့် ဝန်ထမ်းများအားလုံး ယနေ့နံနက် (၁၀) နာရီမှ ညနေ (၂) နာရီထိ  ကြိုးတင်မဲ ထည့်ကြရသည်။

    နယ်စပ်ဒေသဖြစ်သော ဘုရားသုံးဆူမြို့သည် ဝေးလံပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော မဲဆန္ဒနယ်မြေ ဖြစ်သည့်အတွက် ကြိုးတင်မဲထည့်မည့် သတ်မှတ်ရက်ထက် (၂) ရက်စောကာ ပြုလုပ်ရကြောင်း သိရသည်။

    ကြိုတင်မဲထည့်ပွဲကို ဘုရာသုံးဆူမြို့ မယက ရုံအတွင်း ကျင်းပပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်မှ  ဦးမြင့်စိုး (ပြည်နယ်ပညာရေးမှူး)၊  ဦးစောစံဝင်း (ဥပဒေအရာရှိ) နှင့် ဘုရားသုံးဆူ မယက တို့က ဦးဆောင်ပြုလုပ်ကာ ဝန်ထမ်းဦးရေ (၁၀၀) ကျော် လာရောက်ပြီး ဆန္ဒမဲ ပေးကြသည်။

    “ အများစုက ကြံံ့ဖွံ့ပါတီကိုပဲ ထည့်ပေးကြတယ်” ဟု ကြိုတင်မဲထည့်ခဲ့သည့် ထန်ထမ်းတစ်ဦးက ပြောသည်။

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

    ကြိုတင်ဆန္ဒမဲ ပေးခြင်းနှင့် ပတ်သက်၍ မဲကော်မရှင်နှင့် မဲရုံမှူးများအား ဆက်သွယ်ခဲ့သော်လည်း ဖြေကြားခွင့် မရှိဟု ဆိုကာ ဖုန်းချသွားခဲ့သည်။

    ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၄၅ (ခ)နှင့် နည်းဥပဒေ ၅၁ တို့တွင် အကျုံးဝင်သော မဲဆန္ဒရှင်များမှ ကြို တင်ဆန္ဒမဲ ပေးနိုင်ရန် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများသည် နို၀င်ဘာလ (၅) ရက်နေ့မှ စတင်၍ စိစစ်ဆောင်ရွက်ကြရန် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲများအားလုံးသို့ အကြောင်းကြားထားကြောင်း (၂၀၁၀) ပြည့်နှစ် မတ်လ (၈) ရက်နေ့တွင် ဖြန့်ချိခဲ့သည့် ပြည်တောင်စု မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ရွေကောက်ပွဲ ဥပဒေစာအုပ်တွင် ဖေါ်ပြပါရှိသည်။

    ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒပေးပိုင်ခွင့် ရှိသူများမှာ တပ်မတော်သားများနှင့် အတူနေ အိမ်ထောင်စု၀င်များ၊ မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် သင်တန်းသားများ၊ မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊ အချုပ်ခံနေရသူများ၊ ဆေးရုံသို့ တက်ရောက်နေရသော အတွင်းလူနာများနှင့် အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ ဖြစ်ကြောင်း ၄င်းစာအုပ်တွင် ပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks