spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းထိုင်းထော်ရော် ၃၈/၁ ပြီးလျှင် ယာယီနိုင်ငံကူးလက်မှတ်ထပ်လုပ်ရန်လိုအပ်

    ထိုင်းထော်ရော် ၃၈/၁ ပြီးလျှင် ယာယီနိုင်ငံကူးလက်မှတ်ထပ်လုပ်ရန်လိုအပ်

    -

    မင်းလုံး – မြန်မာအလုပ်သမားများအပါအဝင် နိုင်ငံခြားအလုပ်သမားများအတွက် စမွတ်စခွန်(မဟာချိုင်) ဒေသ၌ ထိုင်းအစိုးရက ၂ လသက်တမ်းရှိ နေထိုင်ခွင့်နှင့် အလုပ်လုပ်ခွင့်လက်မှတ်ကို

    စတင်၍ပြုလုပ်ပေးလျက်ရှိရာ ထိုထော်ရော် ၃၈/၁ လက်မှတ်ပြီးလျှင် အလုပ်သမားမှတ်ပုံတင်ကဒ်နှင့် ယာယီနိုင်ငံကူးလက်မှတ်လုပ်ရမည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

    လွန်ခဲ့သည့် ၂၀ဝ၃-၂၀ဝ၄ ယခင်ဝန်ကြီးချုပ်ဟောင်းတက်ဆင်အစိုးရလက်ထက်၏ အစီအစဉ်အတိုင်း အလုပ်သမားများအတွက် ထော်ရော် ၃၈/၁(ယာယီနေထိုင်ခွင့်) ထုတ်ပေး၍ ဆေးစစ်ချက်အောင်မြင်မှသာလျှင် အလုပ်လုပ်ခွင့်(work permit) ကိုထုတ်ပေး၍ နှစ်နိုင်ငံသဘောတူညီချက် MoU အရ ယာယီနိုင်ငံကူးလက်မှတ်နှင့် တရားဝင်အလုပ်လုပ်ခွင့်ကိုထပ်မံလျှောက်ထားစေလိုကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတစ်ဦး ကိုခိုင် ပြောသည်။

    သူက ” စမွတ်စခွန်ခရိုင်မှာကတော့ တရားမဝင်အလုပ်သမားတွေအများကြီးရှိတယ်၊ အဲဒီလူတွေက ထင်ထင် ပေါ်ပေါ်မနေရဲတဲ့အခါကျတော့ လူကုန်ကူးတဲ့အဖွဲ့တွေ လူမှောင်ခိုဂိုဏ်းတွေ မတရားအမြတ်ထုတ်ခဲ့တာတွေရှိ ပါတယ်၊ အဲဒီမှာ နိုင်ငံတကာစီရင်ခံချက်တွေထွက်လာတဲ့အခါမှာ ထိုင်းအစိုးရက သိက္ခာကျတာကို၊ ဒီတော့ အဲ့ဒါကို နှိမ်နှင်းချင်တဲ့အတွက်ကြောင့် အခုလိုထုတ်ပေးတာပါ” ဟု ပြောသည်။

    ထိုင်းအစိုးရအနေဖြင့် ၎င်းတို့၏နိုင်ငံအတွင်း၌ နိုင်ငံခြားတရားမဝင် အလုပ်သမားများမရှိစေလိုကြောင်း၊ တရားဝင်အထောက်အထားကိုကိုင်ဆောင်သည့် ရွှေ့ပြောင်းအလုပ်သမားများ ၎င်းတို့နိုင်ငံအတွင်းရှိနေသည့်ပြယုဂ်ကို ပြသလိုကြောင်း၊ ထို့အပြင်အခြားသော ခရိုင်နယ်မြေဒေသများအတွင်းရှိ တရားမဝင်အလုပ်သမားများအတွက် ထော်ရော် ၃၈/၁ ကို ဆက်လက်လုပ်ဆောင်ပေးမည့် အစီအစဉ်များကြားသိရကြောင်း သူကဆက်ပြောသည်။

    ထော်ရော် ၃၈/၁ အားလျှောက်ရန်အတွက် လိုအပ်သည့်ကျန်မာရေးအာမခံလက်မှတ်မှာ ၂ လ သက်တမ်း အတွက်ဘတ်ငွေ ၅၀ဝ မှ ၁ နှစ်အတွက် ဘတ်ငွေ ၁၃၀ဝ သတ်မှတ်ထားသည်။

    ယခုထုတ်ပေးသော ထော်ရော် ၃၈/၁ သည် နှစ်လသက်တမ်းအတွင်း တရားဝင်အလုပ်သမားကဒ်နှင့် ယာယီနိုင်ငံကူးလက်မှတ်တို့ကို ပြုလုပ်ရမည်ဖြစ်ပြီး သက်တမ်းကျော်လွန်၍ ယင်းတရားဝင် Permit များကို မပြုလုပ်ရသေးပါက ဥပဒေအရ ဖမ်းဆီးအရေးယူမည်ဟု သိရသည်။

    ရွှေ့ပြောင်းမြန်မာအလုပ်သမားများအားကူညီစောင့်ရှောက်ပေးနေသူ ကိုကျော်သီဟက”အခုချိန် အထိတော့ မြန်မာသံရုံးဘက်က ဘာမှမထုတ်ပြန်ရသေးပါဘူး၊ အခုလုပ်ပေးတာက ၂ လသက်တမ်းပဲရှိတာ ဆိုတော့ ဒီ ၂ လပြီးမှာ ဆက်ပြီးပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

    ထိုင်းအစိုးရက ရက်ပေါင်း ၆၀ အတွင်း အဆိုပါ Permit များကို ထပ်မံပြုလုပ်ရမည်ဟုထုတ်ပြန်ထားပြီး မြန်မာ သံရုံးက အဆိုပါယာယီနေထိုင်ခွင့်လက်မှတ်မှမည်သို့မည်ပုံဆက်လက်လုပ်ဆောင်ရန် သတင်း ထုတ်ပြန်မှုများမတွေ့သေး၍ ထိုရက်ပေါင်း ၆၀ အတွင်း ယာယီနိုင်ငံကူးလက်မှတ် များပြုလုပ်ရာတွင် မပြီးစီးပါက ဖြစ်ပေါ်လာမည့်အခြေအနေများကို မြန်မာအလုပ်သမားများ စိုးရိမ်ပူပင်နေကြကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ထိုင်းစစ်တပ်အာဏာသိမ်းခေါင်ဆောင် ပရာယုချန်အိုချာက ၃ လအတွင်း ကြားဖြတ်အစိုးရဖွဲ့စည်းရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို တစ်နှစ်အတွင်းရေးဆွဲပြီးသည့်နောက် အထွေထွေရွှေးကောက်ပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုင်းရုပ်သံများမှတဆင့် ထုတ်ဖေါ်ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts