Tuesday, March 10, 2026
More
    spot_img
    Homeသတင်းထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှု အရှိန်လျော့ချ

    ထိုင်းအစိုးရ ဆန့်ကျင်ဆန္ဒပြလှုပ်ရှားမှု အရှိန်လျော့ချ

    -

    ထိုင်းအစိုးရအားဆန္ဒပြနေပုံ(Internet)
    ထိုင်းအစိုးရအားဆန္ဒပြနေပုံ(Internet)
    မင်းလုံး – ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၌ အဓိကအချက်အချာကျသည့်လမ်းဆုံများတွင် ပိတ်ဆို့ပြီး ဝန်ကြီးချူပ်ယင်လက်အား ရာထူးမှနုတ်ထွက်ပေးရန် ဆန္ဒပြနေသည့်လှုပ်ရှားမှုများ Bangkok Shutdown ကို အရှိန်လျော့ချလိုက်ပြီး အစိုးရရုံးများ အလုပ်လုပ်မရစေမည့်လှုပ်ရှားမှုမျိုးဖြင့် ဆက်လှုပ်ရှားသွားမည်ဟု ဆန္ဒပြခေါင်းဆောင် Suthep Thaungsuban က ကြေညာလိုက်သည်။

    အစိုးရဆန့်ကျင်ဆန္ဒပြသူများသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့မှစတင်အရှိန်မြှင့်တင်ကာ မြို့တော်အဓိကလမ်းမကြီးများ ကိုပိတ်ဆို့သော Bangkok Shutdown ကိုစတင်ခဲ့ခြင်းဖြစ်သည်။

    ဘန်ကောက်မြို့နေ ကိုသက်ခိုင်က "လာမယ့်အပတ်ထဲမှာ တွေ့ဆုံဆွေးနွေးရေးအတွက် အစိုးရဘက်က ကမ်းလှမ်းထားတာရှိတယ်၊ ဆန္ဒပြပွဲကိုရပ်ဆိုင်းလိုက်တာတော့မဟုတ်ဘူး၊ အခုလိုမျိုးလမ်းတွေကို ပိတ်ပြီးဆန္ဒပြနေတဲ့အတွက်ကြောင့်မို့လို့ ဘန်ကောက်မြို့သားများနဲ့ အခြားအလုပ်သမားများအတွက် ထိခိုက်နစ်နာမှုတွေရှိတာကြောင့် အဘက်ဘက်ကနေစဉ်းစားပြီး အခုလိုဆုံးဖြတ်လိုက်တာဖြစ်တယ်" ဟု ပြောသည်။

    ဆန္ဒပြခေါင်းဆောင် ဆူထစ်က ယင်းကဲ့သို့ကြေညာခဲ့သော်လည်း ၎င်း၏မဟာမိတ်အဖွဲ့များဖြစ်သည့် ဘုန်းကြီးဦးဆောင်သည့်အဖွဲ့များနှင့် တခြားဆန္ဒပြအဖွဲ့များက ပြည်ထဲရေးရုံးအပါအဝင် အခြားဗဟိုအစိုးရအိမ်တော်များကို ဆန္ဒပြသမားများက ဝိုင်းရံလျက် ဆက်လက်ဆန္ဒပြနေသည့်အဖွဲ့များလည်းရှိသည်ဟု ကိုသက်ခိုင်က ဆက်ပြောသည်။

    ဆန္ဒပြသမားများ၏ အဓိက ဆန္ဒပြနေရာ ၄ ခုကို ၁ ခုတည်းဖြစ်အောင် စုစည်းလိုက်ပြီး ၎င်းတို့ပိတ်ဆို့ထားသော အချက်အချာကျသည့် လမ်းဆုံများကိုပြန်ဖွင့်ပြီး ဆန္ဒပြနေရာကို လုံပနီ(Lumpini) ပန်ခြံအရှေ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။

    ဆန္ဒပြခေါင်းဆောင် ဆူထစ်က ဆန္ဒပြလှုပ်ရှားမှုများ အဆုံးသက်တော့မည်ဟု ကြေညာလိုက်သည့်အခါ လမ်းဆုံ၌ဆောက်လုပ်ထားသည့် စင်မြင့်များ၊ သပိတ်စခန်းများကို ဖျက်သိမ်းလိုက်ပြီး ၎င်းတို့၏ဆန္ဒပြခဲ့သည့်နေရာများကို ပြန်လည်ရှင်းလင်းနေကြသည်။

    ဘန်ကောက်မြို့နေ မိမိုး က"ဆန္ဒပြသမားတွေကတော့ တော်တော်လေးကို နည်းသွားပြီး၊ ရုပ်ပျက်ဆင်းပျက် အထိတော့နည်းသွားတာတော့မဟုတ်ဘူး၊ သိသိသာသာထက်ပိုတယ်ပေါ့၊ တချို့လူတွေကလည်း မိသားစု စားဝတ်နေရေးအတွက်ပြန်သွားကြတယ်၊ တချို့တွေကတော့ သေနတ်တွေ ဗုံးတွေကိုကြောက်လို့ပြန်သွားကြတယ်" ဟု ပြောသည်။

    လက်ရှိဝန်ကြီးချူပ် ယင်းလတ်ရှင်နာဝပ်အား ရာထူးမှနုတ်ထွက်ရေးအတွက် အစိုးရဆန့်ကျင်ဆန္ဒပြပွဲကို ဦးဆောင်နေသည့် ခေါင်းဆောင် ဆူထစ် အပါအဝင် ၁၉ ယောက်တို့ကို ဖမ်းဆီးရေးအတွက် ဝရမ်းထုတ်ထားသော်လည်း လက်တွေ့၌ ဖမ်းဆီးခြင်း မရှိသေးပါ။

    ပြီးခဲ့သည့်အပတ်က အပြန်အလှန် လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေး ၄ ဦးသေဆုံးခဲ့ပြီး ဆန္ဒပြပွဲတစ်လျှောက်လုံးတွင် ကလေးအပါအဝင် ဆန္ဒပြသမား ၂၃ ဦး သေဆုံးခဲ့၍ ဆန္ဒပြသမား စုစုပေါင်း ၈၀ဝ ခန့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် နိုင်ငံရေးအကြမ်းဖက်မှုပင်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks