ခတ္တာနန်း၊ မိလယီထော – မွန်အမျိုးသားရေးရာ အဖွဲ့ချူပ် (MAU) ၏ အရေးပေါ် ဗဟိုကော်မတီများ အစည်းအဝေးတွင် လာမည့် မတ်လတွင် မြန်မာနိုင်ငံ အစိုရးမှ သန်းခေါင်စရင်းကောက်ယူမှုနှင့် ပတ်သက်ပြီး မွန်ပြည်နယ်အတွင်း မွန်လူမျိုး စာရင်းမှန် ရရှိရေးအတွက် မွန်နိုင်ငံရေးပါတီများ မွန်လူမှုအခြေပြုအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။
မွန်ပြည်သစ်ပါတီ ဒု-ဥက္ကဌ နာဲဟံသာက “မတ်လအကုန်မှာ သန်းခေါင်စရင်းကောက်တဲ့အခါမှာ မွန်လူမျိုးတွေရဲ့ စာရင်းကို မွန်လူမျိုးထဲမှာပဲ အမှန်တကယ် ပါဝင်လာအောင်၊ တစ်ခြား လူမျိုးတွေရဲ့စာရင်းထဲ မပါရအောင် ဒါကလည်း MAU အတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်နေတယ်” ဟု ပြောသည်။
နိုင်ဟံသာက မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်နေနဲ့ နိုင်ငံရေးပါတီတွေများ၊ လူမှုအခြေပြု အဖွဲ့အစည်းများဖြစ်သည့် CBO အဖွဲ့များနှင့် ဆက်လက် ညှိုနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ပြည်သူလူထုများ သန်းခေါင်စရင်း ကောက်ယူမှုနှင့် ပတ်သက်ပြီး ပိုမိုနာလည်းစေရန်အတွက် လှုပ်ရှားဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုသန်းခေါင်စရင်း ကောက်ယူမှုတွင် အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေသည့် မွန်လူမျိုးများ၏ စာရင်းများလည်း ပါဝင်စေရန်အတွက် ပြည်သူလူထုအနေဖြစ် စာရင်းထည့်သွင်းသွားရန်အတွက် အရေးကြီးကြောင်း ဆက်ပြောသည်။
သန်းခေါင်စာရင်း ကောက်ယူမှုတွင် လူမျိုးစာရင်မှာ ၁၃၅ မျိုးရှိပြီး ကုတ်နံပတ်အနေဖြစ် ထည့်သွင်းသွားရမည် ဖြစ်ကြောင်း မွန်လူမျိုးတို့၏ ကုတ်နံပတ်မှာ ၆၀၁ ဖြစ်ကြောင်း သိရသည်။
အလားတူ ယခုလဆန်းပိုင်းတွင်လည်း ညီနောင်များတိုင်းရင်းသားများ ဖက်ဒရေးရှင်၏ ကြေးညာချက်တွင်လည်း သန်းခေါင်စာရင်း ကောက်ယူမှုတွင် လူမျိုးစာရင်းကြောင့် တိုင်းရင်းသားများအကြား စိတ်ဝမ်းကွဲပြားမှု မဖြစ်စေရန်အတွက် လူမျိုးစာရင်း အမှန်ရရှိစေရန်အတွက် သက်ဆိုင်ရာ တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပြန်လည်ဆွေးနွေး ညှိုနှိုင်းသင့်ကြောင်း ပါဝင်သည်။
မွန်အမျိုးသားရေးရာအဖွဲ့ချုပ် အစည်းအဝေးတွင် မွန်တစ်မျိုးသားလုံး ရသင့်ရထိုက်သည့် အခွင့်အရေးများ ရရှိရန်အတွက် နည်းလမ်းများရှာဖွေးခြင်း၊ မွန်တစ်မျိုးသားလုံးနှင့် သက်ဆိုင်သည့် ညီလာခံတစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် ထိုညီလာခံမှ ရရှိလာသည့် ဆုံးဖြတ်ချက်အတိုင်း ပြုပြင်မှုများ ပြုလုပ်သွားရန်၊ နိုင်ငံတကာအတွင်း ရောက်ရှိနေသည့် မွန်လူမျိုးအချင်းချင်း စုစည်းမှုဖြင့် ပြည်တွင်းရှိ မွန်လူမျိုးများအား ကူညီသွားရန် ဆွေးနွေးခဲ့ကြသည်။
“ရှေ့ဆက်မွန်လူမျိုးတွေအတွက် ဘယ်လိုအစီအစဉ်တွေ ချသင့်လည်း၊ မွန်လူမျိုးတွေအားလုံး ညီညွတ်အောင် ဘယ်လိုကူညီ လုပ်ဆောင် သွားရမယ်ဆိုတဲ့ အချက်တွေကို အဓိကထားပါတယ်” မွန်အမျိုးသားရေးရာအဖွဲ့ချူပ် တွဲဖက်အတွင်းရေးမှု (၁) နိုင်လယီရတ်က ဟု ပြောသည်။ မွန်အမျိုးသားအဖွဲ့ ချူပ်သည် နိုင်ငံရေးပါတီများ၊ လူထုအခြေပြုအဖွဲ့ အစည်းများနှင့် ဖွဲ့ စည်းထားသော်လည်း မွန်လူမျိုးထဲတွင် အမြင့်ဆုံးအာဏာပိုင်အဖွဲ့ အစည်း မဟုတ်ပေ။ အမျိုးသားရေးလုပ်ငန်းကို ညှိုနှိုင်းဆောင်ရွက်သည့် အဖွဲ့ အစည်းသာ ဖြစ်သည်။
မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ၏ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို ယခုလ ဖေဖော်ဝါရီ ၉-၁၀ ရက်နေတွင် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခလပူရီမြို့တွင် ကျင်းပခဲ့ပြီး ဗဟိုကော်မတီအဖွဲ့ဝင် ၃၀ ခန့် တက်ရောက်ခဲ့သည်။
မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ကို လွန်ခဲ့သည့် ၂၀ဝ၄ ခုနှစ်တွင် ကျင်းပသည့် မွန်အမျိုးသားနှီးနှောဖလှယ်ပွဲမှ ဖွဲ့ စည်းကာ စစ်အစိုးရ၏ အုပ်ချူပ်မှုကို ဆန့်ကျင်သည့် မွန်ပြည်သစ်ပါတီ၊ ထိုင်းနိုင်ငံ မွန်လူမျိုးများ၊ ပြည်ပရောက် မွန်လူမျိုးများ၊ ပြည်တွင်းအခြေစိုက် မွန်နိုင်ငံရေးပါတီများ၊ မွန်လူထုအခြေပြုအဖွဲ့ (CBO) များဖြင့် ဖွဲ့စည်းခဲ့သည်။