spot_img
Wednesday, November 19, 2025
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းကို ခွင့်ပြုချက်ရရှိကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာမှာ ဖော်ပြထားသည်။

    မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ နှင့်အညီ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မှတ်ပုံတင်အမှတ် ၁၃ ဖြင့် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ဖော်ပြထားသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ယှဉ် ပြိုင်အရွေးခံရန် ရည်ရွယ်ထားသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ပါတီ၏ ပထမ ခေါင်းဆောင် နိုင်ငွေသိန်း၊ ဒုတိယခေါင်း ဆောင်နိုင်လှအောင်နှင့် ပါတီတံဆိပ် အလံများကိုလည်း အသီးသီး ရွေးချယ်အတည်ပြုထားပြီးဖြစ်ကြောင်း နိုင်ငွေသိန်းက ပြောသည်။

    ပါတီ၏ ရည်ရွယ်ချက်အနေဖြင့် မွန်အမျိုးသားထုတစ်ရပ်လုံးနှင့် မွန်ဒေသတဝှမ်းရှိ တိုင်းရင်းသားများအား ကိုယ်စားပြုကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမင်းနွယ် စိုးက ပြောသည်။

    ”မွန်အမျိုးသားထုတစ်ရပ်လုံးနဲ့ မွန်ဒေသအတွင်းမှာရှိတဲ့ တိုင်းရင်းသားညီ အကိုတွေရဲ့ ရပိုင်ခွင့်အတွက် ဥပဒေ ဘောင်အတွင်းကနေ ကျနော်တို့ ကိုယ်စားပြု ဆောင်ရွက်သွားမယ်” ဟု သူက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီရုံးကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်ရှိ အထက (၁) အနီး လမ်း (၂၀) ရှိ မြေကွက်အမှတ် (၇) မှာ ဖွင့်လှစ်ထားသည်။

    မွန်အမျိုးသားကို ကိုယ်စားပြုမည့် နိုင်ငံရေးပါတီတစ်ရပ် ရှိသင့်သည်ဟု ယုံကြည်သူများက မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအား လိုလားကြပြီး၊ ၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို လက်မခံသူများက ၄င်းပါတီအား ကန့်ကွက်ကြကြောင်း အမြင်ကွဲပြားမှုရှိသည်။

    ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ပြီး အမတ် ၅ နေရာ အနိုင်ရခဲ့သည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေး ခြင်းမရှိပါက ၂၀၁၀ ရွေးကောက်ပွဲကို စဉ်းစားမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်ခြင်းနှင့်ပတ်သက်၍ မှတ်ချက်တစ်စုံ တစ်ရာပေးရန် ထိုပါတီတို့က ငြင်းဆိုကြသည်။

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြုဌာန်းသည့်နေ့ (မတ်လ ၈ ရက် နေ့) မှစ၍ ရက်ပေါင်း ၆၀ (မေလ ၆ ရက်) နေ့ထိ လက်ရှိပါတီများ မှတ်ပုံတင် ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts