spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်အတွက် GSM ရေဒီယိုစခန်းသစ် ၃ ခု တပ်ဆင်ရန်လျာထား

    ရေးမြို့နယ်အတွက် GSM ရေဒီယိုစခန်းသစ် ၃ ခု တပ်ဆင်ရန်လျာထား

    -

    အေမီအောင် – မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ၂၀၁၃-၁၄ ဘဏ္ဍရေးနှစ် GSM ရေဒီယိုစခန်း အသစ် ၃ ခု ထပ်မံတည်ဆောက် တပ်ဆင်ပေးရန် လျာထားသည်ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းသန်း က ပထမအကြိမ် ပြည်သူ့လွှတ်တော် အဌမပုံမှန်အစည်းအဝေးကျင်းပသည့် ၁၈ ရက်မြောက်နေ့(နိုဝင်ဘာ ၄) ရက်နေ့တွင် ပြောသည်။

    ဒုဝန်ကြီးက မွန်အမတ်၏ မေးမြန်းချက်ကို ဖြေကြားစဉ် (ပြည်သူ့လွှတ်တော်)
    ဒုဝန်ကြီးက မွန်အမတ်၏ မေးမြန်းချက်ကို ဖြေကြားစဉ် (ပြည်သူ့လွှတ်တော်)
    ရေးမြို့နယ်တွင် GSM တာဝါတိုင် ၄ တိုင်၊ လမိုင်းမြို့နယ်ခွဲတွင် ၃ တိုင်၊ အစင်စံပြကျေးရွာတွင် CDMA တာဝါတိုင် ၁ တိုင်ရှိသော်လည်း သင်္ဃန်းကျွန်းကျေးရွာနှင့်ခေါဇာမြို့နယ်ခွဲတွင် တစ်တိုင်မျှမရှိ သည့်အတွက် တစ်ရွာနှင့် တစ်ရွာ ဆက်သွယ်ရေးကောင်းမွန်စေရေး တာဝါ တိုင်များ လုံလောက်စွာ စိုက်ထူရန် လိုအပ်နေသည်ဟု ရေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စာလှယ် မိမြင့်သန်းက ယင်းအဌမပုံမှန်အစည်းအဝေးတွင် တောင်းဆိုခဲ့သည်ကိ်ု ဒုတိယဝန်ကြီး ဦးဝင်းသန်းက ပြန်လည်ဖြေကြားခြင်းဖြစ်သည်။

    “ကျမတို့ လမိုင်းမြို့နယ်ခွဲ ကော့ဒွတ်ရွာဆိုရင် အိမ်ခြေ ၁၈၀ဝ ကျော်ခန့်ရှိတယ် တာဝါတိုင် တစ်တိုင်မှမရှိဘူး၊ ဖုန်းဆင်းကဒ်တွေလည်း လတိုင်းချပေးတယ်၊ ဆင်းကဒ်ရှိပြီး ဖုန်းဆက်ဖို့ အခက်ခဲဖြစ်နေတယ်” ဟု မိမြင့်သန်းက ပြောသည်။

    ရေးမြို့နယ်တွင် ကျေးရွာပေါင်း ၉၆ ရွာ၊ လူဦးရေ ၂၃၃၈၃၄ ဦးဖြင့် ဖွဲ့စည်းထားသော မြို့နယ်တစ်ခုဖြစ်ပြီး ကော့ဒွတ်ကျေးရွာ၌ အိမ်ခြေ ၁၈၅၁ အိမ်၊ အိမ်ထောင်စု ၁၈၆၉ စုနှင့် လူဦးရေ ၁၁၁၀၁ ဦးရှိသည်ဟု သူမက ဆက်ပြောသည်။

    ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဝင်းက “ ကျနော်တို့ရွာဆိုရင် ဖုန်းဆက်ရဖို့အရေး အရမ်းကိုခက်ခဲတယ်၊ နေရာတိုင်းမှာ လိုင်းမမိဘူး၊ လိုင်းမိတဲ့နေရာကိုရွေး့ပြီး ဆက်နေရတယ် ” ဟုပြောသည်။

    လာမည့် ဘဏ္ဍာရေးနှစ် တွင် ယင်းမြို့နယ်ခွဲများ၏ ဆက်သွယ်မှု အဆင်ပြေချောမွေ့စေရန် သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းဆွေးနွေးပြီး GSM ရေဒီယိုစခန်းများ ထပ်မံတည်ဆောက် တပ်ဆင်ပေးရေးကို စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

    ရေးမြို့ခံ ကိုဝင်းနိုင်သက်က “ ဖုန်းလိုင်းကတော့အဆိုးကြီးတော့မဟုတ်ဘူး၊ တခါတလေမှာတော့ လိုင်းကပြတ်တယ် အသံပြတ်တယ်၊ ကြားတစ်ချက် မကြားတစ်ချက်ဖြစ်တတ်တယ် ” ဟုပြောသည်။

    မွန်ပြည်နယ်တွင် အောက်တိုဘာလအတွက် မော်လမြိုင် ၆၅၀ဝ ကဒ်၊ကျိုက်ထို ၂၀ဝ၀ ကဒ်၊သထုံ ၂၂၀ဝ ကဒ်၊သံဖြူဇရပ် ၂၀ဝ၀၊ဘီးလင်း ၂၀ဝ၀ ကဒ်၊ မုဒုံ ၂၀ဝ၀ ကဒ်၊ ရေး ၂၀ဝ၀ ကဒ်၊ ပေါင် ၂၀ဝ၀ ကဒ်၊ ကျိုက်မရော ၂၀ဝ၀ ကဒ်၊ ချောင်းဆုံ ၂၀ဝ၀ ကဒ်၊ လမိုင်း ၅၀ဝ ကဒ်၊ ခေါဇာ ၃၀ဝ ကဒ် စသည်ဖြင့် အသီးသီးခွဲဝေခဲ့သည်။

    ၂၀၁၃ ခုနှစ်၊ ဧပြီလမှစတင်၍ ဆက်သွယ်ရေး လစဉ်တန်ဘိုးနည်း မိုဘိုင်းဖုန်းများကို မွန်ပြည်နယ်တွင် သြဂုတ်လ၌ CDMA ၁၀,ဝ၀ဝ ကဒ်၊ GSM ၁၄,ဝ၀ဝ ကဒ် စုစုပေါင်း ၂၄,ဝ၀ဝ ကဒ် ခွဲဝေဖြန့်ဖြူးရောင်းချခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts