Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားဒီမိုကရေစီပါတီ ပဲခူးမြို့နယ် မွန်လူထုနှင့်တွေ့ဆုံဆွေးနွေး

    မွန်အမျိုးသားဒီမိုကရေစီပါတီ ပဲခူးမြို့နယ် မွန်လူထုနှင့်တွေ့ဆုံဆွေးနွေး

    -

    မင်းတော်လဝီ – မွန်အမျိုးသားဒီမိုကရေစီပါတီနှင့်ပဲခူးတိုင်း ပဲခူးမြို့နယ်ရှိမွန်လူထုနှင့်တွေ့ဆုံဆွးနွေးပွဲတရပ်ကို ဇူလိုင်လ၁၄ ရက် နေ့ နံနက် ၉ နာရီအချိန်က ပဲခူးမြို့ ၁၉ ရပ်ကွက် မွန်စံပြရပ်ရှိ ပွန်ထော မွန်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပ သည်။

    ယင်းအခမ်းနားတွင် ပဲခူးမြို့ပေါ်ရှိ မွန်စံပြရပ်၊မဟာစေတီရပ်၊ဥဿာမြို့သစ်၊ကျိုက်ပေါ်ရွာ၊ဘုရားကြီး မြို့နှင့် ပဲခူး မြို့နယ်အတွင်းရှိမွန်လူမျိုးအများစုနေထိုင်သည့်ရွာများမှမွန်လူမျိုး ၂၀ဝကျော်တက်ရောက်ကြသည်ဟုပဲခူးမြို့နယ် မွန်အမျိုးသားဒီမိုကရေစီ အဖွဲ့မှ နိုင်စံယုက ပြောသည်။

    ပဲခူးမြို့နယ်မွန်လူထုနှင့်လာရောက်တွေ့ဆုံသော မွန်အမျိုးသားဒီမိုကရေစီပါတီမှ ဥက္ကဌနိုင်ငွေသိမ်းအပါအဝင် အဖွဲ့ဝင်များဖြစ်သည့် နိုင်ကျော်ဝင်း၊နိုင်ဇော်လတ်၊နိုင်ဝင်းလှိုင်၊ နိုင်ပန်သု တို့အဖွဲ့ လာရောက်ကြသည်။

    “မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်းက ပြည်ထောင်စု ဖက်ဒရယ်စနစ်ပေါ်ပေါက် ရေးကိုဆက်လက် ကြိုးပမ်းသွားရမှာဖြစ်ပြီး မွန်လူထုအနေဖြင့် အကြောက်တရားကင်းကြဖို့ကိုယ့်လူမျိုးရပိုင်ခွင့်များ ကြိုးပမ်းသွား ရမည့် အကြောင်းကိုဒီတွေ့ဆုံပွဲမှာဆွေးနွေး သွားတယ်”ဟုနိုင် စံယုက ပြောသည်။

    ဒါ့အပြင်မွန်ယဉ်ကျေးမှု၊ဂီတဓလေ့ထုံးတမ်းစဉ်လာများကိုထိန်းသိမ်းကာကွယ်သွားရန်၊မွန်လူမျိုးများလူမှုဘဝလုံ ခြုံရေး နှင့် လူနေမှုဘဝမြင့်မားရေးအတွက် မွန်ဒီမိုကရစီပါတီနှင့်အတူပူးပေါင်းဆောင်ရွက်သွားရန်နိုင်ငွေသိမ်းက မှာကြားသည်။

    “အထူးသဖြင့် ပဲခူးတိုင်းမွန်လူဦးရေအမှန်ပေါ်ပေါက်ရေးနဲ့စာရင်းမှန်ကောက်ခံနိုင်ဖို့ကိုမွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ကောက်ခံသွားနိုင်ရန်၊ ဒါမှ ပဲခူးတိုင်းအတွင်း မွန်တိုင်းရင်းသားရေးရာဝန်ကြီး ရရှိနိုင်မှာဖြစ်တဲ့အကြောင်း ယခုအစည်း အဝေးမှာ ဆွေးနွေးပြောကြားသွားတယ်”ဟုနိုင်မောင်ခိုင် ဥက္ကဋ္ဌ ပဲခူးမြို့နယ်မွန်ဒီမိုကရေစီပါတီကပြောသည်။

    မွန်လူဦးရေစာရင်းပြန်လည်ကောက်ခံရေးကို ရန်ကုန်တိုင်းဒေသကြီးတွင် ကောက်ခံသွားမည့်အစီအမံများချမှတ် နေပြီးဖြစ်၍ ပဲခူးတိုင်း ဒေသကြီးမှာလည်းကောက်ခံရန်ရှိသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစီအမံကို လေ့လာရန် ပဲခူးမှ ကိုယ်စာလှယ်နှစ်ဦးကိုတာဝန်ပေးစေလွှတ်ထားပြီး ဟု နိုင်မောင်ခိုင်က ပြောသည်။

    ပဲခူးတိုင်းဒေသကြီး မွန်လူဦးရေ စာရင်းကောက်ခံရေးအတွက်ကို ဇူလိုင် ၂၈ ရက်နေ့မှာ ကျင်းပမည့် ပဲခူးမြို့နယ် မွန်ဒီမိုကရေစီပါတီ လပါတ်အစည်းအဝေး၏ ဆုံးဖြတ်ချက်အတိုင်းဆက်လက် အကောင်အထည် သွားမည်ဟု သိရသည်။

    ၂၀၁၂ ခုနှစ်မေလ ၃၀ ရက်နေ့တွင် မွန်ဒီမိုက ရေစီပါတီ အမည်ဖြင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က နိုင်ငံရေးပါတီ အဖြစ်အသိအမှတ်ပြုခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks