Tuesday, March 10, 2026
More
    spot_img
    Homeသတင်း၁၄ ကြိမ်မြောက် နွေရာသီ မွန်ဘာသာအစိုးရဗုဒ္ဓဘာသာယဉ်ကျေးမှု စာဖြေပွဲကျင်းပမည်

    ၁၄ ကြိမ်မြောက် နွေရာသီ မွန်ဘာသာအစိုးရဗုဒ္ဓဘာသာယဉ်ကျေးမှု စာဖြေပွဲကျင်းပမည်

    -

    မင်းတော်လဝီ – မွန်ပြည်နယ် ရေးမြို့နယ်၏ နွေရာသီကျောင်းပိတ်ရက်အတွင်း မွန်ဘာသာဖြင့် သင်ကြားသော အစိုးရ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မေလ ၂၅ ရက်နေ့တွင် ရေးမြို့ရွှေဆံတော်ဘုရားဓမ္မာရုံတွင် စာဖြေ ဆိုကြမည်ဟု သိရသည်။

    မြန်မာနိုင်ငံသာသနာရေးဌာနမှ သင်ရိုးညွှန်းတမ်းပြဌာန်းချက်များကို မွန်ဘာသာပြန်ပြီး မွန်ဘာသာဖြင့် သင်ကြားကာ မွန်ဘာသာဖြေဆိုရသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို ရေးမြို့နယ်အတွင်းမှ စာ သင်ဌန (၁၄)နေရာရှိပြီး စာသင်သားဦးရေ ၁၅၀ဝ ခန့်ရှိသည်ဟု မြို့နယ်ဗုဒ္ဓဘာသာယဉ် ကျေးမှုအဖွဲ့ နာယကဆရာတော် ရေးမြို့ ဝယ်ဂလယ်ကျောင်း ဆရာတော်ကမိန့်သည်။

    ဆရာတော်က “ရေးမြို့ဗုဒ္ဓဘာသာသင်တန်းကထူးခြားချက်ရှိတယ် သာသနာရေးဦးစီးဌာနက ပြဌာန်း ထားတဲ့ ဗုဒ္ဓဘာသာယဉ်ကျေးမှုညွှန်းတမ်းကို မြန်မာဘာသာမှ မွန်ဘာသာပြန်ပြီး ကျောင်းသားကျောင်း သူတွေကို မွန်ဘာသာသင်ကြားတယ်၊ မွန်ဘာသာနဲ့ဖြေဆိုတာအောင်မြင်တဲ့သူတွေ မြန်မာနိုင်ငံ သာ သနာရေးဦးစီးဌာနက အသိမှတ်ပြုတယ်” ဟု မိန့်သည်။

    နွေရာသီစာဖြေပွဲတွင် ဗုဒ္ဓဘာသာယဉ်ကျေးမှုနှင့် အဘိဓမ္မာဘာသာရပ်များကို အထူးပြုသင်ကြားပြီး သာသနာရေးဦးစီးဌာနမှပြဌာန်းထားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းအတွက် သင်ရိုးညွှန်းတမ်း မြန်မာဘာသာမှ ဗုဒ္ဓဘာသာယဉ်ကျေးမှုဘာသာ၊ မြန်မာစာဘာသာနှင့် အဘိဓမ္မာဘာသာရပ်များ ဖြစ်ရာ မွန်ဘာသာနှင့်သင်ကြားသည်ဟု သိရသည်။

    “အခြေခံ၊ သူငယ်တန်း၊ ပထမတန်းအဆင့်တွေတော့သူ့ရွာနဲ့ သူသင်ကြဖြေကြတယ်၊ အတန်းကြီးတွေ ကရေးမြို့ ရွှေဆံတော် ဓမ္မာရုံမှာပဲ တမြို့နယ်လုံးလာဖြေရမယ်၊ နှစ်စဉ်လည်းဒီနေရာပဲဖြေတယ်” ဟု ဆရာတော်က မိန့်သည်။

    ရေးမြို့ပေါ်ရှိအခြေခံ၊ သူငယ်တန်း၊ ပထမတန်း ဗုဒ္ဓဘာသာယဉ်ကျေးမှု နွေရာသီသင်တန်း၏စာမေးပွဲကို ရေးမြို့ အခြေခံပညာအထက်တန်းကျောင်းအမှတ်(၁)တွင် မေလ ၂၂ ရက်နေ့တွင် ဖြေဆိုရမည်ဟု ဗုဒ္ဓဘာသာယဉ် ကျေးမှုသင်တန်းကြီးကြပ်ရေးအဖွဲ့ မိမာဦးက ပြောသည်။

    “နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုကို မွန်ဘာသာရော မြန်မာဘာသာရော အရင်နှစ်တွေက သင်ပေးခဲ့ တယ် လွန်ခဲ့တဲ့လေးနှစ်လောက်က မြန်မာဘာသာတက်ရောက်သင်ယူတဲ့စာသင်သားဦးရေ နည်းလာ တယ်ဖြေသူလည်းနည်းလို့ နောက်ပိုင်းမှာ မွန်ဘာသာနဲ့ပဲ သင်လိုတာများတယ်ဖြေဆိုတာ များလာ တယ်” ဟု ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်ကြားရေးအဖွဲ့မှ သင်ကြားရေးဦးပဉ္ဇင်း တပါးက မိန့်သည်။

    ဗုဒ္ဓဘာသာယဉ်ကျေးမှုကိုဖြေဆိုပြီးနောက် တစ်လခန့်အကြာအောင်စာရင်းထုတ်ပြီး ယခင်နှစ် က အောင်သည့််စာသင်သား၏ အောင်လက်မှတ်ကို ယခုနှစ်မေလ၂၅ (ကဆုန်လပြည့်ကျော် ၁ ရက်) နေ့နံက်ပိုင်းမှာ ဆုပေးပွဲ အခမ်းအနား ကျာင်းပမှာဖြစ်ပြီး ယခုနှစ်အောင်သည့်စာသင်သားကို နောင်နှစ် မေလ ၂၅ ရက်မှ ဆုလက်မှတ်များကို ချီးမြှင့်သွားမည်ဟု သိရသည်။

    ရေးမြို့နယ် နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၏ သင်ရိုးညွှန်းတမ်း မေးခွန်းလွှာများကို ရန်ကုန်မြို့ ကမ္ဘာအေးသာသနာရေးဦးစီးဌာနမှထုတ်ပြီး စာသင်သားများ၏မွန်ဘာသာဖြင့် ဖြေဆို ထားသောအဖြေလွှာကို ရေးမြို့နယ် ဗုဒ္ဓဘာသာယဉ်ကျေးမှု နာယကဆရာတော်အဖွဲ့မှ စစ်ဆေးပြီး အောင်စာရင်းများကို ကမ္ဘာအေးသာသနာရေးဦးစီးဌာနသို့တင်ပြသည်။ ထိုမှတဆင့်အောင်စာရင်းကို အတည်ပြုထုတ်ပေးသည်ဟု နာယကဆရာတော်က မိန့်သည်။

    ရေးမြို့တွင် ကျင်းပသည့် နွေရာသီ မွန်ဘာသာအစိုးရ ဗုဒ္ဓဘာသာယဉ်ကျေးမှု စာဖြေပွဲကို ယခုအခါ (၁၄) ကြိမ်မြောက် ရရှိခဲ့ပြီးဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks