spot_img
Monday, December 23, 2024
More
    spot_img
    Homeသတင်းရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ နွေရာသီမွန်စာပေ သင်တန်းအတွက် စာအုပ်ပေးလှူ

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ နွေရာသီမွန်စာပေ သင်တန်းအတွက် စာအုပ်ပေးလှူ

    -

    ခတ္တာနန်း – ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) ၏ ပညာရေးထောက်ပံ့မှု အစီးအစဉ်အရ ယခုလ ၁၀ ရက်နေ့ အလုပ်မှုဆောင် အစည်းအဝေးအပြီးတွင် နွေရာသီမွန်စာပေး သင်တန်းအတွက် စာအုပ်ပေးလှူမည့် အစီအစဉ် စတင်အကောင်အထည်ဖော် လုပ်ဆောင်နေပြီး ဖြစ်ကြောင်း တွဲဖက်အတွင်းရေးမှူး မမိုးမိုးက ပြောသည်။

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) မှ နွေရာသီ မွန်စာပေသင်တန်းကျောင်းအား စာအုပ်လှူဒါန်စဉ်
    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း) မှ နွေရာသီ မွန်စာပေသင်တန်းကျောင်းအား စာအုပ်လှူဒါန်စဉ်
    ပညာရေးထောက်ပံ့မှု အစီးအစဉ်အဖြစ် နွေရာသီ မွန်စာပေသင်ကြားရေးတွင် ဗလာစာအုပ်များ စတင် ပေးလှူနေပြီးဖြစ်ကြောင်း သိရသည်။

    “ မုဒုံမြို့နယ်ကနေပြီး စတာ၊ နွေရာသီ မွန်စာပေးသင်တန်းအားလုံးကို ထောက်ပံ့သွားမှာပါ၊ အားလုံး စာအုပ်ရေပေါင်း ၃ သောင်းလောက်ကို လှူဖို့အတွက် မှန်းထားပါတယ်” ဟု တွဲဖက်အတွင်းရေးမှူး မမိုးမိုးက ပြောသည်။

    နွေရာသီ မွန်စာပေးသင်တန်း အတွက် စာအုပ်များကို မော်လမြိုင်မြို့ပေါ် ၃ နေရာအတွက် အုပ်ရေပေါင်း ၂၀ဝ အုပ်၊ မုဒုံမြို့နယ်တွင် အုပ်ရေ ၁ သောင်းခန့်နှင့် သံဖြူဇရပ်မြို့နယ်အတွက် ၁ ထောင်ကျော်ခန့် ပေးလှူပြီး ဖြစ်ကြောင်း သိရသည်။

    စာအုပ်ပေးလှူရန်အတွက် စားအုပ်များကို လိုက်လံပို့ဆောင်ပေးလျှက်ရှိကြောင်းနှင့် ဘီလူးကျွန်း ချောင်းဆုံမြို့နယ်၊ ရေးမြို့နယ်၊ ပေါင်မြို့နယ်၊ သံဖြူဇရပ်မြို့နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင်မြို့နယ်များတွင် ဆက်လက် ပေးလှူလျှက်ရှိသည်။

    ၎င်းက “ ရှင်စောပု အနေနဲ့ မွန်စာပေ သင်ကြားရေးမှာ အထောက်အပံ့တွေ ပေးသွားမယ်၊ ကျောင်းတက်ဖို့ အခက်အခဲ ဖြစ်တဲ့ ကလေးတွေကို ပညာသင် ထောက်ပံ့ကြေးတွေ ပေးသွားမယ်၊ နောက်ပြီး ထူးချွန်တဲ့ ကျောင်းသားတွေကိုလည်း ပညာရည်ချွန်ဆု ဆိုပြီး နှစ်ပိုင်းခွဲပြီး ထောက်ပံ့မှုတွေ ပေးသွားမှာပါ” ဟု ဆက်ပြောသည်။

    ရှင်စောပု(မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)မှ အသင်းသားများ၏ ရာသက်ပန် အလှုငွေများထဲမှ နာရေး ကူညီမှုအတွက် ၅၀ ရာခိုင်နှုန်း၊ ပညာရေးထောက်ပံ့မှုအတွက် ၂၅ ရာခိုင်နှုန်း နှင့် ကျန်းမာရေး ထောက်ပံ့မှု အတွက် ၂၅ ရာခိုင်နှုန်းဖြစ် ခွဲဝေ ထောက်ပံ့သွားမည် ဖြစ်ကြောင်းနှင့် နာရေးကူညီမှုအတွက် မြို့နယ်မှ တိုက်ရိုက် ကိုင်တွယ်သွားမည် ဖြစ်ပြီး ပညာရေးနှင့် ကျန်းမာရေးထောက်ပံ့မှူများကို ဗဟိုမှ စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

    ရှင်စောပု (မွန်အမျိုးသမီးစွမ်းဆောင်ရှင်များအသင်း)၏ ဒုတိယအကြိမ် တွေ့ဆုံပွဲနှင့် ဗဟိုအလုပ်မှုဆောင် ရွေချယ်ပွဲတွင် ချမှတ်ထားသည့် စီမံကိန်းရာထားချက် (၄) ချက်ကို အကောင်းအထည်ဖော် လုပ်ဆောင်လျှက်ရှိပြီး အသင်းသားဦးရေပေါင်း ၁ ထောင်ကျော်ခန့် ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    31,400SubscribersSubscribe
    spot_img

    Latest posts