Thursday, March 12, 2026
More
    spot_img
    Homeသတင်းလက်နက်ကိုင်ခွဲထွက်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတိုက်ပွဲအကြား လူငယ်တစ်ဦးပစ်ခတ်ခံသေဆုံး

    လက်နက်ကိုင်ခွဲထွက်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတိုက်ပွဲအကြား လူငယ်တစ်ဦးပစ်ခတ်ခံသေဆုံး

    -

    ထားဝယ်ခရိုင်ဌာနချူပ် ဝန်းကျင်ဒေသအတွင်း ကျေးရွာတစ်ရွာ
    ထားဝယ်ခရိုင်ဌာနချူပ် ဝန်းကျင်ဒေသအတွင်း ကျေးရွာတစ်ရွာ
    အဇာတာ – မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ထားဝယ်ခရိုင်ဒေသရှိ ကျေးရွာအချို့တွင် နိုင်အလွန်နှင့်အစောင်း ဦးဆောင်သော လက်နက်ကိုင်အဖွဲ့တဖွဲ့က နှစ်စဉ်ကြေးကောက်ခံစဉ် မွန်ပြည်သစ်ပါတီနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ လွန်ခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် လူငယ်တစ်ဦး လက်နက်ထိမှန်ပြီး ရက်များမကြာမီတွင် သေဆုံးသွားကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

    “သေဆုံးသွားတဲ့ကောင်လေးက နှစ်စဉ်ကြေးသွားပေးရင်း ပစ်သတ်ခံရပြီးတော့ မော်လမြိုင်ဆေးရုံကို အရေးပေါ်တင်လိုက်တယ်၊ အဲမှာဆေးကုသရင်းနဲ့ သေဆုံးသွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

    သေဆုံးသူလူငယ်မှာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် အလယ်စခန်းရွာနေ အမိ ဒေါ်မိမိဝင်းနှင့် နိုင်ငြိမ်းတို့၏သားဖြစ်သူ အသက် ၁၇ နှစ်ရှိ မင်းအောင်ဒိန်းသည် တောင်းခံငွေသွားရောက်ပို့ဆောင်စဉ် လက်နက်ကိုင် ငွေကောက်ခံသည့်အဖွဲ့နှင့် မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားရာမှ ထိခိုက်ဒဏ်ရာရခဲ့ပြီး ဇန်နဝါရီလ ၃ ရက်နေ့တွင် မော်လမြိုင်မြို့၌ သေဆုံးခဲ့ခြင်းဖြစ်သည်။

    နှစ်စဉ်ကြေးကောက်ခံသော အဖွဲ့ဝင် ၁၀ ဦးရှိ လက်နက်ကိုင် “နိုင်အလွန်နှင့် အစောင်း” အဖွဲ့နှင့် မွန်ပြည်သစ်ပါတီ ထာဝယ်ခရိုင်မှ တပ်သား ၁၃ ဦးတို့သည် ၂၀၁၂ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟုလည်း မွန်ပြည်သစ်ပါတီ ထာဝယ်ခရိုင် အရာရှိတစ်ဦးက ပြောသည်။

    အထက်ပါ ထိခိုက်သေဆုံးသူကလေးငယ်ကိစ္စအား မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ပြီး ထိုကလေးငယ် အသက်ဆုံးရှုံးမှုအပေါ် သင့်လျော်သော် နစ်နာကြေးများအတွက် မိမိတို့အနေဖြင့် မကြာမီဆုံးဖြတ်ချက်တရပ်ချမှတ်ပေးရမည်ဟု မွန်ပြည်သစ်ပါတီ ထာဝယ်ခရိုင် ဥက္ကဌ နိုင်ဗညားလယ်က ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks