Thursday, March 12, 2026
More
    spot_img
    Homeသတင်းငွေကြေးစာရင်းမရှင်းနိုင်သဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းကော်မတီ တိုင်ကြားခံရ

    ငွေကြေးစာရင်းမရှင်းနိုင်သဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းကော်မတီ တိုင်ကြားခံရ

    -

    မင်းတော်လဝီ – ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထုံးအိုင်ရွာ လျှပ်စစ်မီးရရှိရေးအတွက် ကျေးရွာမီးလင်းရေးကော်မတီက ဒေသခံရွာသားများထံငွေကောက်ခံခဲ့ပြီး စာရင်းမရှင်းနိုင်သဖြင့် ရွာသားများက မြို့နယ်သို့တိုင်ကြားထားကြောင်း သိရသည်။

    မဟာဓါတ်အားလိုင်းတစ်ခု(Internet)
    ငွေစာရင်းရှင်းတမ်းနှင့်ငွေသားလက်ကျန်ကို မရှင်းပြနိုင်သည့်အတွက် မီးလင်းရေးအဖွဲ့ ယခင်ဥက္ကဌဟောင်း ဦးအောင်သောင်းနှင့် လက်ရှိ ဥက္ကဌဦးဘရွှေ တို့အား နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဘားအံမြို့တရားရုံးသို့ တရားလိုအဖြစ် တိုင်ကြားထားသည်ဟု ဦးဆောင်သူ နိုင်ကွန်ဗလိုင်က ပြောသည်။

    “မီးလင်းရေးကော်မတီဥက္ကဌတွေဟာ ကျေးရွာဥက္ကဌတွေပါပဲ၊ ဥက္ကဌအဆက်ဆက်က သူတို့လက် ဆင့်ကမ်းပြီးမရှင်းလင်းခဲ့သည့်ငွေကျပ်၂၇၃ သိန်းကို ကျေးရွာလူထုကိုယ်စား လှယ်တွေနဲ့ မှန်ကန်တဲ့ငွေစာရင်းရှင်းတမ်းနဲ့ ရုံးမှာမျက်နှာချင်းဆိုင်ရှင်းပေးဖို့ ရပ်ကွက် ကိုယ်စားလှယ် တွေကအကြိမ်ကြိမ်တောင်းဆိုခဲ့တယ်”ဟု နိုင်ကွန်ဗလိုင်က ပြောသည်။

    ၂၀ဝ၇ ခုနှစ် မတ်လမစတင်၍ လျှပ်စစ်မီးသွယ်တန်းခြင်း၊ မီးတာဘောက်တပ်ဆင်ခြင်းလုပ်ငန်း များကိုလုပ်ဆောင်ခဲ့သဖြင့် မီးလင်းပြီးဖြစ်သော်လည်း မီးလင်းရေးကော်မတီတို့၌ ငွေကြးကိစ္စအရှုပ်အထွေးများ ဆက်လက်ပေါ်ပေါက်နေသည်ဟုလည်း ရွာခံများက ပြောသည်။

    ထုံးအိုင်ရွာ၏ရပ်ကွက် (၉) ရပ်ကွက်မှ ကောက်ခံထားသည့်ငွေရှင်းတမ်းကိုမပြနိုင်ဖြစ်နေပြီး ယခုအခါငွေသားလက်ကျန်လည်း မရှိတော့ကြောင်း သိရသည်။

    ထုံးအိုင်ရွာ လျှပ်စစ်မီးလင်းရေးအတွက် အိမ်ခြေ(၈၅၁)အိမ်ထောင်စုမှ အိမ်ထောင်စုအလိုက် ပထမအရစ် (၁)သိန်း၊ ဒုအရစ်(၅)သောင်း၊ တအရစ်(၁)သိန်း စုစုပေါင်းငွေကျပ် (၂)သိန်းခွဲကို ကောက်ခံခဲ့ခြင်းဖြစ်သည်။

    ၄င်းကိစ္စနှင့်ပတ်သက်၍ ဥက္ကဌဦးဘရွှေနှင့် မီးလင်းရေးကော်မတီဝင်များကို နိုဝင်ဘာ ၂၉ ရက်နေ့က ထုံးအိုင်ပြည်သူ့ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၀၂)အရစုံစမ်းစစ်ဆေးရေးမှုများပြုလုပ်ခဲ့ ကြောင်းကို ထုံးအိုင်ရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

    ဦးဘရွှေအနေဖြင့် ၄င်းငွေကြေးကိစ္စရပ်များအတွက် ဆက်လက်တာဝန်ယူဖြေရှင်းသွားမည်ဖြစ်ပြီး ကျေးရွာ၏ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် သုံးစွဲထားရသည်ဟုလွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks