Thursday, March 12, 2026
More
    spot_img
    Homeသတင်းမွန်ခွဲထွက်ခေါင်းဆောင်နေအိမ်ကို ချိတ်ပိတ်ရန်ထပ်မံလာရောက်

    မွန်ခွဲထွက်ခေါင်းဆောင်နေအိမ်ကို ချိတ်ပိတ်ရန်ထပ်မံလာရောက်

    -

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – မွန်ခွဲထွက်အဖွဲ့ ဥက္ကဋ္ဌ နိုင်စိုက်ချမ်း၏ မော်လမြိုင်မြို့ရှိနေအိမ်ကို အိမ်ပိုင်ဆိုင်မှုအငြင်းပွားပြဿနာ အကြောင်းပြ၍ ယမန်နေ့နံနက်တွင် မွန်ပြည်နယ်တရားရုံးက ချိတ်ပိတ်ရန်ထပ်မံလာရောက်ခဲ့သည်ဟု သိရသည်။

    င်စိုက်ချမ်းနေအိမ်သို့ ရဲလုံခြုံရေးနှင့် အာဏာပိုင်များ ဧပြီလတွင်ဝင်ရောက်ခဲ့စဉ်(IMNA)
    ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်ခန့်တွင် ၄င်းနေအိမ်၌ မွန်သံဃာတော် ၃၀ ပါးအား ဆွမ်းကျွေးပွဲအလှူပြုလုပ်နေစဉ် ရဲလုံခြုံရေးဝန်ထမ်းများနှင့်အတူ တရားရုံးအရာရှိများ လာရောက်ခဲ့ကြပြီး တစ်ဖက်နှင့်တစ်ဖက်အပြန်အလှန် စကားအငြင်းခုံဖြစ်ခဲ့ကြသည်ဟု နိုင်စိုက်ချမ်းက ပြောသည်။

    ၎င်းက “လာတဲ့ပုံစံက အရင်လိုလူမိုက်တွေငှားလာတာမရှိဘူး၊ ကျနော်တို့မှာလည်း သံဃာတော်တွေ၊ တက္ကသိုလ်ကျောင်းသားတွေ၊ လူငယ်တွေနဲ့ စည်စည်ကားကားအလှူပွဲလုပ်နေတဲ့အချိန်နဲ့ တိုက်ဆိုင်နေတော့ သူတို့လက်လျှော့ပြီး ပြန်သွားကြတယ်” ဟု သူကဆက်ပြောသည်။

    ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်တွင်လည်း ရဲလုံခြုံရေးအင်အား ၅၀ ခန့်နှင့်အတူ ၄င်းနေအိမ် သော့ခလောက်အား ရိုက်ဖျက်၍ချိတ်ပိတ်ရန်ကြိုးစားခဲ့သော်လည်း နိုင်စိုက်ချမ်း၏ လုံခြုံရေးအဖွဲ့က နေအိမ်အတွင်းသို့ ဝင်ခွင့်မပြုခဲ့ပေ။

    “ဒီအိမ်ကို မူလပိုင်ရှင်နဲ့ သူ့သားသမီးတွေဆီက သက်ဆိုင်ရာတရားရုံးမှာ သဘောတူလက်မှတ်ရေး ထိုးပြီး တရားဝင်အိမ်ဂရမ်နဲ့ကျနော်ဝယ်ယူခဲ့တာဖြစ်တယ်၊ မူလပိုင်ရှင်နဲ့ သူတို့ဖြစ်ခဲ့တဲ့နောက်ကြောင်း ပြဿနာက သူတို့ဖာသာ ရှင်းယူကြ၊ တရားရုံးတွေရဲ့ မမှန်မကန်ဆုံးဖြတ်မှုကြောင့် အိမ်တစ်အိမ်မှာ ပိုင်ရှင်နှစ်ဦး အနေအထားသဘော သက်ရောက်နေတယ်” ဟု နိုင်စိုက်ချမ်းက ပြောသည်။

    မော်လမြိုင်မြို့ရှိ အစိုးရဌာနဘဏ်သို့ ပေါင်နှံဆုံးရှုံးထားသည့် မဆလခေတ်ဒေသပါတီယူနစ်အဖွဲ့ဝင် ဦးသိန်းအောင်တင် ပိုင်ဆိုင်သည့် နေအိမ်ကို သက်ဆိုင်သည့်ဘဏ်၊ ဦးသိန်းအောင်တင်နှင့် သားသမီး ၄ ဦးထံမှ တရားဝင်သဘောတူ ဝယ်ယူခဲ့သည်ဟု ၄င်းကပြောသည်။

    “ဒီ ၂ နှစ်နီးပါးကာလမှာ ဒီလိုချိတ်ပိတ်ဖို့လာရောက်တာဟာ ၆ ကြိမ်ရှိသွားပြီ၊ လက်ရှိတော့ ထောင်ကလွတ်လာတဲ့ နိုင်ယက္ခနဲ့မိသားစုဝင်တွေ၊ မွန်ပြည်သစ်ရဲဘော်အချို့ကိုလည်း နိုင်စိုက်ချမ်းနေခွင့်ပြုထားတာ တွေ့ရတယ်” ဟု ၄င်းဖြစ်စဉ်အား ကိုယ်တိုင်သွားရောက်သတင်းယူခဲ့သူ မော်လမြိုင်အခြေစိုက် သံလွင်တိုင်းမ်းဂျာနယ်အယ်ဒီတာ မင်းမင်းနွယ်က ပြောသည်။

    အခင်းဖြစ်ပွားသည့်နေအိမ်မှာ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ဈေးကြို-ဖက်ခင်းရပ်၊ ငန်းတေးလမ်း အိမ်အမှတ် (၅၀)ဖြစ်ပြီး အခြားတစ်ဖက်မှအိမ်ကိုပိုင်ဆိုင်ကြောင်း ဆိုလာသူမှာ မော်လမြိုင်မြို့ပေါ်ရှိ သရဲလေးကောင်ဂိုဏ်ခေါင်းဆောင်တစ်ဦးဖြစ်သူ အပ္ပရောင်း (ခေါ်) မောင်အေးဟု သိရှိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks