Saturday, March 14, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကျင်းပ

    မော်လမြိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကျင်းပ

    -

    အဇာတာ – အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကို မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ဟိုတယ်၌ ယနေ့မွန်းလွဲပိုင်းတွင် စတင်ကျင်းပခဲ့သည်ဟု အခမ်းအနားဖြစ်မြောက်ရေး ပြန်ကြားရေးတာဝန်ခံ ကိုကြည်ဇော်လွင်ကပြောသည်။

    အခမ်းအနားသို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ(AMDP)၊ မွန်ဒီမိုကရေစီပါတီ(MDP) မွန်ပြည်သစ်ပါတီ(NMSP) ၊ ကရင်တိုင်းရင်းသားပါတီနှင့် NLD ပါတီအဖွဲ့ဝင်များ စုစုပေါင်း ၃၀ဝ ခန့် တက်ရောက်ခဲ့သည်။

    “ကချင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့စစ်ပွဲပဲဖြစ်ဖြစ်၊ ဘယ်ဒေသမှာဖြစ်ဖြစ် ကျွန်တော်တို့နှင့် သက်ဆိုင်တယ်၊ မွန်ပြည်နယ် ပြည်သူလူထုတွေစုစည်းပြီး ဒီစစ်ပွဲတွေရပ်တန့်ဖို့အတွက် ပြုလုပ်တာဖြစ်တယ်” ဟု ကိုကြည်ဇော်လွင်က ဆက်ပြောသည်။

    ထို့အပြင် မော်လမြိုင်မြို့ပေါ်ရှိ စာပေယဉ်ကျေးမှုအသင်းများ၊ လူမှုအသင်းအဖွဲ့များ၊ တက္ကသိုလ်ကျောင်း သား/သူများအပြင် အခြားနိုင်ငံရေးပါတီဝင်များလည်း တက်ရောက်ခဲ့သည်။

    [vslider name=”peacemlm”]

     

     

    “ကျွန်တော်တို့က တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အနယ်နယ်အရပ်ရပ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအားလုံးရပ်တန့်စေဖို့ မွန်ပြည်နယ်ရဲ့အသံနှင့် တောင်းဆိုပြုလုပ်သွားတာပါ” ဟု ကိုကြည်ဇော်လွင်က ပြောသည်။

    အခမ်းအနား၌ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်းက ငြိမ်းချမ်းရေးအတွက် တစ်ဖက်နှင့်တစ်ဖက် ဗြဟ္မစိုရ်တရားထားရှိသင့်ကြောင်း အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ဟောပြောမှုအစီအစဉ်နောက်ပိုင်း မိုးပျံပူပေါင်းလွှတ်တင်ခဲ့ကြစဉ် ကရင်စာပေယဉ်ကျေးမှုအသင်း၏ ဒုန်းယိမ်းအကများနှင့်အတူ တစ်နိုင်ငံလုံး ဖြစ်ပေါ်နေသော စစ်ပွဲများရပ်ဆိုင်းရေး ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

    အလားတူအပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အခမ်းအနားကျင်းပ၍ ကျောက်မဲ၊ တောင်ကြီး၊ မန္တလေးနှင့် ရန်ကုန်မြို့များတွင် ပြည်တွင်းစစ်ပွဲရပ်တန့်ရေးတောင်းဆို ခဲ့ကြသည်။

    ယနေ့လှုပ်ရှားမှုတွင် ရန်ကုန်မြို့တွင်းစုပေါင်း လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ခြင်းသည် ခွင့်ပြုချက်နှင့် ပြုလုပ်ခဲ့ခြင်း မဟုတ်သည့်အတွက် ဦးဆောင်ပြုလုပ်သူများကို တရားဥပဒေအရ အရေးယူသွားမည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထောက်များကို ပြောကြားခဲ့သည်။

    အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် နေပြည်တော်ရှိ သမ္မတရုံး၊ ကာချုပ်ရုံး၊ လွှတ်တော်ရုံးများသို့ သွားရောက်ဆန္ဒဖော်ထုတ်မည့်သူများအား သက်ဆိုင်ရာမှခွင့်ပြုချက်မပေးသောကြောင့် အစီအစဉ်အချို့ပြောင်းလဲကျင်းပခဲ့ရသည်ဟုလည်း မြန်မာသတင်းဂျာနယ် အင်တာနက်သတင်းများ၌ ရေးသားဖေါ်ပြကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks