spot_img
Sunday, October 12, 2025
More
    spot_img
    Homeသတင်းအမြန်ရေယာဉ်ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းထား

    အမြန်ရေယာဉ်ပြေးဆွဲမှု ခေတ္တရပ်ဆိုင်းထား

    -

    ထားဝယ်-မြိတ်-ကော့သောင်းသို့ ပြေးဆွဲနေသည့် အမြန်ရေယာဉ်များ

    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ရာသီဥတုအခြေအနေနှင့် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကိုတားဆီးရန် ထားဝယ်-မြိတ်-ကော့သောင်းသို့ ပြေးဆွဲနေသည့် ကမ်းရိုးတန်းအမြန်ရေယာဉ်များ ခေတ္တရပ်နားထားရသည်။

    “မိုးကြီး လေကြီးလာရင် ဒီလိုပဲ အမြန်ယာဉ်ပြေးဆွဲတာတွေတို့ ရေလုပ်ငန်းလုပ်သူတွေကို ရပ်နားခိုင်းတာရှိတယ်၊ ဘာလို့လဲဆိုတော့ လှေမှောက်တာတွေရှိတယ်လေ ဒီလိုမိုးတွင်းမှာဆိုရင်” ဟု ကော့သောင်းမြို့ခံတစ်ဦးက ပြောသည်။

    ကော့သောင်းအာဏာပိုင်များကလည်း ယခုလို ရာသီဥတုအခြေအနေကြောင့် ရေယာဉ်ပြေးဆွဲမှု ခေတ္တခဏရပ်ဆိုင်း ပိတ်ပင်ထားသလို ထိုင်းနိုင်ငံသို့ ပွဲစားမှတဆင့် တရားမဝင်ခိုးဝင်နေသူများကို ဖော်ထုတ်ရန်အတွက် အခမသင့်လျှင် ရေယာဉ်ပြေးဆွဲကို တားဆီးပိတ်ပင်မှုများရှိနေသည်။

    ထိုင်းနိုင်ငံသို့ ပွဲစားအစီအစဉ်ကြောင့် တရားမဝင်ခိုးဝင်နေကြသည့် ရွေ့ပြောင်းအလုပ်သမားများ တင်ဆောင်လာသည့်လှေငယ်များ တနင်္သာရီတိုင်ကော့သောင်းနှင့် ထိုင်းနိုင်ငံ ရနောင်းကြားတွင် လှေနစ်မြုပ်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ကော့သောင်းအာဏာပိုင်တို့က လူကုန်ကူးမှုပပျောက်ရန်အတွက် လူဝင်လူထွက်စစ်ဆေးမှုများ ပြုလုပ်လျှက်ရှိနေသည်။

    “ကော့သောင်းကို ဘယ်လမ်းကနေဝင်လာဝင်လာ ကိုယ်က ကော့သောင်းဒေသခံမဟုတ်ဘူးဆိုရင် မလွယ်ဘူး စစ်ဆေးလို့ မိရင် အဖမ်းခံရတာပဲ၊ တကယ်လို့ ကိုယ်က သွားမယ့်အိမ်လိပ်စာအတိအကျရှိမယ် သက်သေအထောက်အထားရှိနေရင်တော့ အကြောင်းမဟုတ်ဘူးပေါ့၊ ဟိုတုန်းကလိုမဟုတ်တော့ဘူး တော်တော်တင်းကြပ်တယ် အခုက လှေခဏ ခဏမှောက်နေတော့ ပိုဆိုးတာပေါ့” ဟု ထိုင်းနိုင်ငံမှ ရနောင်းဒေသခံတစ်ဦးက ပြောသည်။

    ထားဝယ်-မြိတ်မှ ကော့သောင်းသို့ ဝင်လာသည့် လူရာနှင့်ချီ တင်ဆောင်လာသည့် အမြန်ယာဉ်များကို ကော့သောင်းဆိပ်ကမ်းတွင် ဌာနဆိုင်ရာအဖွဲ့တို့မှ စစ်ဆေးမှုပြုလုပ်ပြီး ကော့သောင်း နေရပ်လိပ်စာ အတိအကျပြောနိုင်သူများကိုသာ သွားခွင့်ပြုပြီး ကော့သောင်းဒေသခံမဟုတ်ဘဲ တဘက်ကမ်း ထိုင်းနိုင်ငံသို့ ခိုးဝင်မည့် မသင်္ကာသူများကို ဖမ်းဆီးထိန်းချုပ်ထားကာ ပြန်လည်ပို့ဆောင်လေ့ရှိသည်။

    ကော့သောင်းမြို့သည် ထိုင်းနိုင်ငံသို့ တရားမဝင်ခိုးဝင်သူများ အားထားရသည့် ဝင်ပေါက်တခုဖြစ်သည့်အလျှောက် နေပြည်တော်မှ တင်းကြပ်သည့်အမိန့်ဖြင့် လူပွဲစားများအပါအဝင် ထိုင်းနိုင်ငံသို့ ခိုးဝင်ရန်ကြိုးပမ်းနေသည့် ရွေ့ပြောင်းအလုပ်သမားများ လုံးဝသွားလာမရအောင် စစ်ဆေးမှုတင်းကြပ်ထားသည်။ အခြေအနေမကောင်းပါက ကော့သောင်းသို့ ဝင်လာနေသည့် အမြန်ယာဉ်ပြေးဆွဲမှုကိုပါ ရပ်တန့်ခိုင်းသည်။

    ထားဝယ်-မြိတ်-ကော့သောင်းသို့ ပြေးဆွဲနေသည့်အမြန်ရေယာဉ်များ ပို့ဆောင်ရေးအတွက် နေ့ချင်းရောက် ပို့ဆောင်ပေးနိုင်သည့် လမ်းကြောင်းတခုဖြစ်သည့်အလျှောက် ခရီးသွားများ လုပ်ငန်းရှင်များအတွက် အားကိုး အားထားရသည့် လမ်းကြောင်းတခုဖြစ်သည်။

    ယခုလပိုင်းအတွင်း ရာသီဥအခြေအနေကြောင့် ရေကြောင်းပို့ဆောင်ရေးသာမက ရေလုပ်ငန်းတချို့လည်း ခေတ္တခဏလုပ်ငန်းရပ်ဆိုင်းထားရကြောင်း weekly eleven ဂျာနယ်မှာ ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    37,400SubscribersSubscribe
    spot_img

    Latest posts