Wednesday, March 11, 2026
More
    spot_img
    Homeသတင်းလုံခြုံရေးအခြေအနေကြောင်း မြဝတီဒေသရှိ နယ်စပ်ဂိတ်များ ပြန်မဖွင့်နိုင်သေး

    လုံခြုံရေးအခြေအနေကြောင်း မြဝတီဒေသရှိ နယ်စပ်ဂိတ်များ ပြန်မဖွင့်နိုင်သေး

    -

    ထိုင်း-မြန်မာနယ်စပ်၊ မြဝတီဒေသရှိ နယ်စပ်ဂိတ်များကို ထိုင်းနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်ပေးသော်လည်း တိုက်ပွဲများကြောင့် ကူးသန်းသွားလာမှု မလုပ်ဆောင်နိုင်သေးကြောင်း မြဝတီဒေသခံများမှ သိရသည်။

    ယမန်နေ့ နိုဝင်ဘာ ၉ ရက်နေ့အထိ မြဝတီမြို့အနီးရှိ ဖလူးလေးအပါအဝင် မင်းလက်ပံ၊ ကျော်ဝါးဘိုတောင်ကြောဘက်တွင် စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည်။

    ထို့ကြောင့် ကူးသန်းရောင်းဝယ်မှုလုပ်ဆောင်ရန် မြဝတီမြို့တောင်ဘက်ရှိ မြဝတီ-မဲဆောက် ကမ်းကူးဂိတ်ငယ် ၈ ခုထက် မနည်းမှ ၂ ခုသာ ပြန်လည်အသုံးပြုနိုင်သေးကြောင်း ဒေသခံများကပြောသည်။

    “သေဘောဘိုးနဲ့ အမိုးပြာပဲ ဖွင့်တာပါ။ ၅ ဘတ်တန်ဂိတ်နဲ့ ဖလူးဂိတ်က တရုတ်တွေကြောင့် ပိတ်ထားတုန်းပဲ။ ဒီ နှစ်ဂိတ်ကတော့ အဓိက အရပ်သားတွေပဲသုံးတယ်လေ။ ဒါတောင် ထိုင်းဘက်ခြမ်းမှာ စစ်သားတွေက စစ်တယ်။ အရပ်သားတွေကတော့ သွားခွင့်ပြုပါတယ်။ ကျန်တဲ့နေရာတွေက လက်နက်ကြီးတွေလဲကျသေးတော့ ပိတ်ထားတုန်းပဲ”ဟု မြဝတီမြို့ နယ်ခံတစ်ဦးက ပြောပြသည်။

    နိုဝင်ဘာလအတွင်း မြန်မာစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တို့ကြား တိုက်ပွဲအတွင်း ပစ်ခတ်သည့် လက်နက်ကြီးအချို့ ထိုင်းနိုင်ငံအတွင်းကျရောက်ကာ ဒေသခံအချို့ ဒဏ်ရာရရှိခဲ့သည်။

    ထို့ကြောင့် ထိုင်းစစ်တပ်က ဒေသခံများအသုံးပြုနေသည့် နယ်စပ်ဂိတ်များကို ဒီဇင်ဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ပိတ်ထားခဲ့ရာမှ ဒီဇင်ဘာ ၈ ရက်နေ့က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

    သို့သော်လည်း မင်းလက်ပံကျေးရွာအနီး စစ်ရေးတင်းမာနေသည့်အတွက် ကရင်လက်နက်ကိုင်များဘက်မှ နယ်စပ်သွားလာခွင့်ကို ပိတ်ထားသလို ကျားဖြန့်အလုပ်သမားများ ကြောင့်လည်း ဂိတ်များကို ဆက်လက်ပိတ်ဆို့ထားရကြောင်း သိရသည်။

    အဆိုပါ ပိတ်ဆို့မှုကြောင့် နယ်စပ်နေဒေသခံအချို့ သွားလာရေး အနည်းငယ် ခက်ခဲသော်လည်း ထိုင်းစစ်ဆပ်ဘက်မှ ကူညီပေးနေကြောင်း သိရသည်။

    ထိုင်းနိုင်ငံအတွင်းအထိ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်နေသည့် မင်းလက်ပံဒေသတိုက်ပွဲအခြေအနေသည် ထိုင်း-မြန်မာ နယ်စပ်ဒေသခံများအတွက် စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိနေကြောင်းလည်း ကရင်အမျိုးသားအစည်းအရုံး(KNU) မှ ဒီဇင်ဘာ ၅ ရက်နေ့ ရက်နေ့က သတိပေး ထုတ်ပြန်ထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks