spot_img
Friday, November 21, 2025
More
    spot_img
    Homeသတင်းကြိုတင်ဆန္ဒမဲပေးရန် တက္ကသိုလ်ကျောင်းသားများ ဖိအားပေးခံနေရဟုဆို

    ကြိုတင်ဆန္ဒမဲပေးရန် တက္ကသိုလ်ကျောင်းသားများ ဖိအားပေးခံနေရဟုဆို

    -

    စစ်ကော်မရှင်ဦးဆောင်ပြီး ကျင်းပမည့်အထွေထွေရွေးကောက်ပွဲအတွင်း ကြိုတင်ဆန္ဒမဲပေးရန် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဖိအားပေးခံနေကြောင်း ကျောင်းသား၊ ကျောင်းသူများနှင့် နီးစပ်သူများထံမှ သိရသည်။

    အခြားပြည်နယ်နှင့်တိုင်းဒေသကြီးများသို့  တက္ကသိုလ်၊ ဒီဂရီကောလိပ် သွားရောက်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့မဲစာရင်းပါရှိရာ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ မနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း စစ်ကော်မရှင် UEC မှ ကြေညာထားသည်။

    တက္ကသိုလ်၊ကောလိပ်များသို့ ကျောင်းအပ်နှံရာတွင် ကြိုတင်ဆန္ဒမဲပေးထားသည့် အထောက်အထားများ ယူဆောင်ရမည်ဖြစ်သည့်အပြင် ကျောင်းသားကျောင်းသူများ၏ နေအိမ်အထိ ကိုယ်ရေးအချက်အလက်များကို အုပ်ချုပ်ရေးအဖွဲ့များ လိုက်လံကောက်ယူနေခြင်းကြောင့် မဖြစ်မနေ ကြိုတင်ဆန္ဒမဲပြုနေရကြောင်း ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

    “မဲပေးထားမှ ကျောင်းသားတွေ ကျောင်းအပ်လို့ရမယ်လို့လည်း ကြားနေတယ်။ အတိအကျ ထုတ်ပြန်ချက်တော့ မတွေ့ဘူး။ အဲ့ကြောင့် တက္ကသိုလ်ကျောင်းသားတွေက စိုရိမ်ပြီး မဲမပေးချင်လဲ ပေးနေရတယ်” ဟု ပေါင်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦး ကဆိုသည်။

    ပေါင်မြို့နယ်တွင် ကြိုတင်ဆန္ဒမဲ စတင်လက်ခံသည့် နိုဝင်ဘာ ၁၇ ရက်နေ့မှစပြီး ယနေ့အထိ တက္ကသလိုလ်ကျောင်းသူ/သား အယောက် ၃၀ ကျော်ခန့်က ကြိုတင်မဲပေးဆောင်ပြီးဖြစ်ကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှုးအဖွဲ့နှင့် နီးစပ်သူများမှ သိရသည်။

    ကျိုက်ထို၊ ဘီးလင်း၊ ချောင်းဆုံနှင့် သံဖြူဇရပ်မြို့နယ်မှ ကျေးရွာများတွင်လည်း တက္ကသိုလ် ကျောင်းတက်နေသည့်ကျောင်းသား၊ ကျောင်းသူများ၊ ဘွဲ့ရပြီးစီးသူများ၏ ကိုယ်ရေး အချက်အလက်များကို နေအိမ်အထိလာရောက်တောင်းခံမှုများ ရှိနေသည် ဟု သိရသည်။

    “ပြီးခဲ့တဲ့ အပတ်ကစပြီး ရွာဘက်မှာ အချက်အလက်တွေ ကောက်နေတယ်။ အဓိကတော့ တက္ကသိုလ်ကျောင်းတက်နေသည့်ကျောင်းသား၊ ကျောင်းသူများတွေရဲ့ အချက်အလက်ပေါ့။ ပြီးရင် ဘွဲ့ရထားသူတွေရဲ့ အချက်အလက်တွေကိုလည်း လိုက်မေးနေတယ်” ဟု ချောင်းဆုံမှ တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆိုသည်။

    တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကြိုတင်ဆန္ဒမဲမပြုလိုသော်လည် ပညာရေးကိစ္စထိခိုက်လာမည်ကို စိုးရိမ်နေကြသည်။

    သို့သော် တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ ကျောင်းအပ်နှံရာတွင် ကြိုတင်ဆန္ဒမဲပေးထားသည့် အထောက်အထားပါ ယူဆောင်လာရမည်ကို ညွှန်ကြားထားခြင်းမရှိကြောင်း  စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဘီဘီစီကို တုန့်ပြန်ပြောဆိုထားသည်။

    စစ်ကော်မရှင် အထွေထွေရွေးကောက်ပွဲအား ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပသွားမည်ဖြစ်ပြီး၊ မွန်ပြည်နယ်တွင် အပိုင်း(၁)အနေဖြင့် ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနှင့် ကျိုက်မရောမြို့နယ်တို့တွင် ကျင်းပပြုလုပ်သွားမည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,000SubscribersSubscribe
    spot_img

    Latest posts