Tuesday, March 10, 2026
More
    spot_img
    Homeသတင်းမြန်မာလုပ်သားများအတွက် CI မှ PJ သို့ ပြောင်းလဲထုတ်ပေးနေသည့် ယာယီအချက်အလက်ကောက်ယူရေးဌာန ခေတ္တရပ်ဆိုင်းမည်

    မြန်မာလုပ်သားများအတွက် CI မှ PJ သို့ ပြောင်းလဲထုတ်ပေးနေသည့် ယာယီအချက်အလက်ကောက်ယူရေးဌာန ခေတ္တရပ်ဆိုင်းမည်

    -

    ထိုင်းနိုင်ငံရောက် အထောက်ထားမဲ့ မြန်မာများရွှေ့ပြောင်းလုပ်သားများ မြန်မာနိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် Certificates of Identification (CI) မှ နိုင်ငံကူးလက်မှတ်( PJ ) သို့ ပြောင်းလဲ ထုတ်ပေးနေသည့်ဌာနကို ခေတ္တရပ်ဆိုင်းမည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့က ဘန်ကောက်အခြေစိုက် မြန်မာသံအရာရှိရုံးက ထုတ်ပြန်ထားသည်။  

    လာမည့် နိုဝင်ဘာ ၁၅ ရက်နေ့တွင် စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ CI မှ PJ သို့ ပြောင်းလဲထုတ်ပေးနေသည့် ယာယီအချက်အလက်ကောက်ယူရေးဌာနခွဲ Temporary Data Collection Centre – TDCC ကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ထို့ကြောင့် CI စာအုပ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်သို့ ပြောင်းလဲလျှောက်ထားခွင့်များ ယာယီရပ်တန့်သွားမည်ဖြစ်ကြောင်း သိရသည်။

    TDCC ဌာနကို ရပ်နားရသည့်အကြောင်းအရင်းကို အတိအကျမသိရှိရသေးသော်လည်း စာအုပ်ပြောင်းလိုသည့် မြန်မာအလုပ်သမားများအနေဖြင့် အချိန်ကာလတစ်ခုအထိစောင့်ဆိုင်းကြရန် CI နှင့် နိုင်ငံကူးလက်မှတ် အကျိုးဆောင်တစ်ဦးက IMNA သို့ ပြောသည်။

    ပုံ-Migrant Times 

    “ကျနော်တို့လည်း သေချာမသိဘူး၊ ဘယ်ချိန်ထိပိတ်မလဲဆိုတာ။ သူတို့ထုတ်ပြန်မှ သိရတာ။ ရသွားတဲ့သူတွေတော့ ကံကောင်းတာပေါ့လေ၊ ကျန်ခဲ့သူတွေကတော့ ပြန်ဖွင့်မဲ့အချိန်ကို စောင့်ရမယ်”ဟု ၎င်းက ဆိုသည်။

     နိုင်ငံကူးလက်မှတ်ထုတ်ယူရန် ကျန်ရှိနေသော မြန်မာအလုပ်သမားများအနေဖြင့် နိုဝင်ဘာလ ၁၅ ရက် မတိုင်မီ လာရောက်ထုတ်ယူကြရန် မြန်မာအလုပ်သမား သံအရာရှိရုံးက အသိပေးထားပြီး TDCC ဌာနအား ပြန်လည်ဖွင့်လှစ်ပေးမည့်ရက်ကိုလည်း အသိပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

    ၎င်းအပြင် သက်တမ်းကုန်ဆုံးတော့မည့် CI စာအုပ်များ၏ သက်တမ်းတိုး လုပ်ငန်းစဉ်များကို ဒီဇင်ဘာလ ၂၁ ရက်နေ့ထိ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရဘက်က ကြေညာထားသည်။

    ယခုကာလအတွင်း ထိုင်းအစိုးရမှ ၎င်းတို့အကျိုးအမြတ်ရရေးအတွက်သာ ဦးစားပေးဆောင်ရွက်လာစဉ် မြန်မာလုပ်သားများနှင့်နည်းတူ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နန်လုပ်သားများ အခွင့်အရေးဆုံးရှုံးမှုများနေပြီး ပြင်ဆင်ဆောင်ရွက်မှုများ လုပ်ဆောင်ထားရန်လိုအပ်ကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ JACBA မှ ဥက္ကဦးမိုးကြိုးက IMNA နှင့် ဆက်သွယ်မေးမြန်းချက်တစ်ခုတွင် အကြံပြုပြောဆိုထားသည်။

    "မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နန်လုပ်သားတွေ ဒီအချိန်မှာ ငွေကြေးစုဆောင်းရမယ်၊ ထိုင်းဘက်ကဖြစ်စေ မြန်မာဘက်စေ နှစ်နိုင်ငံရဲ့အချက်အလက် စာရွက်စာတမ်းအားလုံးကို စုဆောင်းထားရမယ်၊ နောက်တစ်ခုက ခိုင်မာအားကောင်းတဲ့ သတင်းဌာနက သတင်းတွေကိုလည်း စုဆောင်းရမယ်၊ Facebook နဲ့ Tiktok ကသတင်းတွေကို မယုံနဲ့၊ အပေါင်းအသင်းမိတ်ဆွေကောင်းတွေကိုဖွဲ့ပါ။ ဆိုတော့ ဒီကာလမှာ ဒီစုလေးကိုလုပ်ရမယ်"ဟု တိုက်တွန်းထားသည်။

    ထိုင်းရောက်မြန်မာလုပ်သားများသည် အလုပ်အကိုင်အခွင့်အလမ်းနှင့် တရားဝင်နေထိုင်ခွင့်အတွက် CI စာအုပ်မှ PJ စာအုပ်သို့ ပြောင်းလဲလုပ်ဆောင်လေ့ရှိပြီး အဆိုပါစာအုပ် ပြောင်းလဲပေးခြင်းလုပ်ငန်းကို ထိုင်းနိုင်ငံ၊ စမွန်စခွန်ခရိုင်၊ မဟာချိုင်ဒေသရှိ  TDCC ဌာန တစ်ခုတည်းတွင်သာ လျှောက်ထားခွင့်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks