Thursday, March 12, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်၊ ကျောင်းရွာ ခမရ (၅၉၁) တပ်ရင်း အရာရှိလိုင်းခန်းတိုက်ခိုက်ခံမှုတွင် စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုများဟု ရေးဘီလူးဆို

    ရေးမြို့နယ်၊ ကျောင်းရွာ ခမရ (၅၉၁) တပ်ရင်း အရာရှိလိုင်းခန်းတိုက်ခိုက်ခံမှုတွင် စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုများဟု ရေးဘီလူးဆို

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာအနီးတွင် ရေးဘီလူးအဖွဲ့နှင့် စစ်ကော်မရှင် ခမရ (၅၉၁) တပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး တပ်ရင်းရှိ အရာရှိလိုင်းခန်းကို RPG ဖြင့် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ကော်မရှင်ဘက်မှ ထိခိုက်မှုများနေကြောင်း ရေးဘီလူးမှ ဆိုသည်။

    ယမန်နေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ရေးဘီလူးအဖွဲ့မှ ကျောင်းရွာအနီးရှိ ရေကန်ကုန်း(ရေစင်ကုန်း)ကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး အဆိုပါနေရာမှတစ်ဆင့် ခမရ (၅၉၁) တပ်ရင်းအတွင်းရှိ အရာရှိလိုင်းခန်းကို RPG ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ထိုနောက် စစ်တပ်ဘက်မှ ပြန်လည်ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သဖြင့် မိနစ် ၂၀ ခန့် ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်မှ ထိခိုက်သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

    ပုံ- ရေးဘီလူး

    “ ရေကန်ကုန်းရပြီးနောက်မှာ ကျနော်တို့က RPG ပစ်ထည့်တယ်။ သူတို့ရဲ့ လိုင်းခန်းတွေ အထိနာတော့ ရေကန်ကုန်းကိုလုတယ်။ သူတို့အနောက်ပေါက်ကနေထွက်လာတဲ့အချိန်ကျတော့ ကျနော်တို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲကတော့ မိနစ်နှစ်ဆယ်လောက်ရှိမယ်။ သူတို့ဘက်ကျဆုံးမှုတော့ အတိအကျမသိဘူး။ ဒါပေမယ့် ထိခိုက်မှုတော့အများကြီးရှိတယ်” ဟု ရေးဘီလူးအဖွဲ့ တပ်ရင်းမှူးက ဆိုသည်။

    တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း၊ ရေးဘီလူးတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။

    စစ်ကော်မရှင်မှ ရွေးကောက်ပွဲကာလ နီးကပ်လာသည်နှင့်အမျှ စစ်ဆင်ရေးများကို အရှိန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအတွင်း မပါဝင်ရန်လည်း ရေးဘီလူးမှ တိုက်တွန်းထားသည်။

    “ အတုအယောင်ရွေးကောက်ပွဲကို ဘာမှ ပါဝင်နေစရာမလိုဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီရွေးကောက်ပွဲကို ကျင်းပပြီးတော့ သူတို့ဘယ်သူနဲ့ယှဉ်ပြိုင်မှာလဲ ဘယ်ပါတီနဲ့ပြိုင်မလဲ။ အကုန်လုံးက သူ့အောက်မှာ ထိန်းချုပ်ထားတာမို့လို့ ရွေးကောက်ပွဲက ဘယ်လိုမှ အမှန်အတိုင်းဖြစ်လာမှာ မဟုတ်ဘူး” ဟု ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

    ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ရေးဘီလူးအဖွဲ့က ရေး -မော်လမြိုင် ကားလမ်း နှင်းစုံရွာအဝင်ရှိ စစ်တပ်လက်အောက်ခံ DKBA ဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး၊ DKBA ဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks