Tuesday, March 10, 2026
More
    spot_img
    Homeသတင်းSMS မှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ အသိပေးနှိုးဆော်မှုစာတိုများကို UEC မှ ဆက်တိုက်ပေးပို့

    SMS မှတစ်ဆင့် ရွေးကောက်ပွဲဆိုင်ရာ အသိပေးနှိုးဆော်မှုစာတိုများကို UEC မှ ဆက်တိုက်ပေးပို့

    -

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ရွေးကောက်ပွဲဆိုင်ရာ အသိပေးနှိုးဆော်မှုများကို ဖုန်းအော်ပရေများမှတစ်ဆင့် စာတိုများပေးပို့၍  ပြည်သူလူထုများ ရွေးကောက်ပွဲအတွင်း ပါဝင်လာရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းနေကြောင်း သိရသည်။

    UEC မှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို  မြို့နယ် ၁၀၂ မြို့နယ်၌ (၂၈.၁၂.၂၀၂၅) ရက်နေ့ တနင်္ဂနွေနေ့တွင်စတင်ကျင်းပမည်ဖြစ်ကြောင်း Link ပါအချက်အလက်များဖြင့် ပြည်တွင်းဆင်းကဒ်အသုံးပြုသူများထံ SMS စာတိုများ ပေးပို့လျှက်ရှိသည်။

    ၎င်းအပြင် ယာယီနေရပ်စွန့်ခွာသူများအတွက် မဲစာရင်းပါရှိရာ မူလမဲဆန္ဒနယ်အတွက် ကြိုတင်မဲပေးလိုပါက ‌ရောက်ရှိမြို့နယ်ကော်မရှင်အဖွဲ့ခွဲတွင် ပုံစံ ၁၅ ဖြင့် ‌အောက်တိုဘာ ၁၂ ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ကြောင်းလည်း SMS စာတိုများဖြင့် တိုက်တွန်းနှိုးဆော်နေကြောင်း ပြည်တွင်းဆင်းကဒ်အသုံးပြုနေသူများထံမှ သိရသည်။

    မြေပြင်တွင် အသိပေးနှိုးဆော်မှုများ၊ မဲဆွယ်စည်းရုံးမှုများ မလုပ်ဆောင်နိင်သည့် စစ်ကော်မရှင်မှ ၎င်းတို့ထိန်းချုပ်ထားသည့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာအပြင် ရေဒီယို၊ရုပ်မြင်သံကြားမှတစ်ဆင့်လည်း ပြည်သူများ၏ နားထံအရောက် ချဉ်းကပ်နေသော်လည်း ထိရောက်မှုမရှိကြောင်း  မွန်လူငယ်တစ်ဦးက ပြောသည်။

    “ လက်တွေ့မဲဆွယ်စည်းရုံးဖို့က မြေပြင်မှာ မလုံခြုံဘူး။ အန္တရာယ်အတွက်လည်းစိုးရိမ်နေရတယ်။ ပြည်သူတွေရဲ့နားထဲ‌ရောက်ဖို့က ဒီနည်းကိုအသုံးချမှရမယ်၊ ဒါကဘယ်လောက် လုပ်လုပ်ထိရောက်မှုမရှိဘူး၊ ဒီရွေးကောက်ပွဲကလည်းပြီးအောင်လုပ်ပြဖို့ သက်သက်ပဲလေ သူတို့လုပ်မှဖြစ်မဲ့ဟာမို့လို့ပါ” ဟု ပြောသည်။

    SMS စာတိုများကို Atom၊MPT၊Mytelနှင့် အော်ရီဒူးစသည့် ပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာ အသုံးပြုသူအားလုံး လက်ခံရရှိနေပြီး အထူးသဖြင့် ယာယီနေရပ်စွန့်ခွာသူများ ကြိုတင်မဲအတွက် လျှောက်ထားရန် အဓိကတိုက်တွန်းလျှက်ရှိသည်။

    တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများသည် ဘဝနေထိုင်ရပ်တည်ရေးအတွက် ရုန်းကန်နေရကြောင်း ၊ ကောင်းကျိုးအတွက် အလားအလာမရှိသည့် ဆန္ဒမဲကိစ္စကို အာရုံမရောက်နိုင်ကြောင်းလည်း ကော့ကရိတ်ဒေသခံ စစ်ဘေးရှောင်နေရသူတစ်ဦးက ပြောသည်။

    စစ်ဘေးရှောင်သူက “ ဘယ်သူမှစိတ်မဝင်စားဘူး။ ကြိုတင်မဲက နိုင်ငံခြားတော့မသိဘူး၊ နယ်ခံတွေတောင်စိတ်မဝင်စားတာ၊ ရွှေ့ပြောင်းတွေဆို တကူးတက ဒုက္ခခံမနေဘူး။ တစ်ခုတော့ရှိတယ် ရွေးကောက်ပွဲနီးလာရင် သက်ဆိုင်ရာပါတီကိုယ်စားလှယ်တွေက လက်ဆောင်လေးတွေ အကျွေးအမွေးလေးတွေနဲ့ပိုက်ဆံပါပေးရင်တော့ မသိနားမလည်တဲ့သူတွေတော့ ပါရင်လည်းပါသွားနိုင်တယ်"ဟု ဆိုသည်။

    UEC မှ ရွေးကောက်ပွဲဆိုင်ရာ အသိပေးနှိုးဆော်ချက်များကို နေ့စဉ် လုပ်ဆောင်လာနေပြီး ယမန်နေ့ စက်တင်ဘာလ ၃၀ ရက်နေ့က ရွေးကောက်ပွဲမဲစာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် ပထမအကြိမ် ထုတ်ပြန်ထားသော်လည်း ပြည်သူအများစုက စိတ်ပါဝင်စားမှုမရှိခြင်းကြောင့် သွားရောက်ကြည့်ရှု့သူမရှိကြောင်းလည်း သိရသည်။

    နှစ်ဖက်လုံခြုံရေးအခြေအနေစိုးရိမ်နေရသည့် ‌ရွေးကောက်ပွဲကို ပြည်သူလူထုများ မပါဝင်လိုသော်လည်း စစ်‌ကော်မရှင်မှ  ဖိအားပေးအားပေးခြင်းတို့ လုပ်ဆောင်လာနိုင်ကြောင်းလည်း ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်နေသူများက သုံးသပ်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks