Friday, March 13, 2026
More
    spot_img
    Homeသတင်းစားနပ်ရိက္ခာဖူလုံမှုရှိသည့်ဒေသများသို့ စစ်ကော်မရှင်မှ ကုန်စည်တင်သွင်းခွင့်မပြု

    စားနပ်ရိက္ခာဖူလုံမှုရှိသည့်ဒေသများသို့ စစ်ကော်မရှင်မှ ကုန်စည်တင်သွင်းခွင့်မပြု

    -

    စစ်ကော်မရှင်မှ ဒေသတွင်းထွက်ကုန် ဖူလုံမှုရှိသည့်ဒေသများသို့ စက်တင်ဘာလဆန်းပိုင်းမှစ၍ ကုန်စည်တင်သွင်းခွင့် ကန့်သတ်ထားကြောင်း ကုန်သည်နှင့် ယာဉ်မောင်းများထံမှ သိရသည်။

    သက်ဆိုင်ရာ စစ်ကော်မရှင် ပြည်နယ်အစိုးရအဖွဲ့မှ ဒေသတွင်းထွက်ကုန်များကို စာရင်းနှင့်တကွ မှတ်တမ်းတင်ထားပြီး စားနပ်ရိက္ခာနှင့် ကုန်စည်ဖူလုံမှုရှိနေပါက အခြားဒေမှ ထုတ်ကုန်များကို တင်သွင်းခွင့်မရှိကြောင်း မဖြစ်မနေသယ်ဆောင်လိုပါက ဆိုင်ဘောက်ချာ၊ မျှော့တွဲစာတို့ဖြင့် အခွန်ဆောင်ရမည်ဟု သိရသည်။

    အဆိုပါ သတ်မှတ်ချက်များကြောင့် မွန်ပြည်နယ်တွင် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တင်သွင်းသည့် ဆန်စပါးအပြင် အခြားအခြေခံစားသောက်ကုန်များ ကန့်သန့်ခံရနိုင်ကြောင်း ကုန်စည်တင်သွင်းပို့ဆောင်သူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

    ပုံ- ကုန်စည်တင်ယာဥ်များ ဘားအံလမ်းပိုင်းတွင် စစ်ဆေးခံနေရစဥ်

    “ ကိုယ့်ဒေသတွင်းမှာ ဖူလုံမှုရှိနေရင် ဘာမှမပေးသယ်နေဘူး။ အချို့ကျတော့ အခွန်ဆောင်ပြီး ပေးသွားတယ်။ ဆိုင်ဘောက်ချာပါရင် သယ်ခွင့်ပေးတယ်အများကြီးတော့မဟုတ်ဘူး၊ အထည်တွေဆိုရင် ရန်ကုန်ကိုဆိုလည်းသိပ်ပို့လို့မရဘူးသူတို့သေချာစိစစ်ပြီးပေးသွားတယ် ပြည်တွင်း ထုတ်ကုန်ဆိုရင် ထိုင်းတို့ မြဝတီတို့ကိုလုံးဝသွင်းလို့မရသေးဘူး” ဟု ၎င်းကပြောသည်။

    လတ်တလော မွန်ပြည်နယ်မှ အခြားတိုင်းဒေကြီးနှင့် ပြည်နယ်များသို့ ဆက်သွယ်ထားသည့် စစ်ကော်မရှင်စစ်ဆေးရေးဂိတ်များတွင် ကားတစ်စီးလျှင် ဆန်တစ်အိတ်သာတင်ဆောင်ခွင့်ပြုတော့ကြောင်း၊ လျှို့ဝှက်သယ်ယူနေရသည့်အခြေအနေဖြစ်ကြောင်း ကြာအင်းဆိပ်ကြီးမှ ယာဉ်မောင်းများက ဆိုသည်။

    ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာဒေသများတွင် စစ်ဘေးရှောင်နှင့် ဒေသခံများထံ ရိက္ခာမရောက်ရှိဘဲ စားသောက်ကုန်ပစ္စည်းများတော်လှန်ရေးအဖွဲ့ထံရောက်ရှိသွားမည်ကို စစ်ကော်မရှင်မှ စိုးရိမ်နေသဖြင့် ကန့်သတ်နေခြင်း ဖြစ်နိုင်ကြောင်းလည် မွန်ပြည်သစ်ပါတီမှ စစ်ရှောင်ကူညီကယ်ဆယ်နေသူတစ်ဦး ပြောသည်။

    “တိုက်ပွဲဖြစ်ဖူးတဲ့ မလွှဲတောင်ဘက်တွေမှာဆိုရင် စားနပ်ရိက္ခာတွေကိုစစ်ဘေးရှောင်ဆီ၊ ပြည်သူတွေဆီမရောက်ဘဲနဲ့ အခြားနေရာရောက်သွားမှာကိုသူတို့ကစိုးရိမ်တယ်လေ၊ လမ်းပန်းဆက်သွယ်ရေးလည်းအချိန်နဲ့ ကန့်သတ်တယ် တိုက်ပွဲဖြစ်ထားတဲ့နယ်မြေမှာဆိုရင်ထုံးစံပဲ ဟိုဘက်ပိတ်ဒီဘက်ပိတ်နဲ့ သွားနေရတယ်ပေါ့"ဟု ၎င်းကပြောသည်။

    အဆိုပါ ကန့်သတ်ချက်များကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို စစ်ဘေးရှောင်ပြည်သူများ ရရှိရန် ပိုမိုခက်ခဲလာမည်ဖြစ်ကြောင်းလည်း ကူညီနေသူများက ဆိုသည်။

    လက်ရှိတွင် ထိုင်းနိုင်ငံနှင့် ထိစပ်နေသည့် ကရင်ပြည်နယ်မှတစ်ဆင့် ပြည်တွင်းသို့ဝင်ရောက်မည့် ကုန်စည်များကို ပြည်နယ်စစ်အုပ်စုထံမှ ထောက်ခံစာရရှိထားမှသာ ဖြတ်သန်းခွင့်ပြုတော့မည်ဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks