Thursday, March 12, 2026
More
    spot_img
    Homeသတင်းကျောင်းနယ်နိမိတ်နှင့် အများပြည်သူနေရာများတွင် ဘိန်းစာရွက်ရောင်းချမှုကို ထိုင်းအစိုးရတားမြစ်

    ကျောင်းနယ်နိမိတ်နှင့် အများပြည်သူနေရာများတွင် ဘိန်းစာရွက်ရောင်းချမှုကို ထိုင်းအစိုးရတားမြစ်

    -

    လူထုကျန်းမာရေးကို ထိရောက်စွာ ကာကွယ်ရန် ထိုင်းအစိုးရမှ စာသင်ကျောင်းအနီးအနားရှိဆိုင်များ၊ လမ်းဘေးဆိုင်များနှင့် အများပြည်သူနေရာများတွင် ဘိန်းစာရွက် (Kratom leaves) နှင့် ဘိန်းစာရွက်ပြုတ်ရည်(Kratom tea)ရောင်းချမှုကို တားမြစ်သည့် ဥပဒေအသစ်ရေးဆွဲလိုက်ကြောင်း သိရသည်။

    ထိုင်းတရားရေးဝန်ကြီး ထဝီဆော့ဒ်ဆောင်(Tawee Sodsong)နှင့် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်းဆက်သက်စုပင်(Somsak Thepsutin)တို့က အဆိုပါ ဥပဒေအသစ်ကို ယမန်နေ့ စက်တင်ဘာလ ၁၁ ရက်နေ့က ပူးတွဲလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

    ထိုဥပဒေကို ထိုင်းဘုရင်ထံ အတည်ပြုချက်ရယူပြီး ရက် ၃၀ အကြာတွင် အကျုံးဝင်မည်ဖြစ်ကြောင်း၊ ချိုးဖောက်မည့် မည်သူမဆို အများဆုံး ဒဏ်ငွေ ဘတ် ၅ သောင်းအထိ ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။

    ပုံ-The Nation Thailand

    ပြီးခဲ့သည့်လပိုင်းအတွင်း ထိုင်းအစိုးရအနေဖြင့်  လူထုများထံမှ တိုင်ကြားချက်များ များစွာရရှိခဲ့ပြီး၊ အဆိုပါတိုင်းကြားချက်များတွင် ဘိန်းစာရွက်နှင့် ဘိန်းစာရွက်ပြုတ်ရည်များကို ကျောင်းအနီးနှင့် အများပြည်သူနေရာများတွင် အလွယ်တကူ ဝယ်ယူရရှိနေခြင်းကြောင့် အသက် ၁၈ နှစ်အောက်လူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအကြား ကျန်းမာရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများ ပေါ်ထွက်လာနေကြောင်း ဆိုသည်။

    ထိုကြောင့် ထိုင်းအစိုးရက ကျောင်းနယ်နိမိတ် ၁,၀၀၀ မီတာအတွင်းတွင် ဘိန်းစာရွက်ရောင်းချခြင်း၊ လမ်းဘေးအရောင်းဆိုင်များနှင့် အသေးစားအရောင်းဆိုင်များတွင် ရောင်းချခြင်းများကိုပိတ်ပင်ပြီး ဥပဒေချိုးဖောက်သူများကို ဘတ် ၅ သောင်းအထိ ဒဏ်ကြေးချမှတ်ခြင်းတို့ကို ပြုလုပ်ရန် ဆုံးဖြတ်ခဲ့သည်။

    ပြည်သူများအနေဖြင့်လည်း ဥပဒေချိုးဖောက်မှုများကို တွေ့ရှိပါက 1386 ဟော့လိုင်း သို့ ၂၄ နာရီ အခမဲ့ခေါ်ဆိုပြီး တိုင်ကြားခြင်း သို့မဟုတ် နယ်ပယ်ဒေသအလိုက် မူးယစ်ဆေးထိန်းချုပ်ရေးဌာန ရုံးချုပ်များသို့ တိုင်ကြားခြင်းတို့ကို ပြုလုပ်နိုင်ကြောင်း ဆိုထားသည်။

    ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က ဘိန်းစာရွက်ကို မူးယစ်ဆေးစာရင်းမှ ဖယ်ရှားခဲ့ပြီး တရားဝင်အဖြစ် ထိုင်းအမျိုးသားလွှတ်တော်က သတ်မှတ်ထားပြီးနောက်တွင် အဆိုပါဘိန်စားရွက်အပေါ်ထိန်းချုပ်မှုမရှိသလို အလွန်အကျွံ သုံးစွဲမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။

    ထို့ကြောင့် ဘိန်းစာရွက်သုံးစွဲရောင်းချမှုကို ပြန်လည်ထိန်းချုပ်ရန် ထိုင်းတရားရေးဝန်ကြီး ထဝီဆော့ဒ်ဆောင်(Tawee Sodsong)နှင့် ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ဆွမ်းဆက်သက်စုပင်(Somsak Thepsutin)တို့က ဥပဒေဆိုင်ရာကိစ္စရပ်များကို ပြီးခဲ့သည့် သြဂုတ်လ ဒုတိယအပတ်ကပင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks