Friday, March 13, 2026
More
    spot_img
    Homeသတင်းNMSP-AD/RMA ၏ (CQB) သင်တန်း အပတ်စဉ်(၁) သင်တန်းဆင်း

    NMSP-AD/RMA ၏ (CQB) သင်တန်း အပတ်စဉ်(၁) သင်တန်းဆင်း

    -

    မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) မှ ဦးဆောင်၍ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အပတ်စဉ် (၁) (CQB) သင်တန်းဆင်းပွဲအခမ်းအနားကို ဩဂုတ်လ ၃၁ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

    သင်တန်းကာလအတွင်း သင်တန်းဆင်း ရဲဘော်များသည် အခက်အခဲများကို ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ကျော်ဖြတ်ခဲ့ကြရပြီး သင်တန်းကာလတစ်‌လျှောက်လုံးတွင် စွမ်းဆောင်ရည်ကို ပြသသည့်အနေဖြင့် စစ်ရေးသရုပ်ပြမှုများ ပြုလုပ်ခဲ့ကြသည်။

    သင်တန်းဆင်းပွဲအခမ်းအနားကို ရာမညမွန်တပ်တော် (RMA)မှ ဒုစစ်ဦးစီးချုပ်(၁) နိုင်စိုးဝင်း၊ ဒုစစ်ဦးစီးချုပ်(၂) နိုင်ကျည်ဆံ၊ စစ်ရေးနိုင်ငံရေးကော်မတီဝင် နိုင်သူရဌေး၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများ တက်ရောက်ခဲ့ကြသည်။

    သင်တန်းဆင်းရဲဘော်များကို ရာမညမွန်တပ်တော် (RMA)မှ ဒုစစ်ဦးစီးချုပ် (၁) နိုင်စိုးဝင်း၊ ဒုစစ်ဦးစီချုပ် (၂) နိုင်ကျည်ဆံနှင့် စစ်ရေးနိုင်ငံရေးကော်မတီဝင် နိုင်သူရဌေးတို့က ခွန်အားဖြည့်မိန့်ခွန်းများ ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks