Home သတင်း ရာမညတပ်တော် (RMA) မှ သံဖြူဇရပ် (Tollgate) ကို ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား

ရာမညတပ်တော် (RMA) မှ သံဖြူဇရပ် (Tollgate) ကို ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွား

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ အဝင်အထွက်ပေါက်ဖြစ်သည့် အကြမ်းဖက်စစ်ကောင်စီ၏ ဖောင်စိန်စစ်ဆေးရေးဂိတ် (Tollgate) ကို မုဒုံမြို့နယ်ရှိ ရာမညတပ်တော် (RMA) တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း (RMA) မှ ထုတ်ပြန်ထားသည်။

ရာမညတပ်တော် (RMA)မှ သြဂုတ် ၂၂ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်တွင် စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဖြစ်ပွားခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရာမညမွန်တပ်တော် (RMA)မှ တပ်ဖွဲ့အားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရာမညတပ်တော် (RMA) မှ ယခုသြဂုတ်လအတွင်း ၎င်းတပ်ဖွဲ့တစ်ဖွဲ့တည်းဖြင့်လည်းကောာင်း၊ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့်ပူးပေါင်း၍လည်းကောင်း သံဖြူဇရပ်၊ရေးနှင့် ရေဖြူဒေသအတွင်းရှိ စစ်ကောင်စီအဖွဲ့နှင့် နှစ်ဖက်တိုက်ပွဲ ၃ ကြိမ်အထိ ဖြစ်ပွားခဲ့သည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.