spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းဘဏ္ဍာငွေသုံးစွဲမှု ပွင့်လင်းမြင်သာပါက လျှပ်စစ်သုံးစွဲခ တိုးမြှင့်ကောက်ခံရန်မလို

    ဘဏ္ဍာငွေသုံးစွဲမှု ပွင့်လင်းမြင်သာပါက လျှပ်စစ်သုံးစွဲခ တိုးမြှင့်ကောက်ခံရန်မလို

    -

    လွတ်လပ်သော မွန်သတင်အေဂျင်စီ – သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်တင်ပို့ရောင်းချရာက ရရှိသည့်ဘဏ္ဍာငွေကြေးကို အစိုးရကသာ ကောင်းမွန်သည့်စီမံခန့်ခွဲမှုစနစ်အောက်တွင် ပွင့်လင်းမြင်သာစွာနှင့် တာဝန်သိသိအသုံးပြုခဲ့မည်ဆိုပါက လျှပ်စစ်သုံးစွဲခနှုန်း တိုးမြှင့်ကောက်ခံရာမလိုကြောင်း AOW နှင့် BRNတို့က ပြောသည်။

    အစိုးရအနေဖြင့် လက်ရှိ ကောက်ခံနေသောလျှပ်စစ်ဓာတ်အားစျေးနှုန်း၌ ဆုံးရှုံးနစ်နာမှုများရှိနေခြင်းနှင့် နိုင်ငံအဝှမ်းလျှပ်စစ်ဓာတ်အားတိုးချဲ့ဖြန့်ဖြူးရန် ငွေကြေးလုံလောက်မှုမရှိခြင်းကြောင့်ဆိုပြီး ထိုသို့စျေးနှုန်းမြင့်တင်ရခြင်းဖြစ်သည်ဟု အမှတ် (၂) လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနက ပြောထားသည်။

    မြန်မာအစိုးရက စွမ်းအင်တင်ပို့ရောင်းချငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာကို လက်ဝယ်ရရှိနေသော်လည်း ပြည်သူများမှာ လောင်စာစွမ်းအင် စျေးနှုန်းအဆမတန်မြင့်တက်မှုဒဏ်ကို ရင်ဆိုင်နေကြရကြောင်း ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့ AOW နှင့် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်BRN တို့မှ ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    “မြန်မာနိုင်ငံမှာ စွမ်းအင်စီမံကိန်းတွေကနေ ရတဲ့ငွေနဲ့ အဲဒီစီမံကိန်းကနေ ပြည်သူတွေအပေါ် သက်ရောက်နေတဲ့အကျိုးဆက်တွေနဲ့ စီမံကိန်းဆိုင်ရာ သတင်းမှန်တွေကို ထုတ်ပြန်ပေးဖို့ အစိုးရကိုတောင်းဆိုတိုက်တွန်းတယ်” ဟု မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာကွန်ယက်မှ ကိုစိုင်းစိုင်းက ပြောထားသည်။

    ၂၀၁၂ ခုနှစ်ဆန်းပိုင်းမှစပြီး ပြည်တွင်းလျှပ်စစ်ဓာတ်အားခနှုန်းထား နှစ်ဆနှင့် လောင်စာဆီစျေးနှုန်း သုံးပုံတပုံထိ အသီးသီးမြင့်တက်သွားကြောင်းလည်း ဖော်ပြထားသည်။

    မြန်မာအစိုးရသည် သဘာဝဓာတ်ငွေ့နှင့် ရေအားလျှပ်စစ်တို့ကို နိုင်ငံခြားသို့တင်ပို့ရောင်းချရာမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ရနေသည်ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    တိုင်းပြည်တွင်း ငွေလဲလှယ်နှုန်းကို ထိန်းချုပ်ထားမှုနှင့် ပွင့်လင်းမြင်သာမှုစနစ်ကင်းမဲ့နေခြင်းကြောင့် ထိုသို့စွမ်းအင်တင်ပို့ရာမှရရှိလာသော ဝင်ငွေများကို အစိုးရငွေစာရင်း၌သော်လည်းကောင်း၊ စစ်တပ်ငွေစာရင်း၌သော်လည်းကောင်း ပွင့်လင်းမြင်သာစွာထုတ်ဖော်ထားခြင်းမရှိသည့်အပြင် ထိုငွေများကို ပြည်တွင်း၊ ပြည်ပ မည်သည့် ဘဏ်စာရင်းများ၌ ထားရှိသည်ကိုလည်း ရှင်းလင်းစွာ မသိရှိရပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks