spot_img
Saturday, August 23, 2025
More
    spot_img
    Homeဆောင်းပါးUWSA ၏ လက်နက်ပံ့ပိုးမှု ရပ်ဆိုင်းခြင်း တော်လှန်ရေးအပေါ် သက်ရောက်နိုင်လား

    UWSA ၏ လက်နက်ပံ့ပိုးမှု ရပ်ဆိုင်းခြင်း တော်လှန်ရေးအပေါ် သက်ရောက်နိုင်လား

    -

    “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်တပ် (MNDAA) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ကို လက်နက်၊ ငွေကြေးထောက်ပံ့မှု ပေးတော့မှာမဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

    MNDAA၊ TNLA၊ SSPP တို့ ပါဝင်သော ဆွေးနွေးပွဲကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့ပြီးနောက် UWSA မှ ဒုဥက္ကဋ္ဌက ယခုကဲ့သို့ လက်နက် နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မှာ မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ မည်သည့်အဖွဲ့အစည်းကို မည်သို့သောအကြောင်းပြချက်နှင့်မှ လက်နက်၊ ငွေကြေးကို အကူအညီပေးမှာ မဟုတ်တော့ဘူးလို့ ဆိုသည်။

    ထို့အပြင် ယခုဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေ ဖြင့် လက်နက် နှင့် စက်ကိရိယာများ၊ ငွေကြေး အကူအညီများ သို့မဟုတ် အခြား ထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောင့်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် အဖွဲ့အစည်းများအား တိုက်တွန်း အပ်ပါသည်ဟု ပြောကြားထားသည်။

    TNLA တို့ အကူအညီပေးခြင်း ရပ်ဆိုင်းခံရသည့်အတွက် နွေဦးတော်လှန်ရေးကို ပံ့ပိုးပေးနေသော လက်နက်ခဲယမ်းလမ်းကြောင်း ရိုက်ခတ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

    “နွေဦးကလည်း ကိုးကန့်အဖွဲ့ (MNDAA) ရဲ့ ထုတ်ပြန်ချက်မှာ မတွေ့ဘူးလား။ NUG နဲ့ မပတ်သက်ပါဘူးဆိုတာကြီးကို နာမည်ကြီးကို ထည့်ပြောတယ်ဆိုကတည်းကိုက အကုန်လုံး တကျော့ထဲ ရိုက်ခတ်တာပေါ့ဗျာ၊ နွေဦးကို ကြည့်ပေးနေတဲ့ TNLA တို့ ဘာတို့ နွေဦးကို ကြည့်ပေးနေတာပဲ။ ကြည့်ပေးနေတဲ့အဖွဲ့ကိုပါ မပေးတော့ဘူးဆိုတော့ တဆင့်တဆင့် စီးဆင်းမှုပေါ့ လမ်းကြောင်းက လက်နက်ခဲယမ်းထောက်ပို့မှု လမ်းကြောင်းက ပျက်သွားနိုင်တာပေါ့” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းက စစ်ကော်မရှင် ကိုယ်စားလှယ်အဖွဲ့နှင့် UWSA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံကာ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေအနေများ ဆွေးနွေးခဲ့ကြောင်း၊ အဆိုပါ တွေ့ဆုံမှုနောက်ပိုင်း အပေးအယူတစ်ခုခုကြောင့် ၎င်းကြေညာချက် ထွက်လာခြင်းဟု သုံးသပ်သူများက ပြောသည်။

    တရုတ်က UWSA ကို ဖိအားပေးမှုရှိနေသလို လက်ရှိတွင်လည်း စစ်ကော်မရှင်ပါ ထပ်၍ ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း၊ သို့သော်လည်း တော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့၏ ရည်မှန်းချက်အတိုင်း ဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောသည်။

    “ကျမကြည့်တာ ဒီလိုဗျ၊ “ဝ”ကလည်း တော်တော်ကူညီပါတယ်။ ဒါကတော့ အားလုံးလည်း သိကြတာပေါ့နော်၊ နောက်ပိုင်းကြတော့ တရုတ်ကလည်း ဖိအားပေးထားတာ ရှိတယ် အစောပိုင်းထဲကလေ အခု စကစပါ တခါထပ်ပြီးတော့ ဖိအားပေးတော့ ဒါတွေက ဘယ်လိုခေါ်မလဲ နိုင်ငံရေးအတိုးအလျော့တွေပေါ့ဗျာ၊ ပြီးတော့မှ ကိုယ့်ဟာကို ဆက်ဆံစရာရှိတာ ဆက်ဆံ၊ ပြောစရာရှိတာပြော အဲဒီလို ရှိမယ်ထင်တယ်၊ ဒါကတော့ အပေါ်ယံကတော့ ဒီလိုမျိုးတွေ ရှိမှာပေါ့” ၎င်းက ဟု ပြောသည်။

    UWSA ၏ ကြေညာချက်သည် TNLA အပေါ် ပိုမိုသက်ရောက်နိုင်ကြောင်း ထို့နောက် ဒေသအခြေပြု ပြည်သူ့ကာကွယ်ရေးများအပေါ်လည်း အကျိုးသက်ရောက်မှု များပြားလာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူများက ဆိုသည်။

    သို့သော်လည်း နွေဦးတော်လှန်ရေးအင်အားစုများအနေဖြင့် မိမိတို့၏ မူလရည်မှန်းချက်များအား နည်းလမ်းအမျိုးမျိုးဖြင့် စစ်အာဏာရှင်အမြစ်ဖြတ်ရေး လုပ်ဆောင်ရမှာဖြစ်ကြောင်း ဆိုသည်။
    လက်ရှိတွင် စစ်ကော်မရှင်ဘက်မှ မြေပြင်ထိုးစစ်များ ပြန်လည်လုပ်ဆောင်လျက်ရှိနေပြီး ကချင်၊ ရှမ်းမြောက်၊ ကရင်၊ ကရင်နီ၊ ရခိုင်၊ စစ်ကိုင်း နှင့် မကွေးတိုင်းတို့တွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,500SubscribersSubscribe
    spot_img

    Latest posts