Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီ သက်တမ်းအလွန် ဘယ်လို အခင်းအကျင်း ဖန်တီးလာနိုင်သလဲ

    စစ်ကောင်စီ သက်တမ်းအလွန် ဘယ်လို အခင်းအကျင်း ဖန်တီးလာနိုင်သလဲ

    -

    စစ်ကောင်စီသည် ရွေးကောက်ပွဲ ကျင်းပမည်ဟု မကြာခဏ ပြောဆိုထားခြင်းကြောင့် သက်တမ်း ၆ လအလွန် စုဖွဲ့မှုပုံစံတစ်ခုဖြင့် ဖွဲ့စည်းလာနိုင်သလား သို့မဟုတ် သက်တမ်းထပ်တိုးနိုင်သလားဆိုသည့်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းကြား သုံးသပ်မှုများ ရှိနေသည်။

    နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး အာဏာ ရယူထားသော စစ်ကောင်စီအနေဖြင့် ယခု ဇူလိုင်လအကုန်တွင် သက်တမ်း ၆ လ ပြည့်တော့မည် ဖြစ်သည်။

    အဆိုပါ ကိစ္စမှာ ယူဆချက်အမျိုးမျိုးရှိနေပြီး ဇူလိုင်လအကုန်တွင် စစ်ကောင်စီသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြန်အပ်ရန် ရှိသည်ဟု ယူဆကြောင်း 7 EAO Alliance မှာ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

    “ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ဒီကိစ္စလည်းပဲ ထင်ကြေးတွေက အမျိုးမျိုး ရှိတာပေါ့ဗျာ၊ တကယ်လို့ SAC ကနေပြီးတော့ SAC ဥက္ကဋ္ဌ ပြောထားတဲ့အတိုင်းပေါ့ လာမယ့် ဒီဇင်ဘာ၊ ဇန်နဝါရီမှာ ရွေးကောက်ပွဲ မဖြစ်မနေ လုပ်ဖို့လည်း အဲဒီလို ရှိတယ်လေ၊ ဆိုတော့က ထင်မြင်ယူဆချက်အရကတော့ ဇူလိုင်လကုန်ကြရင်တော့ သက်တမ်းတိုးဖို့ကိစ္စကို ကာလုံနဲ့ပဲ ပြန်လွှဲဖို့တော့ အဲဒီလိုမျိုး ထင်မြင်ချက် ရှိတာပေါ့ခင်ဗျာ” ဟု ပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၅ ကို အကြောင်းပြချက်ပေးကာ အရေးပေါ်ကာလ ၆ လ ထပ်တိုးခဲ့သည့် စစ်ကောင်စီသည် ၄ နှစ်ကျော်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲကျင်းပမည်ဟု အကြိမ်ကြိမ် ပြောကြားထားခြင်းကြောင့် ကာ/လုံကို ပြန်အပ်နိုင်သည်ဟု သုံးသပ်သူတစ်ဦးက ပြောသည်။

    ယခု ဇူလိုင်လအကုန် စစ်ကောင်စီသက်တမ်း ၆ လပြည့်တွင် ဖြစ်နိုင်ချေ နှစ်ခုဖြင့် လုပ်ဆောင်လာနိုင်ကြောင်း မွန်ပြည်ဖွံ့ဖြိုးရေးစင်တာမှ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

    “ဇူလိုင်လကုန်မှာကြတော့ စစ်ကောင်စီရဲ့ သက်တမ်း ၆ လ ပြည့်တဲ့အခါကြတော့ ဖြစ်နိုင်ချေ နှစ်နည်း ၁ အချက်ကတော့ စုဖွဲ့ပုံစံတစ်ခုနဲ့ ထွက်လာမလား၊ ဒါမှမဟုတ် သက်တမ်းတိုးမလားဆိုတဲ့ ဖြစ်နိုင်ချေ နှစ်ခုထဲကပေါ့နော်၊ တကယ်လို့ ရွေးကောက်ပွဲကို သူကျင်းပဖို့ ပိုင်းဖြတ်ထားရင်တော့ ပုံစံတစ်ခုနဲ့ ထွက်လာနိုင်မလားပေါ့၊ အဲဒီပုံစံမျိုးတော့ သုံးသပ်မိတယ်” ဟု ပြောသည်။

    စစ်ကောင်စီသည် ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပမည်ဟု ပြောဆိုထားသော်လည်း သေချာမပြောနိုင်သေးကြောင်း၊ ယခု ဇူလိုင်လကုန်ပိုင်း ကုန်ဆုံးမည့် ကာ/လုံတွင် စောင့်ကြည့်ရမည်ဟု ၎င်းက ဆက်ပြောသည်။

    အလားတူ စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကလည်း မြို့နယ်ပေါင်း ၂၆၇ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပရန်ရှိကြောင်း ပြောကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks