Friday, March 20, 2026
More
    spot_img
    Homeသတင်းဆယ်ကျော်သက်မိန်းကလေးများ ပျောက်ဆုံးမှုများကြားက ရှိသင့်သောလုံခြုံမှု

    ဆယ်ကျော်သက်မိန်းကလေးများ ပျောက်ဆုံးမှုများကြားက ရှိသင့်သောလုံခြုံမှု

    -

    မွန်ပြည်နယ်တွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးများ ပျောက်ဆုံးမှု တဖြည်းဖြည်းမြင့်တက်လာသည့်အတွက် မိသားစုများအနေနှင့် စိုးရိမ်မှုများမြင့်တက်လျက်ရှိသည်။

    ပျောက်ဆုံးခဲ့သူများအနက် တချို့ပြန်လည်တွေ့ရှိလာခဲ့သော်လည်း၊ ၎င်းတို့၏ စိတ်ပိုင်းနှင့် ရုပ်ပိုင်းကျန်းမာရေးအခြေအနေမှာ ပြင်းထန်စွာထိခိုက်နေကြောင်း သိရှိရသည်။

    ဇွန်လအတွင်း မော်လမြိုင်နှင့် ချောင်းဆုံမြို့နယ်များမှ အသက် ၁၄ မှ ၁၉ နှစ်အရွယ် မိန်းကလေး အနည်းဆုံး ၅ ဦး ပျောက်ဆုံးခဲ့ကြပြီး၊ ၎င်းတို့အနက် တချို့ကို ဇွန်လနောက်ပိုင်းနှင့် ဇူလိုင်လအစပိုင်းတွင် ပြန်လည်တွေ့ရှိခဲ့သည်။

    ပြန်လည်တွေ့ရှိသောသူများအနက် တချို့တွင် ရိုက်နှက်ဒဏ်ရာများတွေ့ရှိရပြီး၊ စိတ်ပိုင်းကျန်းမာရေးထိခိုက်မှုကြောင့် မိဘဖြစ်သူတို့နှင့် စကားပြောဆိုခြင်းမပြုနိုင်အောင် ဖြစ်နေကြသည်။

    “သူက ကြောင်တောင်တောင်ဖြစ်နေတယ်။ လူတွေ့တာနဲ့ ထွက်ပြေးတယ်။ ခြေလွတ်လက်လွတ်၊ ဖိနပ်တောင်မပါဘဲ အခြေအနေဆိုးဆိုးဖြစ်နေတယ်။ မိဘတွေက တောင် ဘာဖြစ်လို့ပျောက်သွားတယ်ဆိုတာတောင် မေးမြန်လို့မရဘူး” ဟု ကာယကံရှင်နှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောကြားခဲ့သည်။

    အဆိုပါကိစ္စအပေါ် တာဝန်ရှိရာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့များမှ တုံ့ပြန်ဆောင်ရွက်မှုမရှိကြောင်း၊ တိုင်တန်းမှုများအပေါ် မှတ်တမ်းယူမှုသာလုပ်ဆောင်ထားသည်ဟု မိသားစုများက ဆိုသည်။ ထို့ကြောင့် မိသားစုဝင်များအနေနှင့် ကိုယ်တိုင်သာ ရှာဖွေရန် ကြိုးပမ်းနေကြရသည်။

    ထို့အပြင် လူပျောက်မှုဖြစ်စဉ်များသည် လူကုန်ကူးမှုအဖွဲ့များ၊ လိင်ပိုင်းအကြမ်းဖက်မှုများနှင့် စပ်လျဉ်းနေနိုင်ခြင်းရှိနိုင်သည်ဟု မြို့ခံများက သုံးသပ်ကြသည်။ အွန်လိုင်းမှ အလုပ်အကိုင်ကြော်ငြာများဖြင့် စည်းရုံးခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကဲ့သို့သော နောက်ခံအကြောင်းအရာများလည်း ပျောက်ဆုံးမှုများတွင် ပါဝင်နိုင်ကြောင်း သတင်းအချက်အလက်များအရ သိရှိရသည်။

    လုံခြုံရေးထိန်းသိမ်းမှုအနေနှင့် မြို့ပေါ်ရှိလမ်းမကြီးများ၊ ဈေးဝယ်စင်တာများတွင် CCTV တပ်ဆင်မှုများပြုလုပ်ထားသည်ဆိုသော်လည်း၊ ယင်းနည်းပညာများမှ ပျောက်ဆုံးမှုနောက်ကွယ်သက်သေအထောက်အထားများကို မဖော်ထုတ်နိုင်ကြောင်းလည်း သိရသည်။

    ခန့်မှန်းရန်ခက်ခဲသည့် လူကုန်ကူးမှုကွန်ယက်နှင့် စစ်တပ်အာဏာပိုင်များ၏ တုံ့ပြန်မှုနည်းပါးမှုတို့ကြောင့် ယနေ့မွန်ပြည်နယ်အတွင်း လူမှုအကျပ်အတည်းတစ်ခုဖြစ်လာခဲ့ပြီဖြစ်သည်။

    ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း မော်လမြိုင်မြို့အနီးက ကော့စိန်ကျွန်းရွာတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရပြီး အသက်ဆုံးရှုံးခဲ့သည်။ ထိုအမှုသည် မြို့ခံပြည်သူလူထု၏ စိတ်ပူပန်မှုကို များစွာတိုးစေခဲ့သည်။

    အမျိုးသမီးအရေးလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာအာဏာပိုင်များက ပျောက်ဆုံးမှုများအပေါ် တုံ့ပြန်မှုတိုးမြှင့်ရန်၊ စိတ်ပိုင်းနှင့် ရုပ်ပိုင်းထိခိုက်မှုခံနေရသူများအား ကုသမှုနှင့် အထောက်အပံ့ပေးရေးကို တာဝန်ယူဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks