Friday, March 20, 2026
More
    spot_img
    Homeသတင်းအမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဒေသတွင်းတာဝန်ရှိသူတို့ အရေးယူမှုအားနည်း

    အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ ဒေသတွင်းတာဝန်ရှိသူတို့ အရေးယူမှုအားနည်း

    -

    တရားဥပဒေစိုးမိုးမှုကင်းမဲ့နေသည့် စစ်ကောင်စီထိန်းချုပ်ရာနေရာတို့အပြင်  တော်လှန်ရေးနှင့် တိုင်းရင်းသားလက်နက်အဖွဲ့တို့ ထိန်းချုပ်ထားသည့် ဒေသအတွင်း၌လည်း အမျိုးသမီးများ အကြမ်းဖက်ခံရမှုနှင့်ပတ်သက်၍ တရားရေးစနစ်နှင့်အညီ အရေးယူမှုအားနည်းနေသည်ဟု အမျိုးသမီးနှင့်ကလေးအရေး ကူညီလှုပ်ရှားသူတို့ ပြောပြချက်အရ သိရသည်။

    ပဋိပက္ခကာလအတွင်း အမျိုးသမီးတို့အတွက် တရားမျှတမှုကင်းကွာနေချိန်တွင် တိုင်းရင်သူအမျိုးသမီးတို့ လိင်ပိုင်း၊ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတို့ နေရာအနှံ့ဖြစ်ပေါ်လျှက်ရှိသည်။

    တော်လှန်ရေးကာလဖြစ်သည်နှင့်အညီ တိုင်းရင်းသာလက်နက်ကိုင်အဖွဲ့တို့ ထိန်းချုပ်ထားသည့်ဒေသတို့တွင် စစ်ရေးကိစ္စတို့သာ ဦးစားပေးနေကြောင်းနှင့် အကြမ်းဖက်ခံရသည့်ကိစ္စတို့အတွက် ပေါ်ပေါ်တင်တင်တိုင်ကြားရန် မလွယ်ကူနေသည့်အပြင် အရေးယူမှုတို့လည်း အလွန်အားနည်းလာကြောင်း မြန်မာပြည်တောင်ပိုင်း အမျိုးသမီးနှင့် ကလေးသူငယ်အရေး ကူညီနေသူတစ်ဦးက ဆိုသည်။

    “နိုင်ငံကစစ်ဖြစ်တော့ ပြည်သူတွေအတွက် လုံခြုံရေးက မရှိတော့ဘူး။ လုံခြုံရေးအတွက် အမှုကလည်း ဘယ်သူမှ မကိုင်ရဲဘူး။ ခုလက်ရှိ ပြန်လည်ဖွဲ့စည်းနေတဲ့ တရားဥပဒေကလည်း ဒီအမှုက အရေးကြီးတဲ့အမှုလို့ မသတ်မှတ်ထားဘူး။ သူတို့တွေကလည်း စစ်ရေးတွေနဲ့ပဲရှုပ်နေကြတော့ အကြမ်းဖက်ခံရတဲ့ဘက်ကို အာရုံမရောက်ကြတော့ဘူး။ အဲ့ဒါတွေကြောင့်ပေါ့လေ” ဟု သူက ဆိုသည်။

     အကြမ်းဖက်ခံရမှုအတွက် ပကတိအတိုင်းဆောင်ရွက်နေသည့် ခိုင်မြဲသောတရားဥပဒေမရှိသဖြင့် အကြမ်းဖက်ခံရသည့်ကိစ္စအတွက် တိုင်ကြားမှုနှင့် အရေးယူမှုကိစ္စတို့ကို အမျိုးသမီးအရေး လှုပ်ရှားသူတို့က မဆောင်ရွက်ပေးနိုင်ကြောင်း ဆက်ပြောသည်။

    ထို့ကြောင့် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းတွင်လည်း မွန်ဒေသခံအမျိုးသမီးတို့ ကြုံတွေ့နေရသည့် အိမ်တွင်းအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတို့ကိုလည်း တာဝန်ရှိသူများ ထိထိရောက်ရောက် အရေးယူ ပေးရန် မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသအတွင်းရှိ မွန်အမျိုးသမီးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက တိုက်တွန်းထားသည်။

    “တာဝန်ရှိသူအဆင့်ဆင့်အောက်မှာကျမတို့က အမိန့်နာခံနေရတာတွေရှိတယ်ဆိုတော့လေ၊ တာဝန်ရှိသူတွေက ပြတ်ပြတ်သားသား တရားစီရင်တာတွေမလုပ်နိုင်တဲ့အခါကျတော့ အခြေအနေတစ်ခုခုဖြစ်လာရင် ကျမတို့အခက်ကြုံရတာတွေရှိတယ်၊ အဲတာကြောင်း ထိထိရောက်ရောက်အရေးယူစေချင်တယ် ” ဟု ၎င်းက ဆက်ပြောသည်။

    စစ်တပ်မှ အာဏာစသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ်မေလအထိ ပဋိပက္ခအတွင်း အမျိုးသမီးနှင့် ကလေး၊ အမျိုးသမီးဟု ခံယူထားသူတွေအပေါ် လိင်အကြမ်းဖက်ခံရသည့် အမှုပေါင်း ၉၆၃ မှု ရှိခဲ့ကြောင်း အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ) (WLB)၏ ထုတ်ပြန်ချက်အရ သိရသည်။

    အကြမ်းဖက်ခံရသည့် ကိစ္စတို့တွင် တိုင်းရင်းသားဒေသအတွင်းရှိ  တိုင်းရင်းသူ အမျိုးသမီးအဖွဲတို့မှ သက်ဆိုင်ရာတိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ထံ တရားစီရင်ရေးနှင့်ချိတ်ဆက်ဆောင်ရွက်ပေးနေသလို၊ NUG အမျိုးသမီးဌာန၊ ကာကွယ်ရေးဌာန၊ ပြည်ထဲရေး၊ တရားစီရင်ရေးဌာနတို့နှင့် ချိတ်ဆက်ဆောင်ရွက်မှုတို့ ဆောင်ရွက်နေသော်လည်း တရားမျှတမှု၊အရေးမှုတို့ အားနည်းနေသေးကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks