Friday, March 13, 2026
More
    spot_img
    Homeသတင်းမိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ဟု စစ်ကောင်စီ ထုတ်ပြန်

    မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်ဟု စစ်ကောင်စီ ထုတ်ပြန်

    -

    ကရင်နီတော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသော ရှမ်းပြည်နယ် တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ဆင်ရေး ၆ လအတွင်း ပြန်လည်ထိန်းချုပ် နိုင်ခဲ့သည်ဟု စစ်ကောင်စီတပ်က ထုတ်ပြန်သည်။

    စစ်ဆင်ရေး ၆ လအတွင်း ရန်သူနှင့် တိုက်ပွဲကြီး ၂၁၅ ကြိမ်၊ ထိတွေ့မှုပေါင်း ၄၀၀ ကြိမ်ဖြစ်ပွားခဲ့ပြီး မိုးဗြဲမြို့၏ တောင်ဘက်အစွန်ဆုံး မွေတော်ဘုရားရှိရာ မြို့မရပ်ကွက်ကို ဇူလိုင်လ ၅ ရက်နေ့မှာလည်းကောင်း၊ အရှေ့ဘက်အစွန်ဆုံး ရပ်ကွက်ဖြစ်သော ညောင်ဝိုင်းရပ်ကွက်ကို ဇူလိုင်လ ၆ ရက်မှာလည်းကောင်း ရှင်းလင်းနိုင်ခဲ့ပြီး မိုးဗြဲမြို့ အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

    အဆိုပါ တိုက်ပွဲများတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နှင့် မဟာမိတ် တပ်ဖွဲ့များအပါအဝင် Free Burma Renger တပ်ဖွဲ့များလည်း ပါဝင်ကြောင်း စစ်ကောင်စီက ဆိုသည်။

    စစ်ဆင်ရေးကြီးတစ်ခုလုံး တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်၊ ရန်သူအလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနှင့် Video File များ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

    အဆိုပါ မိုးဗြဲစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ဖက်က သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသော်လည်း သေဆုံး၊ ထိခိုက်မှု အတိအကျ ဖော်ပြထားခြင်း မရှိပါပေ။

    ဆက်လက်၍ မိုးဗြဲ နှင့် လွိုင်ကော်မြို့တို့ကို ဆက်သွယ်ထားသော လမ်းကြောင်းပေါ်ရှိ ရှင်းလင်းရန် ကျန်နေသေးသော ၄.၅ ကီလိုမီတာ အကွာအဝေးကို အပြီးတိုင် ဆက်လက်ရှင်းလင်းပေးခြင်းဖြင့် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ပင်လောင်း ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီအချိန် ပြန်လည်ဖွင့်လှစ်နိုင်ရန် စီမံဆောင်ရွက်နေကြောင်း စစ်ကောင်စီက ပြောသည်။

    မိုးဗြဲမြို့အပါအဝင် လွိုင်ကော်၊ မိုးဗြဲ၊ ဖယ်ခုံ နှင့် ပင်လောင်း လမ်းကြောင်းကို အပြီးတိုင်ရှင်းလင်းပြီးပါက မိုးဗြဲမြို့ခံများအားလုံး ပြန်လည်နေထိုင်နိုင်ရေးနှင့် အုပ်ချပ်ရေး ယန္တယား အမြန်ဆုံးလည်ပတ်နိုင်ရေး ဆောက်ရွက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    မြေပြင်ရဲဘော်များနှင့် တာဝန်ရှိသူများက မိုးဗြဲမြို့ကို စစ်ကောင်စီထံမှ ပြန်လည်သိမ်းယူမည်ဟု သတင်းမီဒီယာများထံ ပြောကြားထားသည်။

    ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီဖက်က ယခုနှစ်ဦးပိုင်းမှ စတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပြန်လည်ထိန်းချုပ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks