Tuesday, March 17, 2026
More
    spot_img
    Homeသတင်းစစ်မှုထမ်းခေါ်ယူမှု အခက်ခဲကြောင့် အုပ်ချုပ်ရေးမှူးတို့ အကြပ်ရိုက်နေ

    စစ်မှုထမ်းခေါ်ယူမှု အခက်ခဲကြောင့် အုပ်ချုပ်ရေးမှူးတို့ အကြပ်ရိုက်နေ

    -

    စစ်ကောင်စီတို့ သတ်မှတ်ထားသည့် စစ်မှုထမ်း လူဦးရေစာရင်းအတိုင်း ကျေးရွာအုပ်ချုပ်ရေးမှုးတို့က ပို့ဆောင်ရန်ပျက်ကွက်နေသဖြင့်  မြို့နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့တို့က ဖိအားပေးကြပ်မတ်နေသည်ဟု သိရသည်။

    စစ်မှုထမ်းအပတ်စဉ်တိုင်းအတွက် မွန်ပြည်နယ်အတွင်း တစ်မြို့နယ်လျှင် လူဦးရေ ၁၀ မှ ၂၀ ဦးအထိ ပေးပို့နိုင်သော်လည်း လူအစားထိုးရန်ခက်ခဲလာခြင်းတို့ကြောင့် ပြီးခဲ့သည့် စစ်မှုထမ်းအပတ်စဉ် ၁၃ မှစ၍ ၁၀ ဦးအောက်သာ ပေးဆောင်နိုင်တော့ကြောင်း အုပ်ချုပ်ရေးမှုနှင့် နီးစပ်သူတို့မှ သိရသည်။

    ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှုများ လာမည့်စစ်မှုထမ်းအပတ်စဉ်သစ်တိုင်းတွင် အချိန်မှီ လူစုဆောင်းပေးပို့ရန် ထပ်မံကြပ်မတ်ခံထားရပြီး လိုအပ်ပါက ခေါ်ယူတွေ့ဆုံရနိုင်ကြောင်းလည်း ပေါင်မှ ရပ်ကျေးအုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “အုပ်ချုပ်ရေးမှုတွေကို အစည်းဝေးခေါ်တယ်၊ ပြီးတော့ လာမဲ့အပတ်စဉ်အတွက်  မပို့ရသေးတဲ့ ရွာတွေ အချိန်မှီပို့ဖို့ ထပ်ပြီးပြောတယ်။ သူတို့ပြန်ကြပ်မတ်တာပေါ့၊ တစ်ရွာမှာ အနည်းဆုံးက နှစ်ယောက်၊ အများဆုံးက ၈ ယောက်ပေးပို့ရတယ်။ ရွာအလှည့်ကျ ပို့ပေးရတယ်။ ကျနော်တို့ရွာမှာ နှစ်ယောက်ပဲ ပို့ရသေးတယ်” ဟု ဆိုသည်။

    စစ်ကောင်စီ၏ စစ်မှုထမ်းခေါ်ယူစုဆောင်းမှုတွင် အောက်ခြေလူတန်းစားတို့က အဓိကပစ်မှတ်ဖြစ်နေပြီး လူအစားထိုးခြင်း၊ ငွေပေးပြီး လူအရောင်းအဝယ်လုပ်နေခြင်းတို့တွင်လည်း အောက်ခြေလူတန်းစားတို့ အများဆုံးဖြစ်နေကြောင်း သိရသည်။

    အုပ်ချုပ်ရေးမှုးတို့မှ စစ်မှုထမ်းတပ်သားတို့ကို မပို့ဆောင်နိုင်သော်လည်း ကျေးရွာအတွင်း လစဉ်စစ်မှုထမ်းစရိတ် ထောက်ပံ့ကြေးတို့ကို တောင်းခံနေဆဲဖြစ်ကြောင်းလည်း ဆိုသည်။

    “အခုက အစားထိုးစစ်မှုထမ်းတွေကို ရှာရခက်တယ်။ အဲကြောင့် တခြားရွာတွေကနေ လိုက်ရှာပြီး သိန်း ၄၀ နဲ့ငှါးတယ်။ ပြီးတော့ လစဉ်စစ်သားတွေအတွက် ထောက်ပံကြေးကိုလည်း ပေးရတယ်” ဟု သံဖြူဇရပ် ဒေသခံတစ်ဦးက ပြောသည်။

    လာမည့် စစ်မှုထမ်း အပတ်စဉ် ၁၅ အတွက် မွန်ပြည်နယ်တွင် စစ်ကောင်စီအုပ်ချုပ်ရေးမှုးနှင့် တာဝန်ရှိသူတို့က လူသစ်စုဆောင်းခြင်းနှင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်နေဆဲဖြစ်သည်။

    စစ်မှုထမ်းသင်တန်းအတွက် အပတ်စဉ်တစ်ခုတွင် သင်တန်းသားအရေအတွက် (၅၀၀၀)ခန့် သတ်မှတ်ထားပြီး အရေအတွက်ပြည့်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များနှင်အုပ်ချုပ်ရေးမှုများကို မြို့နယ်အနှံ့ရှိ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးလျက်ရှိသည်။

    စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ပြည်တွင်းရှိ လူငယ်များသည် ပြည်ပထွက်ခွါမှု ပိုမိုများပြားနေပြီး စစ်ကောင်စီဘက်မှလည်း ပိတ်ဆိုမှုများ နည်းမျိုးစုံနှင့် ပြုလုပ်နေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks