Tuesday, March 10, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီစစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံထားရသည့် ခြံလုပ်သားတစ်ဦး ပစ်သတ်ခံရ

    စစ်ကောင်စီစစ်ကြောင်းထိုးစဉ် ဖမ်းဆီးခံထားရသည့် ခြံလုပ်သားတစ်ဦး ပစ်သတ်ခံရ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ကလိုင်ပဒေါကျေးရွာဘက်သို့ ပြီးခဲ့သည့် ဇွန်( ၁၂ ) ရက်နေ့မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်တို့သည့် ခြံလုပ်သား ၁၀ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ၉ ဦးတို့ထွက်ပြေးလွတ်မြောက်ပြီး ၁ ဦးပစ်သတ်ခံခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။

    ကလိုင်ပဒေါ၊ကုန်မြင့်သာယာအရှေ့ပိုင်း တောလမ်းတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီအဖွဲ့တို့က လမ်းတစ်လျှောက်ရှိ ဥယျာဉ်ခြံတွင်တွေ့ရသည့် ကရင်လူမျိုး ခြံလုပ်သား(၁၀) ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

    ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီနှင့် ရာမညမွန်တပ်တော် RMA တို့ တိုက်ပွဲဖြစ်ပွားစဉ် ၇ ဦးထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၊ ဇွန်လ ၁၄ ရက်နေ့က ကရင်တော်လှန်ရေးပူးပေါင်းအဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားသည့်နေ့တွင်လည်း ဒေသခံ၂ ဦး လွတ်မြောက်လာခဲ့သည်။

    ထို့နောက် ထွက်ပြေးရန်ကြိုးပမ်းသည့် ကျန်ခြံလုပ်သား (၁) ဦးကို စစ်ကောင်စီတပ်ဖွဲ့တို့က ပစ်ခတ်ရှင်းလင်းခဲ့ပြီး အဆိုပါပစ်ခတ်ခံရသည့် ခြံလုပ်သားသည် ကုန်းမြင့်သာယာရွာမှ ရွာခံတစ်ဦးဖြစ်ကြောင်း မြေပြင်ရှိ တော်လှန်ရေးတပ်သားတစ်ဦးက ပြောသည်။

    “ ရွာသား ၁၀ ယောက်က တိုက်ပွဲဖြစ်ပြီး ရှုပ်ထွေးနေတဲ့အချိန်မှာ လွတ်မြောက်လာတာ ၇ ဦးရှိတယ်၊ ၃ ဦးကျန်တယ်၊ တတိယနေ့ ကရင်တွေနဲ့ထပ်ဖြစ်တော့ နောက်ထပ် ၂ ဦး ထွက်ပြေးလွတ်မြောက်ခဲ့တယ်၊ ကျန်တဲ့တစ်ယောက်ကိုတော့ သူတို့ပစ်သတ်လိုက်တယ်။ ” ဟု ၎င်းကပြောသည်။

    နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားသည့်ရက်မှစ၍ လက်ရှိအချိန်အထိ ကလိုင်ဗဒေါနှင့် ကုန်းမြင့်သာယာရွာတစ်ဝိုက် အခြေအနေငြိမ်သက်နေသော်လည်း စစ်တပ်ဘက်မှ အင်အားဖြည့်တင်းနေသဖြင့် တိုက်ပွဲအချိန်မရွေးဖြစ်လာနိုင်ကြောင်း အထက်ပါတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

    “တိုက်ပွဲစဖြစ်တဲ့နေ့ကစပြီး စစ်တပ်ဘက်က အအားဖြည့်နေတာရှိတယ်။ စစ်ကြောင်းထပ်ထိုးနေတယ်၊ ကျနော်တို့ဘက်လည်း သေချာစုံစမ်းနေရပါတယ်၊ အခြေအနေကလည်း မတည်ငြိမ်သေးဘူးဆိုတော့ သူတို့စစ်ကြောင်းထပ်ဝင်ရင်တိုက်ပွဲကတော့ ထပ်ဖြစ်နိုင် သေးတယ်” ဟု ၎င်းကပြောသည်။

    ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် မိမိနေထိုင်ရာဒေသနှင့်နီးစပ်ရာဝန်းကျင်ရှိ စစ်ရေးသတင်းများကို နားစွင့်သတိရှိကြရန်နှင့် တိုက်ပွဲကြောင့်စစ်ကောင်စီတပ်၏ လက်နက်ကြီးရန်၊ လေကြောင်း အန္တရာယ် များကိုသတိရှိစွာဖြင့် နေထိုင်ကြရန် ရာမညစစ်ကြောင်းမှ သတိပေးတိုက်တွန်းထားသည်။

    အဆိုပါ ကလိုင်ပဒေါနှင့် ကုန်းမြင့်သာယာအနီးတွင် ဇွန်လ ၁၃ ရက်နေ့ နေလယ် ၁၂ နာရီဝန်းကျင်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မွန်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့က စတင်ပစ်ခတ်ခဲ့ရာ နာရီဝက်ခန့် နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks