Friday, March 13, 2026
More
    spot_img
    Homeသတင်းအခြေခံစစ်သင်တန်းမှ သင်တန်းသား ၂ ဦး ကျန်းမာရေးကြောင့် သေဆုံးပြီး၊ သင်တန်းဆရာကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ခဲ့ဟု ထုတ်ပြန်

    အခြေခံစစ်သင်တန်းမှ သင်တန်းသား ၂ ဦး ကျန်းမာရေးကြောင့် သေဆုံးပြီး၊ သင်တန်းဆရာကို အလုပ်ကြမ်းနှင့်ထောင်ဒဏ်ချမှတ်ခဲ့ဟု ထုတ်ပြန်

    -

    ဒေါနတပ်ရင်းလက်အောက်ခံ စစ်ကြောင်း (၂)၊ ရေးပြောက်ကြားတပ်ဖွဲ့ (YGF) မှ ဦးဆောင်ဖွင့်လှစ်သည့် အခြေခံ/အထူးချေမှုန်းရေးသင်တန်း အပတ်စဉ် (၂) တွင် တက်ရောက်နေသည့် သင်တန်းသား (၂) ဦးသေဆုံးမှုသည် ကျန်းမာရေးကြောင့်ဖြစ်ပြီး အချိန်မှီဆေးကုသခွင့်မပြုသည့် သင်တန်းဆရာတစ်ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်ချမှတ်ခဲ့သည်ဟု ဒေါနတပ်ရင်း နည်းဗျူဟာ ၃၃ စစ်ဆင်ရေးဌာနမှ ယမန်နေ့ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဒေါနတပ်ရင်း စစ်ကြောင်း ၂ တွင်ဖြစ်ပွားခဲ့သည့် သင်တန်းသား(၂) ဦးသေဆုံးမှုနှင့်ပတ်သတ်၍ ဗျူဟာ(၃၃) စစ်ဆင်ရေးဌာနမှ ဗျူဟာမှူးကိုယ်တိုင်ဦးစီး၍ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး စစ်ဆေးခဲ့သည်။

    အဆိုပါကော်မတီမှ သေဆုံးခဲ့သည့် သင်တန်းသား ၂ ဦး၌ တစ်ဦးသည် ဌက်ဖျားပိုးဦးနှောက်အတွင်းရောက်ရှိခြင်းကြောင့် သေဆုံးခဲ့ရပြီး ကျန်တစ်ဦးတွင် အဆုတ်ထဲ ပိုးဝင်ခြင်း၊ ချောင်းဆိုးသွေးပါရောဂါအခံရှိခြင်းကြောင်းသေဆုံးခဲ့ရသည်ဟု ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

    ကျန်းမာရေးမကောင်းသည့် သင်တန်းသားတို့ကို အချိန်မှီဆေးကုသခွင့်မပေးမှု၊ သတင်းပေးပို့ရန်ပျက်ကွက်ခဲ့မှုနှင့် သင်တန်းဆရာများလိုက်နာရမည့်စည်းမျဉ်း၊ စည်းကမ်း ဖောက်ဖျက်ခဲ့သည့် သင်တန်းဆရာတစ်ဦးကို ပြီးခဲ့သည့် ဇွန် ၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ချမှတ်ခဲ့ကြောင်းလည်း တာဝန်ရှိသူတို့က ဆိုသည်။

    ဒေါနတပ်ရင်း ဗျူဟာ ၃၃ စစ်ဆင်ရေးမှူး စောဒါးကိုက “အဓိကကတော့ ဒီသင်တန်းက special force သင်တန်းပေါ့နော်။ သင်တန်းကတော့ ကြမ်းတော့ကြမ်းတယ်။ special force နဲ့အညီ သင်တန်းဆရာတွေက သင်တာပေါ့။ ဒါပေမဲ့ သူတို့သေဆုံးတာက ရာသီဥတုကြောင့်လည်း ပါတာပေါ့။ ကျနော်တို့ဘက်မှာတော့ ရာသီတုပ်ကွေးရယ်၊ ငှက်ဖျားရယ် နှစ်ခုပေါင်းပြီး ဖြစ်တယ်။ ကျနော်တို့ရဲ့ သင်တန်းသားတော်တော်များများက အဲဒီလိုတွေ ဖြစ်နေကြတယ်။” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီကို ပြောသည်။

    လက်ရှိအချိန်အထိ သင်တန်းသားအများစုတို့သည် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အသည်းရောင်အသားဝါ ရောဂါဝေဒနာ ခံစားနေရကြောင်းလည်း သိရသည်။

    အခြေခံ/အထူးချေမှုန်းရေးသင်တန်းတွင် သင်တန်းသား အယောက် ၉၀ ကျော်ရှိပြီး သင်တန်းဆရာ ၅ ယောက်ဖြင့် သင်ကြားပေလျှက်ရှိသည်။ သင်တန်းကာလအတွင်း သင်တန်းဆရာ ရဲဘော်ဂျော့က သင်တန်းသားတို့အပေါ် ရိုက်နှက်မှု၊ အပြစ်ပေးမှုကြောင့် သင်တန်းသား ဘထစ်နှင့် ဒိုင်နိုတို့ သေဆုံးခဲ့ရကြောင့် သတင်းဌာနအချို့က ရေးသားဖော်ပြလျှက်ရှိသည်။

    သင်တန်းသား နှစ်ဦးသေဆုံးမှုနှင့်ပတ်သတ်၍ နည်းဗျူဟာ ၃၃ စစ်ဆင်ရေးဌာန၊ စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ပြီး ဆုံးဖြတ်ချက်ရလဒ်များကိုလည်း အခြားတပ်ရင်းအဖွဲ့များနှင့် ပြည်သူလူထုတို့ထံ ဆက်လက်အစီရင်ခံသွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks