Thursday, March 12, 2026
More
    spot_img
    Homeသတင်းလူငယ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း -YDT ကို လူငယ် ၄၁ ဦးတက်ရောက်ပြီးစီး

    လူငယ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း -YDT ကို လူငယ် ၄၁ ဦးတက်ရောက်ပြီးစီး

    -

    မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဒူးပလာယာခရိုင် (တပ်မဟာ – ၆) ခရိုင်ကရင်လူငယ်အစည်းအရုံး – KYO တို့ ဦးဆောင်၍ ပူးပေါင်းဖွင့်လှစ်သော လူငယ်ဖွံ့ဖြိုးတိုးတက်ရေး သင်တန်း -YDT အပတ်စဉ် (၁)ကို တိုင်းရင်းသားလူငယ် ၄၁ ဦး တက်ရောက်ပြီးစီးခဲ့ကြောင်း သိရသည်။

    ကရင်အမျိုးသားအစည်းအရုံး – KNU ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်အတွင်း ၂၀၂၅ခုနှစ်၊ ဧပြီလ (၃)ရက်နေ့မှ မေလ (၂၉)ရက်နေ့အထိ လူငယ်များ၏ နိုင်ငံရေး အသိပညာဗဟုသုတများတိုးပွားလာစေရန်နှင့် လူငယ်မျိုးဆက်သစ် ခေါင်းဆောင်များ ပေါ်ထွက်လာစေရန် လူငယ်ဖွံဖြိုးတိုးတက်ရေး ၂ လတာ သင်တန်းဖွင့်လှစ်သင်ကြားခဲ့သည်။

    “ အနာဂတ်မှာ ဖက်ဒရယ်နဲ့သွားမယ်ဆို‌တော့ ဒီအကြောင်းအရာမတူကွဲပြားမှုတွေ၊ လူငယ်ကနေစပြီးတော့ မတူကွဲပြာတဲ့‌တိုင်းရင်းသားတွေနဲ့အတူ ဒီနိုင်ငံရေးမှာ လုပ်နိုင်စွမ်းရှိတဲ့လူငယ်တွေ၊ တခြားသော စိတ်ပါဝင်စားနေတဲ့လူငယ်တွေပေါ်မှတဆင့်ပြန်မွေးထုတ်တာပေါ့နော် ဒီသင်တန်းက လူတိုင်းတက်လို့ရတယ် လူမျိူးခွဲခြားထားတာတွေမရှိဘူး” ဟု YDT သင်တန်းအတွင်းရေးမှူး ဇွဲညီလင်းက ပြောသည်။

    လက်ရှိနိုင်ငံရေးအခင်းအကျင်းကို လူငယ်တို့နားလည်သဘောပေါက်ရန် လိုအပ်ပြီး၊ အနာဂတ်ဖက်ဒရယ်တည်ဆောက်ရာတွင်လည်း လူငယ်အခန်းကဏ္ဍတို့ အရေးကြီးနေကြောင်း ဆိုသည်။

    သင်တန်းတွင် ဘာသာရပ် ၁၉ ခုထက်မနည်း သင်ကြားပို့ချခဲ့ပြီး အပြန်အလှန်ဆွေးနွေးခြင်းများ ၊ အပတ်စဉ် စကားရည်လုပွဲများ၊ စကားပြောစွမ်းရည်မြှင်တင်ခြင်းများ၊ အုပ်စုဖွဲ့ လှုပ်ရှားခြင်းပုံစံဖြင့် သင်ကြားပို့ချခဲ့သည်။

    နိုင်ငံရေးတွင် လူငယ်တို့ စိတ်ပါဝင်စားမှုနည်းပါးလာခြင်းသည် ‌ နိုင်ငံရေးမျိုးဆက်သစ်များအတွက် အခက်ခဲဖြစ်လာနိုင်ပြီး လူငယ်များ ကျရာနိုင်ငံ့တာဝန်ထမ်းဆောင်ရန် တရားမျှတပြီး ပိုမို‌ကောင်းမွန်သည့် အနာဂတ်သို့ဦးတည်ကြရန် အထက်ပါအတွင်းရေမှူးက တိုက်တွန်းထားသည်။

    “ တည်ဆောက်မဲ့အနာဂတ်တွေမှာ ကျွန်တော်တို့ လူငယ်တွေရဲ့လက်ထဲမှာပဲ ဖြစ်တယ်ဆိုတော့ အခုကတည်းက လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားမှုမရှိဘူးဆိုရင် လာမဲ့အနာဂတ်မှာကျွန်တော်တို့ အခက်ခဲဖြစ်တော့မယ်၊ ဒီစစ်အာဏာရှင်စနစ်ကလဲ သက်ဆိုးပိုရှည်လိမ့်မယ်၊ ကျွန်တော်တို့လူငယ်တွေအနေနဲ့ အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေကို စိတ်ဝင်စားမှုအပြည့်ရှိပြီး ကျွန်တော်တို့နဲ့ပူးပေါင်းလုပ်ဆောင်ဖို့တိုက်တွန်းချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

    မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် ဒူးပလာယာခရိုင် (တပ်မဟာ – ၆) ခရိုင်ကရင်လူငယ်အစည်းအရုံး – KYO တို့ ဦးဆောင်၍ ပူးပေါင်းဖွင့်လှစ်သော လူငယ်ဖွံ့ဖြိုးတိုးတက်ရေး YDT သင်တန်း အပတ်စဉ် (၂)ကို ယခုနှစ်အတွင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

    သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းသားအားလုံး ဒူးပလာယာခရိုင်၊ နို့တကောမြို့နယ်အတွင်းရှိ ကျေးရွာ/အုပ်စု (၄)စုသို့ အုပ်စုခွဲကာ လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် ကျေးရွာတာဝန်ရှိသူများ၊ လူငယ်များနှင့်တွေ့ဆုံ၍အပြန်အလှန် မျှဝေခြင်းများ၊‌ ဆွေးနွေးခြင်းများလည်း ပြုလုပ်ခဲ့ကြသေးသည်။

    မော်လမြိုင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့သည် စစ်အာဏာသိမ်းလေးနှစ်တာကာလအတွင်း အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ပွဲဝင်နေသည့် မွန်၊ကရင်တော်လှန်ရေးအဖွဲ့တို့နှင့် အတူတကွ တိုက်ပွဲဝင်နေသည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်နိုင်ရေး၊ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးနှင့် မွန်ဒေသအတွင်းရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီများတွင် ပါဝင်လျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks