spot_img
Wednesday, March 4, 2026
More
    spot_img
    Homeသတင်းစစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်မည်ဟု TNLA ပြော

    စစ်အာဏာရှင်စနစ်ကို အပြီးတိုင် တိုက်ဖျက်မည်ဟု TNLA ပြော

    -

    စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ အပြီးတိုင် တိုက်ဖျက်သွားမည်ဟု ပ‌လောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) မှ ပြန်ကြားရေး တာဝန်ခံ လွေးယေဦးက ပြောသည်။

    ယနေ့ မေလ ၅ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် TNLA ၏ သတင်းစာရှင်းလင်းပွဲတွင် TNLA ၏ နိုင်ငံရေးခံယူချက်အပေါ် ပြန်ကြားရေးတာဝန်ခံက ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

    “တော်လှန်ရေး ခံယူချက်ကတော့ PSLF/TNLA သည် စစ်အာဏာရှင် ကျဆုံးသည်အထိ အမြဲရပ်တည် တည်ရှိမှာ ဖြစ်ပါတယ်။ ကျမတို့ရဲ့ မျှော်မှန်းချက်ကလည်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ စစ်အာဏာရှင် ဖိနှိပ်မှု၊ စစ်အာဏာရှင် အုပ်စိုးမှုစနစ်ကနေ ကင်းဝေးပြီးတော့မှ အပြီးတိုင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လက်ရှိအချိန်ထိကတော့ တော်လှန်ရေး ကာလဖြစ်တဲ့အခါကြတော့ ကျမတို့ ရည်မှန်းချက်၊ ကျမတို့ မျှော်မှန်းချက်က သူ့အရွေ့နဲ့သူပေါ့နော်၊ သွားနိုင်တဲ့ အခန်းကဏ္ဍကနေပြီး သွားနေတာ ဖြစ်ပါတယ်” ဟု လွေးယေဦးက ပြောသည်။

    ညီနောက်မဟာမိတ် ၃ ဖွဲ့သည် မေလကုန်အထိ ယာယီအပစ်ရပ် ကြေညာထားသော်လည်း စစ်ကောင်စီ၏ ထိုးစစ်များကြောင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။

    TNLA ၏ စစ်အာဏာရှင်တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် တရုတ်အစိုးရ၏ ဖိအားပေးမှုများရှိနေပြီး အဆိုပါဖိအားပေးမှုကို ကျော်လွှားနိုင်ရေး နည်းလမ်းများရှာဖွေနေသည်ဟုလည်း လွေးယေဦးက ဆက်ပြောသည်။

    “လတ်တလောမှာတော့ ကျမတို့ TNLA သည် တရုတ်အစိုးရ ဦးဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုကတော့ ပြီးသွားပါပြီ။ ဩဂုတ်လကုန်ပိုင်းတော့ ပြန်လည်တွေ့ဆုံဖို့ ရှိပါတယ်။ လက်ရှိကတော့ တစ်ဖက်နဲ့ တစ်ဖက် အပစ်ရပ်ဖို့လည်း ကြေညာထားပါတယ်။ လက်ရှိအချိန်ထိကတော့ မေလကုန်အထိ စစ်ရေးအရကတော့ ဆက်ရှိနေမှာဖြစ်တယ်။ ကျမတို့ ထုတ်ပြန်ထားတဲ့အတိုင်း ဖြစ်ပါတယ်။ တရုတ်အစိုးရရဲ့ ဖိအားကတော့ ဆက်ရှိနေပါတယ်။ ဒါပေမဲ့ ကျမတို့ ဒီဟာကို နည်းလမ်းပြီးတော့မှ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    လက်ရှိတွင် စစ်ကောင်စီသည် TNLA သိမ်းပိုက်ထားသော နောင်ချိုမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို ကျောက်မဲ၊ သီပေါ၊ မိုးကုတ်မြို့များကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

    ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA သည် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ် နှင့် သီပေါ စသည့်မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks