Saturday, March 14, 2026
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ ပေါင်းစည်းကြောင်း ထုတ်ပြန်

    မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)တို့ ပေါင်းစည်းကြောင်း ထုတ်ပြန်

    -

    မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပေါင်းစည်းပြီး "ဒပ်မန်ရာမည-ရာမညမွန်တပ်တော်- Ramonmya Mon Army (RMA)” ကို  ဖွဲ့စည်းလိုက်ကြောင်း ယနေ့ မေလ ၂၄ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။

    တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းစည်းရေးကို NMSP-AD နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့နှင့် MLA ဦးဆောင်အဖွဲ့တို့ပါဝင်သည့် NMSP-AD နိုင်ငံရေစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။

    အဆိုပါ (NMSP-AD) နိုင်ငံရေး စစ်ရေးကော်မတီ ဦးဆောင်မှုဖြင့် "ရာမညမွန်တပ်တော် RMA" ၏ စစ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်ထည်ဖော်ရန် အဖွဲ့ဝင် ၇ ဦးပါသည့် စစ်ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှုးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှုးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) အဖြစ် ဗိုလ်မှုးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးထားသည်ဟု ဖော်ပြထားသည်။

    ထို့ကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ရာမညမွန်တပ်တော်( NMSP(AD)/RMA)တို့အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းအတွက် တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်များနှင့်အတူး ပူပေါင်းတိုက်ပွဲဝင်သွားမည်ဟု တိုက်တွန်းပြောဆိုထားသည်။

    Previous article
    Next article

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks