မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD)နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပေါင်းစည်းပြီး "ဒပ်မန်ရာမည-ရာမညမွန်တပ်တော်- Ramonmya Mon Army (RMA)” ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ မေလ ၂၄ ရက်နေ့တွင် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ထုတ်ပြန်ထားသည်။
တပ်ဖွဲ့နှစ်ဖွဲ့ပေါင်းစည်းရေးကို NMSP-AD နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့နှင့် MLA ဦးဆောင်အဖွဲ့တို့ပါဝင်သည့် NMSP-AD နိုင်ငံရေစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးဖြင့် ဖွဲ့စည်းထားသည်။
အဆိုပါ (NMSP-AD) နိုင်ငံရေး စစ်ရေးကော်မတီ ဦးဆောင်မှုဖြင့် "ရာမညမွန်တပ်တော် RMA" ၏ စစ်ရေးဆိုင်ရာ လုပ်ငန်းများကို အကောင်ထည်ဖော်ရန် အဖွဲ့ဝင် ၇ ဦးပါသည့် စစ်ကော်မတီကို ဖွဲ့စည်းထားပြီး စစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှုးချုပ်စလွန်းထော၊ ဒုစစ်ဦးစီးချုပ် (၁) ဗိုလ်မှုးကြီးစိုးဝင်းနှင့် ဒုစစ်ဦးစီးချုပ် (၂) အဖြစ် ဗိုလ်မှုးကြီးကျည်ဆံတို့အား ခန့်အပ်တာဝန်ပေးထားသည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး၊ ရာမညမွန်တပ်တော်( NMSP(AD)/RMA)တို့အနေဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသည့် မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာရှင်စနစ် အမြန်ဆုံးချုပ်ငြိမ်းအတွက် တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်အဖွဲ့အစည်းများ၊ ပြည်သူ့ကာကွယ်ရေး တပ်များနှင့်အတူး ပူပေါင်းတိုက်ပွဲဝင်သွားမည်ဟု တိုက်တွန်းပြောဆိုထားသည်။
