Thursday, March 12, 2026
More
    spot_img
    Homeသတင်းဘားအံခရိုင်အတွင်းက စစ်ကောင်စီဗျူဟာတပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    ဘားအံခရိုင်အတွင်းက စစ်ကောင်စီဗျူဟာတပ်စခန်းကို KNLA ပူးပေါင်းတပ် သိမ်းပိုက်

    -

    ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံးအုပ်ချုပ်နယ်မြေအတွင်း ဝင်ရောက် ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ‌ဗဟိုက ယနေ့ ထုတ်ပြန်သည်။

    ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ကာတဲကျေးရွာအနီး ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီ ခလရ−၂၄ နှင့် အမြောက်တပ် အမတ−၃၁၁ အခြေစိုက်သည့် တညာကျိုး(ခ) တာလယ်ဗျူဟာစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ် KNDO တို့က မေလ ၁၃ ရက်နေ့ ညက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။

    စခန်းသိမ်းပိုက်စဉ်အတွင်း စစ်ကောင်စီအမြောက်တပ်မှ ဗိုလ်ကြီး ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးခဲ့ပြီး၊ ခလရ ၂၄ ဒုတပ်ရင်းမှူး ထွက်ပြေးလွတ်မြောက်သွားကြောင်း KNU က ထုတ်ပြန်ထားသည်။

    ထိုထွက်ပြေးလွတ်မြောက်သွားသော ခလရ ၂၄ ဒုတပ်ရင်းမှူးနှင့် စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်တို့က လိုက်လံဖမ်းဆီး လျှက်ရှိသည်ဟု ဆိုသည်။

    တညာကျိုး(တာလယ်) စခန်းကို ၁၉၈၆ ခုနှစ်က စစ်တပ်မှ စတင်တည်ဆောက်ခဲ့ပြီး ထိုအချိန်မှစပြီး အနီးဝန်ကျင်ရှိ ကျေးရွာများမှ ပြည်သူများ လွတ်လပ်စွာ သွားလာလုပ်ကိုင် ရှာဖွေစားသောက်ခွင့်များ ဆုံးရှုံးခဲ့ရသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks