Tuesday, March 17, 2026
More
    spot_img
    Homeသတင်းမော့ကနင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦး စစ်တပ်မှထောင်ထားသည့်မြေမြှုပ်မိုင်းနင်းမိ

    မော့ကနင်ကျေးရွာ ဒေသခံအမျိုးသားတစ်ဦး စစ်တပ်မှထောင်ထားသည့်မြေမြှုပ်မိုင်းနင်းမိ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအခြေစိုက် စစ်ကောင်စီ ခလရ ၁၀၆ တပ်အနီးဝန်းကျင်တွင် အဆိုပါတပ်ရင်းမှ ထောင်ထားသည့်မြေမြှုပ်မိုင်းနင်းမိပြီး ဒေသခံအမျိုးသားတစ်ဦး ခြေထောက်ပြတ်ရှ ဒဏ်ရာကြောင်းဒေသခံတို့၏ ပြောကြားချက်အရသိရသည်။

    ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် အသက် ၄၀ အရွယ် ကားဆိပ်ရပ်ကွက်နေ အမျိုးသားတစ်ဦး ခလရ ၁၀၆ တပ်ရင်းအနီး ဖြတ်သန်းသွားလာရင်း မြေမြှပ်မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်ဟု ရေးဒေသခံတစ်ဦးက ဆိုသည်။

    “ ၁၀၆ အရှေ့ဘက်ပိုင်းမှာပဲ ရော်ဘာခြံလိုနေရာမှာထိတာ၊ တော်လှန်ရေးအဖွဲ့တွေကို စိုးရိမ်ပြီးထောင်ထားတယ်၊ အချို့နေရာဆိုသူတို့စာလည်းကပ်ထားတာရှိတယ် အခုသူထိတဲ့နေရာက သူတို့မိုင်းမြှုပ် ထားပြီး စာတွေမကပ်ထားရဘူး အဲ့ဘက်မှာ အစီးခြစ်တဲ့သူတွေလည်းရှိနေတယ်"ဟု ဆိုသည်။

    ခလရ ၁၀၆ တပ်ရင်းရှိ စစ်ကောင်စီတပ်စခန်း အနီးတစ်ဝိုက်တွင် စစ်ကောင်စီအဖွဲ့မှ မြေမြှပ်မိုင်းများ ထောင်ထားသဖြင့် အနီးတစ်ဝိုက် နေထိုင်သည့် ဒေသခံများနှင့် ရာဘာခြံလုပ်သားများ အဆိုပါနေရာတစ်ဝိုက် သွားလာခြင်းမပြုရန်နှင့် မကျူးကျော်ရန် တားမြစ်ထားကြောင်း သိရသည်။

    သို့သော် လက်ရှိမြေမြှုပ်မိုင်းနင်းမိသည့်နေရာတွင် တားမြစ်ကန့်သတ်ထားခြင်း တစ်စုံတစ်ရာမရှိဘဲ ဖြတ်သန်းသွားလာသည့် တော်လှန်ရေးတပ်ဖွဲ့တို့ကို ထိခိုက်စေရန် ထောင်ထားသည့်နေရာဖြစ်ကြောင်း ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်ရန်နိုင်က ပြောသည်။

    “ အခုနင်းမိတဲ့ နေရာမှာဆိုရင်စာကပ်ထားတာ မရှိဘူး၊ သူတို့(စကစ)တွေ သတိပေးထားတဲ့ အန္တရာယ်ရှိနေရာက မိုင်းရှိတဲ့နေရာ ဟုတ်ချင်မှဟုတ်မယ်၊ ကွမ်သတ်စခန်းမှာကျနော်တို့ဝင်စီးတုန်းကဆို သူတို့သတိပေးတဲ့နေရာမှာတကယ်တမ်း ဘာမှမရှိနေဘူး၊ သူတို့ထောင်ထားတဲ့မိုင်းကိုအရပ်သားတွေပဲထိတာများတယ်" ဟု ၎င်းကပြောသည်။

    စစ်ကောင်စီမှ တော်လှန်ရေးအဖွဲ့မှဝင်ရောက်တိုက်ခိုက်မည်ကိုစိုးရိမ်သဖြင့် ယမန်နှစ်ကပင် ခလရ ၁၀၆ နှင့် ခမရ ၅၈၈ တပ်တို့ကြားတွင်မြေမြှုပ်မိုင်းထောင်ထားခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့တို့မှ ထိခိုက်ခြင်းမရှိဘဲ ဒေသခံပြည်သူများသာ ထိခိုက်နေဟု ၎င်းကဆက်ပြောသည်။

    မြေမြှုပ်မိုင်းကြောင့် ခြေထောက်ပြတ်ရှသွားသည့် ဒေသခံအမျိုးသားကို (မော့ကနင်) ရွှေဟင်္သာလူမှုကူညီရေးအသင်းမှ လမိုင်းဆေးရုံသို့ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

    ရေး – တနင်္သာရီလမ်းပိုင်းတွင် ဒေသတွင်းအခြေစိုက်တပ်ဖွဲ့ဝင်များဖြစ်သည့် မွန်ပြည်သစ်ပါတီ MNSP AD၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF တို့အကြားတိုက်ပွဲမကြာခဏဖြစ်ပွားသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များမဝင်ရောက်နိုင်ရန် မြေမြှပ်မိုင်းထောင်းခြင်းတို့ လုပ်ဆောင်လျှက်ရှိသည်။

    ယခုနှစ် မွန်ပြည်နယ်အတွင်း မြေမြှပ်မိုင်းနင်းမိ ပေါက်ကွဲမှုဖြစ်စဉ် ၃ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသား ၁ ဦးနှင့် မျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks