spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းရေဖြူမြို့နယ်၊ မင်းသားကျေးရွာဘက်တွင် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမားနေ

    ရေဖြူမြို့နယ်၊ မင်းသားကျေးရွာဘက်တွင် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမားနေ

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်တိုက်နယ်၊ မင်းသားကျေးရွာတွင် နှစ်ဖက်စစ်ရေး ဆက်လက်တင်းမားလျက်ရှိကြောင်း တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ယမန်နေ့ ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်ကစပြီး မင်းသားကျေးရွာတွင် ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့ ဧပြီလ ၂၁ ရက်နေ့အထိ နှစ်ဖက်စစ်ရေးတင်းမားနေသည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ပြောသည်။

    “တိုက်ပွဲကတော့ မပြီးသေးဘူး။ ဆက်ဖြစ်ဖို့တော့ အခြေအနေရှိနေတယ်။ ဒါကြောင့် လောလောဆယ် စစ်ရေးအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်သေးဘူး။ မနေ့က တိုက်ပွဲမှာတော့ ရန်သူဘက်ရော ကိုယ်တွေဘက်ရော နှစ်ဖက်ထိခိုက်မှုတွေ ရှိခဲ့တယ်။ ကျနော်တို့ဘက်ကျတော့ ကျဆုံးသွားတာတော့ မရှိဘူး။ ထိခိုက်ဒဏ်ရာပဲ ရှိတယ်။ သတိပေးချင်တာက ဒီညနေရော၊ မနက်ဖြန်ရော အချိန်မရွေး ဆက်ဖြစ်သွားဖို့ ရှိတယ်” ဟု MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။

    မင်းသားကျေးရွာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားပြီးနောက် မင်းသားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများကို ကံပေါက်အခြေစိုက် မောရဝတီရေတပ်နှင့် ကလိန်အောင်အခြေစိုက် စစ်ကောင်စီတပ်ရင်းဖြစ်သည့် ခလရ ၂၈၂ တို့မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့်လည်း ကင်းထောက်ပျံဝဲလျက်ရှိသည်ဟု ဒေသခံတို့က ပြောသည်။

    “မနေ့က တိုက်ပွဲဖြစ်တယ်။ လက်နက်သံတွေကတော့ မနက်ကနေ နေ့လယ်ခင်းအထိ ကြားနေရတယ်။ တိုက်ပွဲဖြစ်ပြီး ခဏအတွင်းမှာတော့ လက်နက်ကြီး ဆက်တိုက်ပစ်နေတယ်။ လေယာဉ်တွေနဲ့ ကင်းလှည့်နေသလို လုပ်နေတယ်။ လောလောဆယ် တိတ်ဆိတ်နေတော့ မပြေးကြသေးဘူး။ ဘယ်လိုဆက်လာမလဲတော့ မသိဘူး” ဟု မင်းသားကျေးရွာအုပ်စုမှ ဒေသခံတစ်ဦးက ပြောသည်။

    လက်ရှိအချိန်တွင် နှစ်ဖက်ပစ်ခတ်သံများ ငြိမ်သက်နေသော်လည်း မောရဝတီရေတပ်နှင့် စစ်ကောင်စီတပ်တို့က မင်းသားကျေးရွာအုပ်စုအတွင်း အင်အားဖြည့်တင်းနေသည်ဟု သိရသည်။

    ထိုကြောင့် မင်းသားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် ဆင်ကူးရွာ၊ မင်းသားရွာ၊ လယ်ကြီးရွာ၊ ဆင်စွယ်ရွာနှင့် စိန်ဘုံရွာ စသည့် ကျေးရွာများရှိ ဒေသခံပြည်သူများက ခဏတဖြုတ် တိမ်းရှောင်နေကြရသည့် အနေအထား ရှိသည်ဟု တော်လှန်ရေးအဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။

    ရေဖြူမြို့နယ်၊ မင်းသားကျေးရွာတိုက်ပွဲကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်းနှင့် ရေဖြူဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ ဖော်ဆောင်နေခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks