Home သတင်း မုဒုံဒေသခံအမျိုးသား(၂) ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ဆို

မုဒုံဒေသခံအမျိုးသား(၂) ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ခြင်းဖြစ်နိုင်သည်ဟု ဒေသခံအချို့ဆို

Screenshot

မွန်ပြည်နယ် မုဒုံမြို့နယ် ကလော့သော့နှင့် ကော့ခပီထော ဒေသခံအမျိုးသား(၂) ဦးကို စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့မှ ပစ်ခတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

ကလော့သော့ ကျေးရွာအဝင်လမ်းဝ ကျေးလက်ကျန်းမာရေးဌာနရှေ့တွင် အသက်(၂၅) နှစ်အရွယ် ကလော့သော့ကျေးရွာရပ်ကွက်(၁) နေ မွန်ထိုင်းနှင့် ကော့ခပီထောကျေးရွာနေ အာဂလန်တို့ ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ နံနက် ၂ နာရီတွင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်ခတ်ခံရသူတို့သည် ခိုးဆိုးလုယက်မှုကြောင့် မကြာခဏ အရေးယူခံနေရပြီး ထိုအခြေအနေကြောင့်လည်း ညဘက်လှည့်လည်သွားလာနေစဉ် ရွာထိပ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်အဖွဲ့တို့မှ ချောင်းမြောင်းပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း မုဒုံဒေသခံတစ်ဦးက ဆိုသည်။

“ အနီးနားတစ်ဝိုက်မှာ ကင်းပုန်းဝပ်စောင့်နေတာမျိုးတော့မရှိဘူး၊ ဒါပေမဲ့ ပြည်သူ့စစ်အဖွဲ့တွေက လှည့်လည်နေတာတွေရှိတယ်၊ ဘယ်သူမှတော့ သေချာမသိဘူးပေါ့နော် ရွာအပြင်မှာဖြစ်နေတော့၊ အတိအကျလဲမပြောရဲကြဘူး ” ဟုဆိုသည်။

ထိုနေ့မနက်ပိုင်းတွင် သေနတ်သံ(၆) ချက်ကြားခဲ့ရကြောင်နှင့် သေဆုံးမှုဖြစ်စဉ်နေရာအနီးတစ်ဝိုက်တွင် AK-47 ကျည်ခွံ (၆) ခုကိုတွေ့ရှိထားကြောင်းလည်း ဆက်ပြောသည်။

သေဆုံးသူ (၂) ဦး၏ ရုပ်လောင်းများကို မုဒုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒေသခံလူမှုကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ထားပြီး ၎င်းအမျိုးသား ၂ ဦးတွင် လူငယ်အချင်းချင်းကြား ရန်ညှိုးရန်စရှိခဲ့ဖူးကြောင်းလည်း ၄င်းဒေသခံက ဆက်ပြောသည်။

ပစ်ခတ်ခံရမှုနဲ့ ပတ်သတ်၍ ဒေသခံတို့ကြား အမျိုးမျိုး ပြောဆိုလျှက်ရှိပြီး IMNA မှ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ပစ်ခတ်ခံရသူနှစ်ဦးမှာ ကလော့သော့နှင့် အနီးတစ်ဝိုက်ရှိ ရွာတို့တွင် ဆိုင်ကယ်၊ဖုန်းနှင့် အခြားတန်ဖိုးရှိပစ္စည်းတို့ကို ခိုးယူနေသဖြင့် လတ်တလော မုဒုံမြို့နယ်အတွင်းရှိ ရဲစခန်းတို့တွင် တိုင်ချက်ဖွင့်ခံထားရဆဲဖြစ်သည်။

စစ်တပ်ထောက်ခံ တယ်လီဂရမ်ချာနယ်မှ လူငယ်အမျိုးသားနှစ်ဦး AK-47 ကျည်အခွံနှင့်အတူ ကလေ့ာသော့ရွာတွင် သေဆုံးနေခဲ့ကြောင်း ရေးသားဖော်ပြထားသေးသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.