spot_img
Monday, February 3, 2025
More
    spot_img
    Homeသတင်းစစ်ကောင်စီ၏ ရွေးကောက်ပွဲပြင်ဆင်ဆောင်ရွက်မှု ဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေးမျှသာဖြစ်နေ

    စစ်ကောင်စီ၏ ရွေးကောက်ပွဲပြင်ဆင်ဆောင်ရွက်မှု ဝါဒဖြန့်စိတ်ဓာတ်စစ်ဆင်ရေးမျှသာဖြစ်နေ

    -

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရှုံးနေသည့် စစ်ကောင်စီမှ ၎င်းတို့ ထိန်းချုပ်မှုအောက်တွင်ရှိနေသည့် မော်လမြိုင်၊ ချောင်းဆုံနှင့် ပေါင်မြို့နယ်အတွင်း ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာတို့ကို  ပြင်ဆင်ဆောင်ရွက်နေခြင်းသည် ဝါဒဖြန့် စိတ်ဓာတ်စစ်ဆင်ရေးလုပ်နေသည့် သဘောသာဖြစ်နေသည်ဟု တော်လှန်ရေးအင်အားစုအဖွဲ့တို့က ပြောသည်။

     စစ်ကောင်စီ မွန်ပြည်နယ်ဝန်ကြီးချုပ်အဖွဲ့မှ  ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးအဖွဲ့တို့နှင့် ပြီးခဲ့သည့် ဇန်နဝါရီ ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းအတွက် မော်လမြိုင် အောင်ဆန်းခန်းမတွင် တွေ့ဆုံခဲ့သည်။

    တွေ့ဆုံပွဲတွင် မဲစာရင်း ပြည့်စုံမှန်ကန်ရေးအတွက် ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် မြေပြင်စာရင်း ကောက်ယူရေးကော်မတီမှပေးပို့သည့် လူဦးရေစာရင်းနှင့် လဝကစာရင်းတို့ကို တိုက်စစ်ရန်ဖြစ်ပြီး အခြားရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အသေးစိတ်အချက်အလက်တို့ကို ထုတ်ပြန်ထားခြင်းမရှိပေ။

    တော်လှန်ရေးထိုးစစ်အရှိန်နည်းပါးပြီး စစ်ကောင်စီထိန်းချုပ်မှုအောက်တွင်ရှိနေသည့် မွန်ပြည်နယ်အတွင်း နိုင်ငံအချုပ်အခြာအာဏာထိန်းသည့် အနေဖြင့်  ရွေးကောက်ပွဲလုပ်ငန်းစဉ်ပြင်ဆင်မှု လုပ်ဆောင်နေသော်လည်း မြို့နယ်အနည်းအကျဉ်းကိုသာ စည်းရုံးလုပ်ဆောင်နိုင်လိမ့်မည်ဟု မွန်ပြည်ဖယ်ဒရယ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲ ဆန့်ကျင်တိုက်ဖျက်ရေးကော်မတီတာဝန်ခံ ဒေါက်တာသီရိမွန်ချမ်းကပြောသည်။ 

    “ စိတ်ဓာတ်စစ်ဆင်ရေး၊ ဝါဒဖြန့်တဲ့ကစားကွက်တွေပဲလို့ ပြောချင်တယ်၊ တစ်နိုင်ငံ စစ်ရှုံးနေကြတော့ ဒီမွန်ပြည်နယ်မှာ အကောင်အထည် ဖော် လှုပ်ရှားလို့ရသေးတယ် စစ်ရေးဘက်မှာလည်း မပြင်းထန်သေးဘူး ဆိုတော့နိုင်ငံအချုပ်အခြာ အာဏာထိန်းနိုင်တဲ့နေရာမှာ ဝါဒဖြန့်တဲ့သဘောပါပဲ၊ဒီ ၂၀၂၅ မှာ ရွေးကောက်ပွဲ လုပ်ဖို့ကတော့ တော်တော် ကိုခက်နေတဲ့ အနေအထားပါပဲ သူတို့လုပ်ဆောင်နိုင်တာက ၃ မြို့နယ်လောက်ပဲရှိမှာပါ ” ဟု ၎င်းကပြောသည်။ 

    ယခုရက်ပိုင်းအတွင်း မော်လမြိုင်မြို့ပေါ်နှင့်ချောင်းဆုံမြို့နယ် ကျေးရွာတို့တွင်စစ်ကောင်စီမှ အိမ်ထောင်စုစာရင်းမိတ္တူလိုက်လံ ကောက်ခံနေပြီး စစ်ကောင်စီ ရွေးကောက်ပွဲအဖွဲ့မှ အဆိုပါအိမ်ထောင်စုစာရင်းမှ လူဦးရေစာရင်းတို့ကို  ပြန်လည်အတည်ပြုနေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူတို့်မှ သိရသည်။

    ချောင်းဆုံဒေသခံတစ်ဦးက “ လူဦးရေဘယ်လောက်သိချင်လို့ပဲ tablet နဲ့ပဲလာကြတယ် မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းထုတ်ခိုင်းတယ် တိုက်ကြည့်တယ်၊ အိမ်မှာမရှိတဲ့သားသမီးတွေကိုဆို ဘယ်နိုင်ငံမှာ ရှိတယ်က အစမေးတယ်၊တစ်ရွာနဲ့တစ်ရွာမတူဘူး ဝတ္တရားကျေလောက်လာကောက်တာလည်းရှိတယ် အိမ်ထောင်စုစာရင်း မိတ္တူနှစ်စောင်ကို အုပ်ချုပ်ရေးမှူးရုံး ပို့ရတာလည်းရှိတယ် ” ဟု ၎င်းကပြောသည်။

    အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ မြေပြင်လူဦးရေစာရင်းများ ပြန်လည်အတည်ပြုခြင်း လုပ်ငန်းစဉ်တို့ကို စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်းများနှင့် ပြည်ခိုင်ဖြိုးပါတီတို့က ပူးပေါင်းဆောင်ရွက်နေကြောင်း သတင်းထွက်ပေါ်လျှက်ရှိသည်။

    သို့သော် ရွေးကောက်ပွဲပြင်ဆင်စာရင်းကောက်ခံမှုကို လုပ်ဆောင်ခဲ့ခြင်းမရှိဟုလည်း ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက လွတ်လပ်သောမွန်သတင်းအေဂျင်စီကိုပြောသည်။

    စစ်ကောင်စီ၏ ရွေးကောက်ပွဲကို မွန်ပြည်နယ်တွင် မော်လမြိုင်၊ ချောင်းဆုံ၊ပေါင်စသည့်မြို့နယ်တို့တွင်ရာခိုင်နှုန်းပြည့်ကျင်းပနိုင်ပြီး ကျန်သည့် မြို့နယ် တို့တွင် လုံခြုံရေးတပ်ဖွဲ့အကူအညီနှင့်ဖြစ်စေ၊ အီလက်ထရွန်းနစ်မဲပေးစနစ်နှင့်ဖြစ်စေ အတိုင်းအတာတစ်ခုအထိ ကျင်းပလာနိုင်ကြောင်းလည်း  မွန်သုတေသနအဖွဲ့နှင့် ရွေးကောက်ပွဲ သုံးသပ်သူတို့ကြား မှတ်ချက်ပြုပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,600SubscribersSubscribe
    spot_img

    Latest posts