spot_img
Wednesday, June 18, 2025
More
    spot_img
    Homeသတင်းဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်သားများကို KNLA လိုက်လံတိုက်ခိုက်

    ဖာပွန် မထောစခန်းမှ ထွက်ပြေးစစ်သားများကို KNLA လိုက်လံတိုက်ခိုက်

    -

    ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်အတွင်းရှိ မထောစခန်းကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာလ ၂၂ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

    ဖာပွန်ခရိုင်အတွင်းက မထောစခန်းကို KNLA က တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားအချို့တို့က စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ကြသည်။

    အဆိုပါ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို KNLA က လိုက်လံ တိုက်ခိုက်ခဲ့ကြောင်း မြေပြင်စစ်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

    “သူတို့ နယ်မြေတွေဘက်ကို ထွက်ပြေးတာပေါ့နော်။ ကစယ်သဲဖလယ်နဲ့ ခွေးသေ (ထွီသီးအူ) ဘက်ကို ဆုတ်တာ။ အဲ့တာကို ကျွန်တော်တို့ဘက်က လမ်းမှာ စောင့်ပြီးတိုက်တာ။ ဒရုန်းတပ်တွေ၊ စနိုက်ပါတပ်တွေလည်းပါတယ်။ အဲ့တာကြောင့် သူတို့ဘက်ကလူတွေလည်း အထိနာကြတယ်။ လက်နက်တွေလည်းရထားတယ်” ဟု ၎င်းက ပြောသည်။

    မထောစခန်းသည် စစ်ဒေသကွပ်ကဲမှုဌာနချုပ် စကခ ၈ လက်အောက်ခံတပ်များဖြစ်သည့် ခမရ ၄၀၇၊ ခမရ ၄၀၈ နှင့် ခမရ ၄၀၄ မှ တပ်သားများ စုပေါင်းအခြေစိုက်ထားသည့် စခန်းကြီး ဖြစ်သည်။

    ဖာပွန်ဗျူဟာကို အထောက်အပံ့ပေးနေသည့် စခန်းကြီးများဖြစ်သည့် မထောစခန်း၊ ကူးဆိပ်စခန်း၊ ခေါပုတ် စခန်းတို့ကို KNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ထားပြီ ဖြစ်သည်။

    ထို့ကြောင့် KNU တပ်မဟာ ၅ နယ်မြေအတွင်း ဖာပွန်ဗျူဟာတစ်ခုသာ သိမ်းပိုက်ရန် ကျန်သာရှိပြီး အဆိုပါစခန်းကိုလည်း KNLA နှင့် PDF တပ်တို့က ရိက္ခာဖြတ်တောက် ပိတ်ဆို့ထားကြသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts