spot_img
Monday, August 4, 2025
More
    spot_img
    Homeသတင်းဆက်ကြေးငွေမပေးသဖြင့် ရာဘာခြံအလုပ်သမားတန်းလျားကို မီးရှို့

    ဆက်ကြေးငွေမပေးသဖြင့် ရာဘာခြံအလုပ်သမားတန်းလျားကို မီးရှို့

    -

    မင်းသုတ- အစိုးရရာဘာခြံဝန်ထမ်းများထံမှ ဆက်ကြေးငွေမရသဖြင့် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အလုပ်သမားတန်းလျားများကို မီးရှို့လိုက်ကြောင်း ဒေသခံများပြောကြားချက်အရ သိရသည်။

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တောင်ဖက်အစွန် ကွမ်လှာကျေးရွာနှင့် ဖေါင်စိန်ကျေးရွာအကြားရှိ အမှတ်(၂) စက်မှုဝန်ကြီးလက်အောက်ခံ မြန်မာ့နှစ်ရှည်ရာဘာလုပ်ငန်း (ဒေသအခေါ်-ဗိုလ်ခြံ) ၏ ရာဘာခြံအလုပ်သမားတန်းလျားတဲ (၅) လုံးအား ယခုလ (နိုဝင်ဘာ-၅) ရက်နေ့ညပိုင်းတွင် မီးရှို့လိုက်ခြင်းဖြစ်သည်။

    “ဒီအနီးအနားတဝိုက်မှာလှုပ်ရှားနေတဲ့ ကိုရင်သန်းလွင်အဖွဲ့က ဒီဗိုလ်ခြံကဝန်ထမ်းတွေဆီကို ငွေ (၁၂) သိန်းတောင်းခံထားတယ်၊ ငွေမပေးလို့ဆိုပြီး မီးလာရှို့လိုက်တယ်၊ အလုပ်သမားတွေကိုတော့ ရန်မရှာဘူး၊ ခြိမ်းခြောက်စာတွေလည်းဖြန့်ထားတယ်” ဟု အမည်မဖေါ်လိုသော ဖေါင်စိန်ရွာမှ ရာဘာခြံသမားတစ်ဦးက ပြောသည်။

    ထိုသို့မီးရှို့ခံရသည့်အတွက် ခြံအလုပ်သမား ၂၀ ခန့် ဘေးလွတ်ရာသို့ထွက်ပြေးကြရပြီး ပစ္စည်းတချို့မီးလောင်ရာပါသွားကြသည်ဟု အထက်ပါရာဘာခြံသမားက ဆက်ပြောသည်။

    အနီးပတ်ဝန်းကျင်ရှိ ကွမ်လှာကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးအဆိုအရ အခင်းဖြစ်ပွားရာအနီးတဝိုက်ဖြစ်သော ဖေါင်စိန်၊ ကွမ်လှာ၊ ရောင်းဒေါင်းကျေးရွာ မော်တော်ကားလမ်းမကြီးအရှေ့ဖက်တလျှောက်တွင် မြန်မာစစ်တပ်များ ပိုက်စိတ်တိုက်ရှာဖွေနေသော်လည်း ယနေ့အထိ ထူးခြားသည့်သတင်းမရရှိသေးပေ။

    ထို့အပြင် ပြီးခဲ့သည့်အောက်တိုဘာ (၂၁) ရက်နေ့တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက်ရွာအနီး ပြန်ပေးဆွဲခံခဲ့ရသည့်ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီဝန်ထမ်းများအား လက်နက်ကိုင်ပြန်ပေးအဖွဲ့ထံမှ ငွေများဖြင့်ရွေးယူခဲ့သဖြင့် ယခုအခါပြန်လည်လွတ်မြောက်လာပြီဟု နီးစပ်သူများထံမှသိရသည်။

    မွန်ပြည်နယ်တောင်ပိုင်း မော်လမြိုင်-ရေး-မလွှဲတောင် မော်တော်ကားလမ်းကိုကံထရိုက်ရယူထားသော အေးကိုမိသားစု ဆောက်လုပ်ရေးကုမ္မဏီလီမိတက် လမ်းပြုပြင်ရေးအလုပ်စခန်းတစ်ခုမှ ဝန်ထမ်း (၄) ဦးတို့အား ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တစ်ဦးလျှင်ငွေ (၁၀) သိန်းတောင်းခံခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

    မွန်ပြည်နယ်အချို့ဒေသတွင် လက်နက်ကိုင်အဖွဲ့များမှ ဆက်ကြေးတောင်းခံခြင်းနှင့် ပြန်ပေးဆွဲခြင်းများသည် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး ပျက်ပြားပြီးနောက်ပိုင်းတွင် ပိုမိုိုဖြစ်ပေါ်လာသည်ဟု လေ့လာသူများသုံးသပ်ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts