Tuesday, March 17, 2026
More
    spot_img
    Homeသတင်းသထုံတွင် PDF ဆိုပြီး လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

    သထုံတွင် PDF ဆိုပြီး လူငယ်နှစ်ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အနန်းပင်ကျေးရွာအုပ်စု အင်းကွဲကျေးရွာနေ လူငယ်နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စွပ်စွဲချက်ပြီး စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    စက်တင်ဘာ ၂၃ ရက်နေ့ ညနေ ၅ နာရီခန့်ကက ထောင်မှူးကျေးရွာ သထုံ-ဘားအံကားလမ်းပေါ်တွင် စစ်ကောင်စီလက်အောက်ခံ စစ်တပ်နှင့် ရဲပူးပေါင်းတပ်ဖွဲ့တို့က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုလုပ်ဆောင်နေစဉ် သထုံဘက်မှ ဘားအံဘက်သို့ မောင်ဝင်းထိုက်စိုးနှင့် မောင်စိုးမိုးထွန်းဆိုသည့် လူငယ်နှစ်ဦး စီးနင်းမောင်းနှင်လာသည့် ဆိုင်ကယ်ကို စစ်ကောင်စီပူးပေါင်းတပ်တို့က ရပ်တန့်စစ်ဆေးခဲ့သည်။

    ထိုသို့ရပ်တန့်စစ်ဆေးစဉ် ဖုန်းအတွင်း ပျောက်ကျားဝတ်စုံနှင့် လက်နက်ကိုင်ထားသည့် ဓာတ်ပုံ တွေ့ရှိသည်ဆိုသည့်အကြောင်းပြချက်ဖြင့် လူငယ်နှစ်ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

    စစ်ကောင်စီထောက်ခံ တယ်လီဂရမ်ချန်နယ်များမှာတော့ မောင်ဝင်းထိုက်စိုးနှင့် မောင်စိုးမိုးထွန်းတို့နှစ်ဦးသည် တံတားမိုင်းခွဲဖောက်ခွဲမှုဖြစ်စဉ်များတွၚ် ပါဝင်သည့် PDF တပ်ဖွဲ့ဝင်များဖြစ်သည်ဆိုပြီး ရေးသားဖော်ပြထားသည်။

    သို့သော်လည်း ဒေသခံတို့က မောင်ဝင်းထိုက်စိုးနှင့် မောင်စိုးမိုးထွန်းတို့သည် သာမာန်အရပ်သားလူငယ်များသာဖြစ်ပြီး စစ်ကောင်စီတပ် စွပ်စွဲသလို PDF တပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ ပြောသည်။

    လက်ရှိတွင် ဖမ်းဆီးခံထားရသည့် လူငယ်နှစ်ဦးကို သုဓမ္မဝတီနယ်မြေရဲစခန်းတွင် စစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကလည်း သထုံဘက်မှ ကမာစိုင်ကျေးရွာဘက်ကို ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်နှစ်ဦးကိုလည်း PDF စွပ်စွဲပြီး စစ်ကောင်စီတပ်တို့က ဖမ်းဆီးခဲ့သေးကြောင်း သိရသည်။

    လတ်တလောတွင် သထုံမြို့နယ်အတွင်း ဗုံးပေါက်ကွဲမှုတွေ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် မြို့အဝင်အထွက်နေရာများ၊ စစ်ဆေးရေးဂိတ်တို့တွင် လုံခြုံရေးတင်းကြပ်ထားသည့်အပြင် ဖမ်းဆီးမှုတွေလည်း များပြားနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

    မွန်ပြည်နယ်အတွင်း သထုံခရိုင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် လတ်တလော PDF နှင့် ဆက်သွယ်သည်ဆိုပြီး စစ်ကောင်စီတပ်တို့က လူမှုကူညီရေးအသင်းဝင်တွေ သာမာအရပ်သားပြည်သူတွေကို ဆက်တိုက်ဖမ်းဆီးလာနေပြီး ရက်သတ္တပတ်အတွင်းမှာ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံထားရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks