spot_img
Thursday, June 19, 2025
More
    spot_img
    Homeသတင်းစစ်ကာင်စီ၏ ပြည်သူ့လုံခြုံရေးအစီအစဉ် ပြည်သူနှင့်ရပ်ကျေးထွေအုပ်တို့ကို ကြားညှပ်အောင်လုပ်ဆောင်နေ

    စစ်ကာင်စီ၏ ပြည်သူ့လုံခြုံရေးအစီအစဉ် ပြည်သူနှင့်ရပ်ကျေးထွေအုပ်တို့ကို ကြားညှပ်အောင်လုပ်ဆောင်နေ

    -

    စစ်ခေါင်းဆောင်မှ ရပ်ကွက်၊ မြို့နယ်အဆင့်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအစီစဉ်ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ပေးခြင်းသည် ပြည်သူနှင့် ရပ်ကျေးထွေအုပ်တို့ကို ကြားညှပ်အောင်လုပ်ဆောင်နေသည်ဟု တော်လှန်ရေးအင်အားစုတို့က ပြောဆိုလိုက်သည်။

    စစ်ရေးအရေးနိမ့်ပြီး နယ်မြေဆုံးရှံးသွားရသည့် စစ်ကောင်စီမှ ၎င်း၏တပ်အင်အားကို အသုံးမပြုလို၍ ပြည်သူ့လုံခြုံရေးဟု ခေါင်းစဉ်တပ်ပြီး၊ မိမိတို့၏အကျိုးစီးပွားကို ကာကွယ်ရန် မြို့နယ်ကြီးကြပ်ရေးအဖွဲ့မှတစ်ဆင့် ရပ်ကျေးထွေအုပ်များကို ဖိအားပေးလာနိုင်သည်ဟု တော်လှန်ရေးအင်အားစုအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “သူတို့အာဏာတည်တံ့ခိုင်မြဲရေးနဲ့ သူတို့အကျိုးစီးပွားအတွက်ကာကွယ်ဖို့ အင်အားလျော့နည်းလာတဲ့ စစ်ရှုံးနေတဲ့သူတို့ရဲ့တပ်တွေကို စစ်မှူးထမ်းမနေရဥပဒေနဲ့ပြဌာန်းပြီးတော့အခုတစ်ခါ မြို့နယ်ကြီးကြပ်ရေး အဖွဲ့ကနေတစ်ဆင့် ရပ်ကျေး ထွေအုပ်တွေကိုဖိအားပေးပြီး လူတွေစုခိုင်းပြီးတော့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နှင်းရေးအဖွဲ့ပြည်သူတွေကကြားညှပ်သွားအောင်လုပ်တာပဲတစ်ဖက်လှည့်ပြီးစစ်မှူးထမ်းခိုင်းတယ်ပေါ့နော်၊ ပြည်သူတွေကတော့ဘေးကျပ်နံကြပ်ဘယ်လိုပဲဖြစ်နေပါစေ၊ သူတို့ကိုထောက်ခံတဲ့သူအချို့နဲ့ နားကြားကောင်းအောင်ခေါင်းစဉ်ပြတယ်၊ တကယ်ကသူတို့မရှိရင်ပိုလုံခြုံပါတယ် ”ဟု ၎င်းကဆိုသည်။

    လက်ရှိတွင်ပြည်သူ့လုံခြုံရေးအတွက် အသက် ၃၅ နှစ်မှ ၆၀ အကြားရှိ ကျန်းမာသန်းစွမ်းသည့်အမျိုးသားများကို လက်နက်တပ်ဆင်ပေးပြီး တာဝန်ထမ်းဆောင်နိုင်ရန် စစ်ကောင်စီမှ စုဖွဲ့လျက်ရှိကြောင်း သတင်းထွက်ပေါ်နေသည်။

    ထို့အပြင် ပြည်သူ့လုံခြုံရေးအစီစဉ်ဖြင့် ဒေသခံအချို့ကို တစ်ရက်လျှင် ၈၀၀၀ ကျပ်ပေးဆောင်ကာ စစ်ယူနီဖောင်းဝတ်ဆင်စေပြီး ညဘက် ကင်းလှည့်စေခိုင်းမှုတို့ လုပ်ဆောင်နေသည်ဟု မော်လမြိုင်မြို့ခံ အမျိုးသားတစ်ဦးကပြောသည်။

    “တပ်ဆင်ပေးပြီးတော့မြို့ထဲမှာအင်အားဖြန့်ပြီးကင်းလှည့်နေတယ်။ နေ့ဘက်ကျရင်ဘာမှမလုပ်ရဘူး၊ ညဘက်ကျ ယူနီဖောင်းဝတ်သေနတ်ကိုင်ကားတွေနဲ့လှည့်လောဆယ်ကတော့အဲ့လိုလုပ်ခိုင်းတယ်၊ရှေ့တန်းတော့မပို့သေးဘူး၊ အတင်းအဓမ္မယူထားထက်မက်လုံးပေးပြီးလုပ်နေတာပေါ့၊ တစ်ရက်ကို ၈၀၀၀ နဲ့ပေးနေတာအလုပ်လက်မဲ့တွေ မူးရမ်းကားသူတွေဆို အိမ်ကထည့်ပေးလိုက်တယ်လေ ” ၎င်းကပြောသည်။

    ထို့ကြောင့် ပြည်သူများသဘောဆန္ဒမပါဘဲ လက်နက်ကိုင်၊ တိုက်ပွဲဝင်ရမည့်အခြေအနေတွင် တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် တော်လှန်ရေးအတွက် တစ်မျိုးတစ်ဖုံးအသုံးဝင်မည့်နည်းနာပရိယာယ်သုံးပြီး စည်းရုံးမှုလုပ်ဆောင်သင့်ကြောင်း မွန်ပြည်တော်လှန်ရေးတပ် MSRF မှ နိုင်နဂါးကပြောသည်။

    “ပြည်သူတွေကအိုးအိမ်ပစ်၊စီးပွားပစ်မထွက်ခွာနိုင်ရင်တော့ သူတို့ရဲ့ဖိအားပေးမှုကိုဆန့်ကျင်ဖို့က နည်းနည်းခက်မယ်၊ သူတို့စီစဉ်တာတစ်ကယ်ဖြစ်လာရင်တော့ ကျတော်တို့ဘက်ကလည်း အထူးသတိထားပြီး ဆောင်ရွက် သွားရမှာပဲလို့ပြောချင်တယ်။ဘာလို့ဆိုသူတို့ဆန္ဒမပါဘဲ မလွန်ဆန်နိုင်လို့လက်နက်ကိုင်ခိုင်း တိုက်ပွဲဝင်ခိုင်းတာဆိုတော့ ရှင်းလင်းမဲ့အစား ဒီလူတွေကိုတော်လှန်ရေးအတွက် တစ်မျိုးတစ်ဖုံအသုံးပြုနိုင်ဖို့ ပရိယာယ်တွေစီမံကိန်း တွေချထားရမယ် ” ဟု ၎င်းကဆိုသည်။

    လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးဗဟိုကြီးကြပ်ရေးအဖွဲ့ကို ၂၀၂၄ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင်ဖွဲ့စည်းလိုက်သည်ဟု စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

    ယင်းအဖွဲ့တွင် စစ်ကောင်စီ၏ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီဲးက ဥက္ကဌအဖြစ်တာဝန်ယူပြီး ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒုတိယဥက္ကဌ ၁၊ ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ဒုတိယ ဥက္ကဌ ၂ နှင့် ဥက္ကဌက တာဝန်ပေးအပ်သူက အတွင်းရေးမှူးအဖြစ်ပါဝင်ဖွဲ့စည်းထားသည်ဟု သိရသည်။

    အဆိုပါ အစီစဉ်ကို ပေါင်မြို့နယ်၊ မုတ္တမ၊ ဇင်းကျိုက်၊ မုဒုံ၊ ချောင်းဆုံတို့တွင် စည်းရုံးမှု ပေါ်ပေါ်တင်တင်လုပ်ဆောင်နေပြီး တော်လှန်ရေးအင်အားစုလှုပ်ရှားမှုကောင်းသည့် သံဖြူဇရပ်နှင့်ရေးမြို့နယ်တွင် စည်းရုံးရေးကိစ္စ အကောင်အထည်ဖော်ရန်ခက်ခဲမည်ဟု စစ်ကောင်စီနှင့်နီးစပ်သူတို့က ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    35,400SubscribersSubscribe
    spot_img

    Latest posts